ကျန်းမာရေးအတွက် ဆန်လုံးညိုစားကြမယ်
– “ငါကထမင်းဆို စီးစီးထွေးထွေးလေး အိနေမှ စားတတ်တာ.. ဒီလို ကြက်ဆီထမင်းဆန်မျိုး အရမ်းကြိုက်တာ”
ဟိုတလောက သူငယ်ချင်းမတစ်ယောက်နဲ့ အလှူတစ်ခုမှာတွေ့ပြီး စပ်မိဆက်ရာ ထွေရာလေးပါး ပြောမိကြတယ်..
– “ဒီဆန်တွေ ရှမ်းဆန်တွေ ကောက်ညှင်းတွေ ကစားလို့သာကောင်းတာ မိန်းမရဲ့ တို့မိန်းမသားတွေအတွက်ဆို ရှောင်သင့်တဲ့ထဲမှ ာပါတယ်..”
– “ဟင်ဘုရားရေ.. ဒါမျိုးတော့ မရှောင်နိုင်ဘူးဟဲ့.. ငါတို့အိမ်တွေအကုန် ထမင်းပဲ စားနေကြတာကို.. ဒါမှမစားရင် ဘာသွားစားရမှာလဲ..”
– “ခေတ်နောက်ကျလိုက်တာ ယူရယ်.. ဒီလိုရှိတယ် ခုငါတို့စားနေတဲ့ ထမင်းတွေ ပေါ်ဆန်းမွှေးတို့ ရှမ်းဆန်တို့က အဆီနှစ်ပြည့်ဝတယ် အိအိထွေးထွေးရှိတယ်ပေါ့ဟာ.. အဲ့ထဲမှာ gluten လို့ခေါ်တဲ့ ဓာတ်ပါတယ်.. အဲ့ဓာတ်က အရေပြားအောက်မှာ သွားစုပြီး အဆီစုသလို အသားရေအိအိတုန်တုန်ကြီး ဖြစ်စေတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း ဒီအဆီနှစ်ပြည့်ဝတဲ့ ဆန်တွေစားပြီးရင် လူက သုံးစွဲရမဲ့စွမ်းအင်ပမဏထက် ပိုလျှံအောင်စားထားမိရင် အဆီအဖြစ်နဲ့ သိုလှောင်ထားရော.. အဲ့တော့ ဝလာရတဲ့ အဓိကတရားခံက ဒီ carbohydrate လို့ခေါ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေပေါ့..”
– “ဟဲ့.. အဲ့ဆို စားစရာကကုန်နေပြီပဲ ဘာသွားစားရမှာလဲ??”
– “လာမယ်လေ နေပါဦးဟဲ့ ထမင်းမရှောင်နိုင်တဲ့သူတွေ ဂျုံခေါက်ဆွဲပေါင်မုန့် မရှောင်နိုင်တဲ့သူတွေအတွက် ခုဆို ဆန်ကြမ်း၊ ဆန်လုံးညို၊ ဂျုံကြမ်း ဒါတွေ အလွယ်တကူဝယ်လို့ရနေပြီလေ..”
– “အဲ့ဒါတွေက ငါ့အဖွားဆီချိုရှိလို့ စားနေတာဟ..”
– “အဲ့ဒါပြောတာပေါ့.. တော်တော်များများက ဒါတွေကို ဆီးချိုသမားတွေအတွက်လို့ပဲ ထင်နေကြတာ.. ခုဆို ကျန်းမာရေးလိုက်စားတဲ့သူ၊ အလှပထိန်းသိမ်းတဲ့ သူတွေအားလုံး ထမင်းအိအိထွေးထွေးတွေ ပေါင်မုန့် ဖြူဖြူနုနုညက်ညက်လေးတွေအစား ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့် ဒါတွေပဲ ပြောင်းစားနေကြတာ.. သူတို့က ထမင်းအစားစားရတော့ အာသာလဲပြေတယ်။ အမျှင်ဓာတ်တွေများတော့ အဆီစုတာကို ကာကွယ်ပေးတယ်။ ဝမ်းလည်း မချုပ်တော့ဘူးလေ..”
– “ဒီလိုဆို ငါလည်း နင်ပြောတဲ့ ဆန်လုံးညိုတို့ဘာတို့ စမ်းစားကြည့်ဦးမှပါ..”
-“စားကြည့်ပါအမရေ.. ဆီးချိုသမားပဲ ဒါမျိုးစားရမှာမဟုတ်ဘူး.. လူတိုင်းဒါမျိုးပဲစားရမှာ.. ငါတောင် ငါ့မိသားစုတွေပါ လိုက်စားဖို့ တရားဟောနေရတာလေ..”
Weight လျှော့နေတဲ့သူတွေပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားတဲ့ သူတွေအားလုံး ဆန်လုံးညို၊ ဂျုံကြမ်းစားဖို့ တိုက်တွန်း လိုက်ပါတယ်နော်..
Scarlette (ဆေး၁)