fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ
သွေးအတွင်းအဆီဓာတ်နည်းအောင်လုပ်ဆောင်ခြင်းနှင့် ဓာတ်စာ
119
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
(Zawgyi)
Author : Dr. LT
(Unicode)
သွေးအတွင်း အဆီဓာတ်လျော့စေတဲ့လေ့ကျင့်ခန်းမျိုး အစားအစာမျိုး သိချင်ပါတယ်ဆရာ။
ကိုလက်စထရောဟာ အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး အသည်းက ထုတ်လုပ်တယ်။ ဆဲလ်တွေအတွက် အရေးပါအရာရောက်တယ်။ သွေးထဲမှာ ကိုလက်စထရော မြင့်မားနေလို့ ကိုလက်စထရောလျော့အောင် အားကစားလုပ်ခြင်းနဲ့ ကိုလက်စထရောနည်းတဲ့ အစာကျွေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
နှစ်စဉ်ဗြိတိန်နိုင်ငံမှာ လေဖြတ်ခြင်း သို့မဟုတ် နှလုံးရုတ်တရက် တိုက်ခိုက် ခံရခြင်းခံရတဲ့ လူဦးရေ ၂၀၀၀၀၀ မှာ ၆၀ရာခိုင်နှုန်းဟာ သွေးအတွင်း ကိုလက်စထရော မြင့်တက်ခြင်းနဲ့ ဆက်စပ်လျက်ရှိတယ်။
သွေးအတွင်း ကိုလက်စထရော သိပ်သည်းဆမြင့်သော အဆီ (High Density Lipoprotein) နဲ့ သိပ်သည်းဆနည်းသောအဆီ (Low Density Lipoprotein)  လို့ခွဲခြားနိုင်တယ်။  HDL ဟာ ကောင်းတဲ့အဆီဓာတ်ဖြစ်လို့ သွေးထဲမှာရှိဖို့ လိုအပ် တယ်။ သိပ်သည်းဆနည်းတဲ့ ကိုလက်စထရောဟာ     သွေးအတွင်းမှာ မြင့်မားနေရင် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း ခံရတာတွေ ဖြစ်စေတယ်။ မကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့ LDL မြင့်မားခြင်းကို လျှော့ချရမယ်။
စုစုပေါင်းအဆီဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းမှာ ၄၀ ရာခိုင်နှုန်းဟာ HDL ဖြစ်တယ်။ သိပ်သည်းဆ အလွန်နည်းသော အဆီတစ်မျိုးဟာ မကောင်းတဲ့ အဆီဓာတ်     ဖြစ်တယ်။ ပုံမှန်အားဖြင့် သွေးအတွင်းရှိ စုစုပေါင်းအဆီဓာတ်ဟာ ၃၀မှ၅၀မီလီဂရမ်ရာခိုင်နှုန်းသာ ရှိရမယ်။ ဒီထက်များရင် နှလုံးရောဂါဖြစ်စေတယ်။ လျော့နည်းရင်လည်း အသည်း လုပ်ငန်းတွေကောင်းစွာမလုပ်နိုင်လို့ ခန္ဓာကိုယ်က အစားအသောက်ကို လက်မခံနိုင်တဲ့ အမည်ဖော်ရခက်တဲ့ ရောဂါ တစ်မျိုးနဲ့   လည်း ပတ်သက်နိုင်တယ်။ သွေးအတွင်းမှာ အဆီဓာတ်မြင့်တဲ့အခါ အသည်းက မကောင်းတဲ့ အဆီဓာတ်ကို မဖျက်ဆီးနိုင်ပါဘူး။ အသည်းကို အစဉ်အမြဲ ကျန်းမာစေဖို့ ထိန်းသိမ်းထားသင့်ပါတယ်။
လူတချို့မှာ မျိုးရိုးဗီဇအရ အဆီဓာတ်လျော့နည်းတဲ့ အစားအသောက်တွေ စားပေမယ့်လည်း သွေးအတွင်းမှာ အဆီဓာတ်ကပုံမှန်အတိုင်း ရှိကြတယ်။
ဝက်ဆီ၊ ဝက်သားနဲ့ ပြည့်ဝဆီများတဲ့ အစားအစာကို လျှော့နိုင်သမျှ လျှော့စားခြင်းဟာ အရေးကြီးတယ်။ ပြည့်ဝဆီများဟာ LDL မြင့်မားပြီး ပျော်ဝင် အမျှင်ဓာတ် နည်းစေတယ်။
သွေးအတွင်းအဆီဟာ အသက် ၁၀ နှစ်အရွယ်မှာပင် သွေးကြော ပိတ်ဆို့ နိုင်တယ်။ ကျန်းမာတဲ့ အစားအသောက်ကို စားသုံးပေမယ့် သွေးအတွင်း အဆီဓာတ် တောက်လျှောက်မြင့်မားနေရင် သိုင်းရွှိုက်လုပ်ငန်း ကျဆင်းခြင်းနဲ့ ပတ်သက် နေပါတယ်။
ရှောင်ကြဉ်သင့်တဲ့အစာများမှာ ဝက်သား၊ ဝက်ဆီ၊ ဝက်အူချောင်း၊ အစာသွတ်မုန့်များ၊ ဒိန်ခဲ၊ ထောပတ်၊ ကြက်သားအရေခွံ၊ ရေခဲမုန့်၊ မလိုင်ပါတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ လျှော့စားရမယ်။ သကြားဓာတ်လျှော့စားရမယ်။ ခန္ဓာကိုယ်မှာ ချေဖျက်ရန် ခက်ခဲတဲ့အဆီအဖြစ်သို့ ပြောင်းလဲတတ်လို့ သကြားဓာတ်လွန်ကဲတဲ့ အဖျော်ယမကာများ၊ အရက်၊ ဘီယာ လျှော့ရမယ်။ ဆေးလိပ်နဲ့ ကွမ်းဖြတ်ရမယ်။ ကော်ဖီကြမ်းသောက်ရမယ်။
စားသုံးသင့်တဲ့အစာများကတော့ အမျှင်ဓာတ်များတဲ့ အုတ်စပါး၊ နှမ်း၊ မြေပဲ၊ နေကြာဆီ စတဲ့ မပြည့်ဝဆီနဲ့ စီမံထားတဲ့ထမင်းနဲ့ဟင်းစားနိုင်တယ်။ ပန်းသီး ပိုစား သင့်တယ်။ ပင်လယ်ငါးစားသင့်တယ်။ ကြက်သွန်ဖြူဟာ LDL လျော့နည်းစေလို့ စားသုံးသင့်တယ်။ သက်သက်လွတ်စားရင် သွေးအတွင်း အဆီဓာတ်   လျော့နည်း စေတယ်။ ပဲအမျိုးမျိုး၊ ထောပတ်နဲ့ ပဲနီလေးတို့မှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပိုမို ရှိနိုင်တယ်။ ကြက်ဥအကာ စားနိုင်တယ်။ အဆီနဲ့ မလိုင်ထုတ်ထားတဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေ စားသင့်တယ်။ ပဲအမျိုးမျိုး စားသုံးသင့်တယ်။ အစာနည်းနည်းနဲ့ အကြိမ် များများ စားသုံးသင့်တယ်။ အိပ်ရေးမပျက်သင့်၊  နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း လုပ်ရပါမယ်။
Author : Dr. LT
Previous Post
အိပ်မပျော်သူများ သတိထားရန်အချက်များ
Next Post
ကွန်ဒုံး (Condom)
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
127
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1.1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
611
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကွန်ဒုံး (Condom)
တီဘီရောဂါကင်းဝေးဖို့နှင့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့
ဧပြီလ ၁ ရက်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့ကြေးရတော့မယ်
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.