၁။ မကောင်းသည့် အမူအကျင့်များ ရှောင်ကြဉ်ပါ။
– ဆေးလိပ်မသောက်ပါနှင့်။
– အရက်မသောက်ပါနှင့်။
၂။ ကောင်းစွာ အိပ်စက်အနားယူပါ။
ရှေးပညာရှိများ ဆိုစကားရှိခဲ့၏။ ယောကျာၤးတစ်ဦးအတွက် ၆ နာရီ၊ မိန်းမတစ်ဦးအတွက် ၇ နာရီနှင့် အရူးတစ်ယောက်အတွက် ၈ နာရီ အိပ်ချိန်လိုအပ်ပါသည်။ သို့သော် ကောင်းစွာအိပ်စက် အနားယူနိုင်ရန်လည်း အရေးကြီးပါသည်။
၃။ ကိုယ်လက်လှုပ်ရှားမှု ပြုဆောင်ပါ။
နှလုံးခုန်နှုန်းကို မိနစ်၃၀ ကြာ မြင့်နေစေမည့် လေ့ကျင့်ခန်းတစ်ခုလုပ်ပါဟု ဆိုသည်။ လမ်းလျှောက်ခြင်း သည်လည်းကောင်း၊ ဓာတ်လှေကား၊ စက်လှေကားများမသုံးဘဲ လှေကားမှ ဆင်းတက်ခြင်းသည် လေ့ကျင့်ခန်း တစ်မျိုးဖြစ်၏။
၄။ အစားအသောက်ကို ဆင်ဆင်ခြင်ခြင် စားသုံးပါ။
အစားအစာကို သင့်တင့်လျောက်ပတ်စွာ စားသုံးရပါမည်။ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်၏ မျှတသော အာဟာရကိုသာ စားသုံးသင့်၏
၅။ စိုထိုင်းမှုကို ဂရုပြုပါ။
စိုထိုင်းမှုသည် အရေးပြားခြောက်သွေ့ ပျက်ယွင်းမှုကို ကာကွယ်နိုင်သည့် အဓိက လက်နက်ကောင်း ဖြစ်သည်။ အရေပြားခြောက်သွေ့မှုကို အမြဲဂရုစိုက် ဆင်ခြင်နေထိုင်ရန် လိုအပ်ပါသည်။
၆။ နေရောင်ခြည်ထိတွေ့မှု မများပါစေနှင့်။
အရေပြားသည် နေရောင်ခြည်ကို အသုံးပြု၍ ဗီတာမင်ဒီကို တည်ဆောက်ပေးသည်။ သို့သော် နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့မှုခံရပါက အရေပြားအတွက် အန္တာရာယ်ရှိနိုင်သည်။ အရေပြားကင်ဆာ သည် နေရောင်ခြည်ထိတွေ့မှုနှင့် ဆက်နွယ်မှုရှိသည်။
၇။ အရေပြား တစ်သျှူးများ အသစ်ဖလှယ်မှုကို အားကူပေးပါ။
အရေပြားတစ်သျှူးများအား အသစ်ဖလှယ်မှုကို အားပေနိုင်သည့် ပစ္စည်းများသည် တန်ဖိုးကြီးမြင့်သည် ဖြစ်သော်လည်း ဝယ်ယူသုံးစွဲသင့်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အရေပြားတစ်သျှူးများ အသစ် တစ်ဖန် ဖြစ်ပေါ်မှုသည် နှေးကွေးလာကြ၏ ဤဖြစ်စဉ်ကို ကောင်းမွန်စေခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ကာကွယ် နိုင်မည်ဖြစ်သည်။
၈။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဖို့လိုသည်။
စိတ်သည် ရုပ်ပြောင်းလဲမှုကို လွှမ်းမိုးနိုင်သဖြင့် စိတ်ပိုင်းဆိုင်ရာနုပျိုမှုသည် ရုပ်ခန္ဓာ၏ နုပျိုမှုကို အားပေးကူညီနိုင်ပါသည်။
၉။ ဖိစီးမှုနည်းပါစေ။
စိတ်ထောင်းကိုယ်ကြေဟူသော စကားရှိ၏။ ဖိစီးမှုသည် ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများကို ဖြစ်စေ တတ်သဖြင့် ဖိစီးမှုနည်းအောင် နေထိုင်တတ်ရန် လိုအပ်ပါသည်။
၁၀။ အဖော်အပေါင်းလိုပါသည်။
တစ်ဦးတစ်ယောက်တည်း အဖော်မဲ့ နေထိုင်းခြင်းထက် အပေါင်းအဖော်ရှိခြင်းသည် နုပျိုလန်းဆန်းမှု အတွက် လိုအပ်မည်ဖြစ်ပါသည်။
Author – ဒေါက်တာဇာနည်