fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ငရုတ်ကောင်း၏ ကျန်းမာရေးအသုံးဝင်ပုံများ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/06/2019
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ငရုတ်ကောင်း၏ ကျန်းမာရေးအသုံးဝင်ပုံများ

ဖာလာ၊ သစ်ကြံပိုး၊ ဇီယာ၊ လေးညှင်း၊ ငရုတ်ကောင်းစတာတွေဟာ ဟင်းချက်ရာမှာ ဟင်းရဲ့အနံ့အရသာတွေကို ပိုကောင်းအောင် ထည့်သုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်ပါတယ်။

အဲ့တာတွေထဲကမှ ငရုတ်ကောင်းဟာ လူသိအများဆုံး အသုံးအများဆုံး ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။

ငရုတ်ကောင်းရဲ့ ပြင်းရှရှအနံ့နဲ့ ပူစပ်စပ်အရသာဟာ ဟင်းတွေ (အထူးသဖြင့် အစပ်ဟင်းတွေ)ကို ပိုပြီး အနံ့အရသာနဲ့ပြည့်စုံစေဖို့ ကူညီပေးနိုင်ပါတယ်။

တကယ်တော့ ငရုတ်ကောင်းဟာ ဟင်းခတ်အမွှေးအကြိုင်တခုထက်ကို ပိုပြီး အသုံးကျပါတယ်။

အာယုဗေဒဆေးပညာရဲ့ တြိကဋုတ် ၃ ပါး လို့ခေါ်တဲ့ ဆေးဖက်ဝင်အစပ်သုံးပါးထဲမှာ ငရုတ်ကောင်းဟာ တပါးအနေနဲ့ပါဝင်ပါတယ်။

ကျန်တဲ့ဆေးဖက်ဝင်အစပ်နှစ်ပါးကတော့ ပိတ်ချင်း နဲ့ ချင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီတပတ်ရဲ့ တိုင်းရင်းဆေးပညာကဏ္ဍာမှာ ဆေးဖက်ဝင်အစပ်တပါးဖြစ်တဲ့ ငရုတ်ကောင်းရဲ့ ကျန်းမာရေးအသုံးဝင်ပုံတွေကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

ငရုတ်ကောင်းကို အင်္ဂလိပ်လို Black pepper လို့ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Piper nigrum Linn ဖြစ်ပြီး မျိုးရင်းကတော့ Piperaceae ဖြစ်ပါတယ်။

ငရုတ်ကောင်းရဲ့မူလပေါက်ရောက်ရာအရပ်ကတော့ အိန္ဒိယ နိုင်ငံ ဖြစ်ပါတယ်။

နှစ်ရှည်ခံနွယ်ပင်မျိုးဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် တောင်ပိုင်းဒေသတွေမှာ စိုက်ပျိုးကြပါတယ်။

ငရုတ်ကောင်းပင်ရဲ့အရွက်တွေဟာ ဘဲဥပုံသဏ္ဍန်ရှိပြီး ရွက်နားညီကာ ရွက်ရင်းလုံးဝန်းပါတယ်။

ပန်းခိုင်အမျိုးအစားအနေနဲ့ကတော့ အောက်သို့ငိုက်ကျနေသော ကြောင်မြီးပန်းခိုင်အမျိုးအစားဖြစ်ပါတယ်။

အပွင့်သေးငယ်ပါတယ်။အသီးအနေနဲ့ကတော့ လုံးဝန်းပြီး တစေ့သီးဖြစ်ပါတယ်။အသီးလေးတွေလည်းသေးငယ်ပြီး တခိုင်မှာအခုရေဆယ်ချီရှိတတ်ပါတယ်။

အသုံးပြုအစိတ်အပိုင်းကတော့ အသီးဖြစ်ပါတယ်။

အသီးကိုအခြောက်လှန်းကာ ကြိတ်ခြင်းဖြင့် ငရုတ်ကောင်းမှုန့်ကို ရရှိပါတယ်။

မရင့်မှည့်မီခူးပြီးအခြောက်လှန်းကြိတ်ပါက ငရုတ်ကောင်းမှုန့်အမည်းရပြီး အသီးမှည့်ကို အခြောက်လှန်းကြိတ်ပါက ငရုတ်ကောင်းမှုန့်အဖြူကိုရရှိပါတယ်။

ငရုတ်ကောင်းမှာ Volatile oil,Piperine,starch and resin စတဲ့ ဓါတုဒြပ်ပေါင်းတွေ ပါဝင်ပြီး ဘက်တီးရီးယားပိုးကိုသေစေနိုင်တဲ့အစွမ်းသတ္တိ၊မန်းနိုင်စေသောအစွမ်းသတ္တိ၊ဝမ်းပျက်ဝမ်းလျှောကိုသက်သာစေသောအစွမ်းသတ္တိ၊အစာအိမ်နဲ့အူလမ်းကြောင်းကိုအထောက်အကူပြုကာ အစာကြေအောင်အထောက်အကူပေးသော အစွမ်းသတ္တိ စတဲ့ အစွမ်းသတ္တိတွေရှိပါတယ။်

ဒါကြောင့် ငရုတ်ကောင်းကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊မီးယပ်နဲ့ပတ်သက်တဲ့ရောဂါ၊အစာမကြေတာ၊ဖျားတာ စတဲ့ရောဂါတွေအတွက် ဆေးဖော်ရာမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။

မြန်မာ့ ဆေးကျမ်းများမှာ ငရုတ်ကောင်းသည်ထက်မြက်၏။ဝမ်းမီးကိုတောက်စေ၏။သည်းခြေကိုဖြစ်စေ၏။လေနဲ့သလိပ်ကို ပယ်ဖျက်တတ်၏။ပန်းနာ၊ထိုးအောင့်ခြင်းရောဂါတွေကိုနိုင်၏။

သွေးဆုတ်၊သွေးပုပ်၊အတွင်းပူသောအနာ၊ဝမ်းလာသောအနာ၊ဝမ်းချုပ်သောအနာ၊မီးယပ်အတွင်း ချွေးမထွက်သောအနာ၊ဝမ်းကိုက်၊လေသလိပ် သွေး သည်းခြေ တို့နဲ့ ယှဉ်သောအနာ တွေကို နိုင်၏ ဟု ငရုတ်ကောင်းရဲ့အစွမ်းတွေကိုရေးသားဖော်ပြထားပါတယ်။

သုတေသနပြုလေ့လာထားချက်တွေအရလည်း

ငရုတ်ကောင်းဟာ အစာခြေအင်ဇိုင်းနဲ့အစာခြေရည်တွေကိုများများထွက်စေတဲ့အတွက် အစာခြေစနစ်ကိုအားကောင်းစေကြောင်း

အန်တီအောက်ဆီးဒန့် ဓါတ်တွေပါတဲ့အတွက် ကိုယ်ခံအားစနစ်ကိုလည်းအထောက်အကူပြုနိုင်ကြောင်း

ငရုတ်ကောင်းမှာပါတဲ့Piperineဓါတ်ဟာကင်ဆာရောဂါမဖြစ်စေဖို့ ကြိုကာကွယ်ပေးတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့selenium, curcumin,beta-caroteneနဲ့vitaminB တို့ကို စားလိုက်တဲ့အစားအသောက်တွေထဲကနေစုပ်ယူခြင်းကို ပိုပြီးအားကောင်းစေတဲ့အတွက် ကင်ဆာရောဂါကာကွယ်ရာမှာအထောက်အကူပြုနိုင်ကြောင်း

သွေးပေါင်ချိန်ကျဖို့နဲ့ကိုယ်အလေးချိန်ကျဖို့ အတွက်လည်းအထောက်အကူပြုကြောင်း သိရပါတယ်။

အိမ်တွင်းသုံးဆေးမြီးတိုအသုံးအနေနဲ့ သိသလောက်ပြောရရင်တော့

အအေးမိနှာစေးဖျားနာချွဲကြပ်တာတွေအတွက်

ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်းနှစ်ဇွန်းနဲ့ပျားရည်စားပွဲတင်ဇွန်းနှစ်ဇွန်းကိုရောကာ ရေနွေးပူပူနဲ့ဖျော်ပြီး သောက်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။

ချောင်းခြောက်ဆိုး၊ချောင်းအဆက်မပြတ်ဆိုးတာတွေဖြစ်ပါက ငရုတ်ကောင်းအမှုန့်ကိုပျားရည်နဲ့ရောစပ်ပြီးလျက်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။

(မှတ်ချက်။ ။ တနှစ်အောက်ကလေးငယ်တွေနဲ့တော့ လုံးဝမသင့်တော်ပါ။)

နှာခေါင်းသွေးယိုတဲ့အခါ

နွားနို့တဖန်ခွက်တွင်ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်းတဝက်ခန့်ထည့်ဖျော်ကာတိုက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။

လေထိုးလေအောင့်ဖြစ်တာ၊အစာအိမ်နာတာတွေအတွက် ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနဲ့ရောပြီး လျက်ပေးပါက သက်သာနိုင်ပါတယ်။

နို့တိုက်မိခင်တွေနို့ထွက်နည်းတာအတွက်လည်း ဒန့်သလွန်ဟင်းခါး၊ရှားစောင်းလက်ပတ်ဟင်းခါးစတဲ့ နို့ထွက်အထောက်အကူပြုအောင်တိုက်တဲ့ဟင်းခါးတမျိုးမျိုးထဲမှာ ငရုတ်ကောင်းနိုင်နိုင်ခပ်ကာ တိုက်ခြင်းဖြင့် နို့များများထွက်စေနိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

Previous Post

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါအကြောင်း သိကောင်းစရာ

Next Post

ဆေးနဲ့ မတည့်တဲ့ဆေး ၊   ဆေးနဲ့  မတည့်တဲ့အစာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးနဲ့ မတည့်တဲ့ဆေး ၊   ဆေးနဲ့  မတည့်တဲ့အစာ

လူသုံးများလာတဲ့ ရာသီခံခွက် (Menstrual cup) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

ပူပြင်းလှတဲ့နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှကာကွယ်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.