fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကွန်ဒုံး (Condom)

252
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကွန်ဒုံးကိုစတင်ခေါ်ဝေါ်သုံးစွဲစဉ်က နားမယဉ်သေးသဖြင့် ရိုင်းသလိုခံစားမိသည်။ ယခင်တစ်ချိန်ကဆို လျှင်ကွန်ဒုံးဝယ်ခြင်းနှင့် ကွန်ဒုံးအသုံးပြုခြင်းကိုပင် ရှက်စရာကိစ္စတစ်ရပ်အဖြစ် လက်ခံထားခဲ့ကြသည်။ ထို့ ကြောင့်ကွန်ဒုံးဝယ်ခြင်းနှင့် သုံးခြင်းတို့ကိုပေါ်ပေါ်ထင်ထင်မပြုရဲကြပေ။ ယနေ့အချိန်တွင် ကြောက်စရာကောင်း သောခုခံစွမ်းအားကျကူးစက်ရောဂါ HIV/AIDS ပေါ်လာသောအခါ ကွန်ဒုံးသည်မလွှဲမရှောင်သာရှေ့တန်း ရောက်လာသည်။ သားဆက်ခြားစီမံကိန်းအတွက်အလွယ်ကူဆုံး နည်းလမ်းတစ်ခုဖြစ်သဖြင့် ကွန်ဒုံးသုံးစွဲမှုတွင် ကျယ်လာသည်ဟုဆိုနိုင်သည်။ ယနေ့လူငယ်များ၊ လူကြီးများအကြား “အဖော်”ဟုဆိုလျှင် ကွန်ဒုံးကိုရည်ညွှန်း မှန်းသိထားကြပြီးဖြစ်၏။

ကွန်ဒုံးကို သန္ဓေတားရန်အတွက် ကမ္ဘာအဝှမ်းသုံးစွဲလာခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကွန်ဒုံးသည် သန္ဓေတားနည်းများစွာအနက် ဆိုးကျိုးကင်းသောနည်းတစ်ခုဖြစ်သည်။ တစ်ချိန်းတည်းမှာပင် လိင်ဆက်ဆံမှုမှ တစ်ဆင့်ကူးစက်တတ်သောရောဂါများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးသွားနိုင်သည်။ ကွန်ဒုံးအသုံး ပြုရာတွင် နည်းစနစ်မှန်ကန်ဖို့လိုအပ်သည်။ တင်းမာနေသော အင်္ဂါအားအံ့ဝင်ခွင်ကျရှိရပါမည်။ လေခိုနေခြင်းမရှိ ရပါ။ ထိပ်၌သုက်ရည်အတွက် နေရာရှိရာ၊ ထိုနေရာ၌လည်းလေခိုနေခြင်း မရှိစေရပါ။ ဆက်ဆံပြီးချိန်တွင်လိင် အင်္ဂါပြန်ထုတ်ရာ၌လည်း သုက်ရည်များဖိတ်လျှံမထွက်စေရန် ဂရုစိုက်ဖို့လိုအပ်သည်။ ကွန်ဒုံးကို တစ်ကြိမ်သုံးပြီး စွန့်ပစ်ရမည်။ ပြန်လည်အသုံးမပြုရပါ။

သန္ဓေတားရာတွင်ကွန်ဒုံးကို အသုံးပြုခြင်းနှင့်သုက်ပိုးသေဆေး (Spermicidal Jelly) ကိုလည်းတွဲဖက် အသုံးပြုရပါမည်။ ၎င်းအားအသုံးပြုခြင်းဖြင့် ပိုမိုထိရောက်ပြီးစိတ်ချရသည်။ ကွန်ဒုံးအသုံးပြုခြင်းသည်သန္ဓေတား ရာတွင်ထိရောက်မှု (အကျိုးသက်ရောက်မှု) ၉၇-၉၈ ရာခိုင်နှုန်းထိရှိသည်။ ၂ မှ ၃ ရာခိုင်နှုန်းကိုယ်ဝန်ရရှိမှုမှာ လည်းသုံးစွဲမှုနည်းစနစ်မှန်ကန်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရသည်။
ကွန်ဒုံး၏အားသာချက်များ
အလွယ်တကူရရှိနိုင်သည်။
စိတ်ချရပြီးဈေးနှုန်းသက်သာသည်။
အသုံးပြုရာတွင်လွယ်ကူသည်။ ကိုယ်တိုင်အသုံးပြုနိုင်ပါသည်။ နည်းစနစ်မှန်ဖို့သာလိုသည်။ အကူအညီ မလိုအပ်ပေ။
ဘေးထွက်ဆိုးကျိုးမရှိပါ။
လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ရောဂါများကိုလည်းအတိုင်းအတာ တစ်ခုအထိကာကွယ် ပေးနိုင် သည်။
ကွန်ဒုံး၏အားနည်းချက်များ
မတော်တဆပြုတ်ထွက်၊ ကျွတ်ထွက်သွားတတ်သည်။
မတော်တဆပေါက်ပြဲသွားနိုင်သည်။
လိင်ဆက်ဆံရာတွင် အာရုံခံစားမှုလျော့နည်းစေသည်။

ကွန်ဒုံးဆိုလျှင် အမျိုးသားလိင်အင်္ဂါစွပ်ဟုသာ တချို့သိထားကြသည်။ အမျိုးသမီးကွန်ဒုံးများလည်း ရှိသေး သည်။ ပေါ်လီယူရီသင်း Polyurethame နှင့်ထုတ်လုပ်ထားသော အိတ်ငယ်လေးဖြစ်သည်။ သားမွေးလမ်း ကြောင်းတစ်လျောက်ကပ်နေအောင် ပုံစံထုတ်ဖန်တီးထားသည်။ အိတ်၏ထိပ်ပိုင်းတွင် သားအိမ်ဝနှင့်အံ့ဝင် ခွင်ကျဖြစ်စေမည့်ကွင်းပါသည်။ အမျိုးသားကွန်ဒုံးကဲ့သို့ သန္ဓေတားရန်နှင့်လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက် ရောဂါများကာကွယ်ရန်အသုံးပြုနိုင်သည်။
ကွန်ဒုံးအသုံးပြုနည်း
ကွန်ဒုံးအိတ်ကိုဖောက်ရာ၌ အတွင်းရှိကွန်ဒုံးပျက်စီးယိုယွင်းမှုမရှိအောင် ဂရုစိုက်ပါ။
ကွန်ဒုံးထိပ်၌ လေခိုအောင်းမနေစေရန်ဖိသွင်းပါ။
တင်းမာနေသောလိင်အင်္ဂါအားထိပ်ပိုင်းမှစပြီး နောက်သို့စွပ်ချပေးပါ။
သုက်လွှတ်ပြီးနောက် လိင်အင်္ဂါတင်းမာမှုလျော့မသွားမီ လိင်အင်္ဂါထုတ်ယူပါ။ လိင်အင်္ဂါပျော့သွားမှ ထုတ်ပါက သုက်ရည်များထွက်ကျခြင်းနှင့် ကွန်ဒုံးအမျိုးသမီးအင်္ဂါ၌ ကျန်ရစ်ခြင်းတို့ဖြစ်နိုင်သည်။
ကွန်ဒုံးကို ဂရုစိုက်ချွတ်ပါ။ ချည်နှောင်ပြီးမှစွန့်ပစ်ပါ။
ကွန်ဒုံးကိုတစ်ကြိမ်သာသုံးပါ။

Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

သွေးအတွင်းအဆီဓာတ်နည်းအောင်လုပ်ဆောင်ခြင်းနှင့် ဓာတ်စာ

Next Post

တီဘီရောဂါကင်းဝေးဖို့နှင့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
611

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တီဘီရောဂါကင်းဝေးဖို့နှင့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့

ဧပြီလ ၁ ရက်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့ကြေးရတော့မယ်

မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက် စစ်တမ်းပင်မအစီအရင်ခံစာထုတ်ပြန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.