fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သွေး

106
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ကိုစိုးႏိုင္ႏွင့္ လွလွ တို႔တြင္ သားတစ္ေယာက္ရွိသည္။ တစ္ဦးတည္းေသာ သားမို႔လို႔ ကိုစိုးႏိုင္တစ္ေယာက္ သားကို သဲသဲလႈပ္ခ်စ္သည္။ မိန္းမထက္ေတာင္ တစ္ဦးတည္းေသာ သားကို ပိုခ်စ္သည္ဟု ေဘးလူေတြက ေျပာၾကသည္။ သူမ်ားေတြလိုမ်ိဳး ကိုယ္ေတြက သားသမီးေတြ အမ်ားႀကီးရွိတာမဟုတ္။ ေနာက္ကေလးတစ္ေယာက္ေလာက္လိုခ်င္ေပမဲ့လည္း ကုသိုလ္ကံေၾကာင့္ထင္သည္။ ကေလးတစ္ေယာက္ ထပ္မရေတာ့။ တစ္ဦးတည္းေသာ သား စည္သူေလးကို ပင္မိဘႏွစ္ပါး အခ်စ္ပိုၾကသည္။ ကိုစိုးႏိုင္က အညာသားမို႔ အသားညိဳညိဳ။ လွလွက ရန္ကုန္သူမို႔ အသားခပ္လတ္လတ္။ သား ကအေမတူမို႔ လူေခ်ာျဖစ္ သည္။ ကိုစိုးႏိုင္ကိုသာ တူလွ်င္ အညာသား႐ုပ္ထြက္ေနဦးမည္။ သားအမိ သားအဖ ၃ ေယာက္၏ ဘဝကား ေအးခ်မ္းသာယာလွ်က္ရွိ၏။

တစ္ေန႔ ညေန အလုပ္ကျပန္လာေတာ့ သားက ကို စိုးႏိုင္ကို ဆီးေျပာသည္။
“သားသူငယ္ခ်င္းေတြ မွတ္ပုံတင္ေတြလုပ္ေနၾကၿပီ။ သားလည္းမလုပ္ရေသးဘူး”
သားသတိေပးမွ ကိုစိုးႏိုင္တစ္ေယာက္ သားအတြက္ မွတ္ပုံတင္လုပ္ေပးဖို႔သတိရသည္။ ေနာက္အပတ္ထဲ ႐ုံးတြင္ ခြင့္ေတာင္းၿပီး သားကို မွတ္ပုံတင္လိုက္လုပ္ေပးရမည္။ လွလွ ႏွင့္ လႊတ္လိုက္လို႔မျဖစ္။ သားကိစၥကို ကိုစိုးႏိုင္တို႔က ကိုယ္တိုင္လိုက္လုပ္ေပးခ်င္သည္။ သားကိုေနာက္အပတ္ထဲ လိုက္ပို႔ေပးမည္ဟု ေျပာလိုက္ေတာ့ ေက်နပ္သြားသည္။

လွလွကေတာ့ ႐ုံးကေနခြင့္ယူလို႔မရေတာ့ မလိုက္ေတာ့ဘူးလို႔ေျပာသည္။ သားအဖႏွစ္ေယာက္ မွတ္ပုံတင္႐ုံးသို႔ေရာက္လာသည္။ ကေလး၏ ေသြးအမ်ိဳးအစားကို ေမးသည္။ သားကို တစ္ခါမွ ေသြးမစစ္ဖူးလို႔ ဘာေသြးအမ်ိဳးအစားမွန္း ကိုစိုးႏိုင္တစ္ေယာက္မသိပါ။ မိမိေရာ လွလွေရာ B ေသြးအမ်ိဳးအစားဆိုတာကိုေတာ့ သိသည္။ သားကို လက္စြဲ၍ နီးစပ္ရာ ဓာတ္ခြဲခန္းတြင္ ေသြးသြားစစ္သည္။ သား၏ ေသြးက O ေသြးလို႔ ဓာတ္ခြဲခန္းက ေျပာလိုက္သည္။ ကိုစိုးႏိုင္တစ္ေယာက္ ကိုယ့္နားကို ကိုယ္ေတာင္ မယုံၾကည္ျဖစ္သြားသည္။ သား၏ ေသြးအမ်ိဳးအစား က O ေသြးလို႔ေျပာေနသည္။
“ေသခ်ာရဲ႕လား ဗ်ာ။ ေနာက္တစ္ေခါက္ျပန္စစ္ေဆးေပးပါ” လို႔လည္း မေျပာထြက္ခဲ့။ သားလည္း မ်က္ႏွာ ငယ္မည္။ မိမိလည္း သိကၡာ က်မည္။ သားကို   လက္ဆြဲ၍ ေနာက္ ဓာတ္ခြဲခန္းတစ္ခုဆီသို႔သြားခဲ့သည္။ လမ္းတစ္ေလွ်ာက္ ရင္ထဲတြင္ ဗေလာင္ဆူေနသည္။ အထပ္ထပ္အခါခါ ဆုေတာင္းေနမိသည္။  ဓာတ္ခြဲခန္း အေျဖေလး မွားပါေစလို႔။သားသည္ မိမိ၏ သားသာျဖစ္ရမည္။ လက္ထပ္ၿပီးကတည္းက မိမိသည္ လွလွ အေပၚတြင္ သစၥာရွိသည္။ ဘယ္ေသာ္အခါမွ သစၥာမေဖာက္ခဲ့။ လွလွကိုလည္း မိမိလိုပဲ သစၥာရွိသည္ဟု ထင္ခဲ့သည္။ ဓာတ္ခြဲခန္းေနာက္တစ္ခုတြင္ ေနာက္တစ္ေခါက္ ထပ္စစ္ၾကည့္မည္ဆိုေတာ့ သားက ျပန္ေမးသည္။

“ဘာလို႔ေနာက္တစ္ေခါက္ထပ္စစ္တာလဲ”ဟု။
“ပိုေသခ်ာေအာင္လို႔ပါ” လို႔ မုသား သုံးလိုက္ရသည္။
ေနာက္တစ္ႀကိမ္ေသြးေဖာက္တာကို သားက အၿပဳံးမပ်က္ လက္ခံသည္။ ေသြး အေျဖေစာင့္ေနရေသာ တခဏ ကား အခ်ိန္ေတြ ၾကာေညာင္းလိုက္သည့္     ျဖစ္ျခင္း။ သားသည္လည္းအေဖႏွင့္ အေမအတိုင္း B ေသြးပဲျဖစ္ပါေစလို႔ ဆုေတာင္းေနသည္။ B ေသြး အေဖႏွင့္ B ေသြး အေမက ေမြးေသာ ကေလး သည္ B ေသြးသာ ျဖစ္ရမည္။ ကိုစိုးႏိုင္၏ ဆုေတာင္းမ်ားက မျပည့္ေပ။ ေသြး အေျဖစာ႐ြက္ေလးကို ၾကည့္လိုက္သည့္ ခဏတြင္ ကိုစိုးႏိုင္၏ ေမွ်ာ္လင့္ခ်က္မ်ားသည္ ေပ်ာက္ဆုံးသြားသည္။ စာ႐ြက္ေပၚတြင္ ေရးထားသည္က O ေသြး။ ဘဝတြင္ အရာရာ ဆုံးရံႈးသြားသည္ဟု ခံစားလိုက္ရသည္။ သားကို ခ်စ္သည့္ အခ်စ္တို႔ က မေလ်ာ့သြားေပမဲ့လည္း လွလွ အေပၚတြင္ စိတ္နာလာသည္။ ကိုယ္ကေတာ့ခ်စ္လိုက္ရတာ။ သစၥာရွိလိုက္ရတာ။ သူကေတာ့ ကိုယ့္ကို နဖား   ႀကိဳးတပ္ထားသည္။ ခံျပင္းစိတ္၊ နာက်ည္းစိတ္ တို႔ႏွင့္ အတူ ကိုစိုးႏိုင္တစ္ေယာက္ အိမ္သို႔ျပန္လာခဲ့သည္။ အေဖ မ်က္ႏွာပ်က္ေနမွန္း သိေသာေၾကာင့္ သားက စကားတစ္လုံးမွ မေျပာ။ အေဖ အရိပ္အကဲကို သိေသာ သား။ ကိုစိုးႏိုင္ သိပ္ကို ခ်စ္ရေသာ သား။ ကိုယ့္ေသြးကိုယ့္သားမဟုတ္ဘူးဆိုတာကို သိ လိုက္သည့္ အခ်ိန္တြင္ ကိုစိုးႏိုင္တစ္ေယာက္ ေဆာက္တည္ရာမရ။

အိမ္မွာ ထိုင္ရင္း လွလွကို ေစာင့္ေနသည္။ ညေနခင္းေတာ့ ျခင္းေတာင္းေလးဆြဲ၍ လွလွတစ္ေယာက္ ႐ုံးမွ ျပန္လာသည္။ ကိုစိုးႏိုင္ မ်က္ႏွာ မေကာင္းသည္ကို ေတြ႕ေတာ့ 
“ဘာျဖစ္လာတာလဲ” လို႔ေမးသည္။ “ဘာမွ မျဖစ္ပါဘူး။ ညက်မွ မင္းနဲ႔ စကား ခဏေျပာမယ္” လို႔ျပန္ေျပာလိုက္သည္။ သားက ေတာ့     အေမကို တိုးတိုး ေလးကပ္ေျပာေနသည္။ ေဖေဖ တစ္ခုခုကို စိတ္ဆိုးေနတယ္လို႔ ေျပာေနပုံရသည္။ သားအမိႏွစ္ေယာက္ ဘာေတြ တိုးတိုး တိုးတိုး တိုင္  ပင္ေနၾကသည္ မသိ။ ရီသံလိုလို ကလည္း မီးဖိုေခ်ာင္မွေန၍ ခဏခဏ ထြက္လာသည္။ ညဖက္ ထမင္းစားခ်ိန္ၾကေတာ့လည္း ကိုစိုးႏိုင္တစ္ေယာက္        မ်က္ႏွာမေကာင္း။ ထမင္းလည္း စားလို႔မဝင္။ သားကို စာဖတ္ခိုင္းၿပီး လင္မယားႏွစ္ေယာက္ ၿခံထဲ ဆင္းလာၾကသည္။ 
“ဘာျဖစ္ေနတာလဲ ကိုစိုးႏိုင္” လွလွမွ စ၍ ေမးလိုက္သည္။ ကိုစိုးႏိုင္ သက္ျပင္းရွည္ႀကီး တစ္ခ်က္ ခ်လိုက္သည္။ ဘာစကားမွေတာ့ ထြက္မလာေပ။ လွလွ စိတ္မရွည္၍ ေနာက္တစ္ေခါက္ထပ္   ေမးသည္။ 
“ရွင္ ဘယ္သူကို စိတ္မၾကည္မလင္ျဖစ္ေနရတာလဲ။ ရွင္ေျပာမွ ကြၽန္မသိမွာေပါ့။ ေန႔လည္က မွတ္ပုံတင္႐ုံးကေန ဘာျဖစ္လာတာလဲ။”

ကိုစိုးႏိုင္က လွလွကို စိုက္ၾကည့္ေနသည္။ မ်က္လုံးက သိပ္ကို စူးရွလြန္းသည္ဟု လွလွထင္သည္။
“ကြၽန္မကိုသားက အကုန္ေျပာၿပီးၿပီ။ ရွင္ ကေလးကို ေသြးစစ္ေပးတယ္။ ႏွစ္ႀကိမ္ေတာင္စစ္တယ္။ မေသခ်ာမွာစိုးလို႔တဲ့။ ေဆးစစ္တဲ့ အေျဖေတြၾကည့္ၿပီး   ေဖေဖ မ်က္ႏွာ မေကာင္းေတာ့ဘူးတဲ့။ သားကိုလည္း စကား မေျပာေတာ့ဘူးတဲ့။ သားကို ေဖေဖ စိတ္ဆိုးေနတယ္တဲ့။ ကဲ ရွင္းစမ္းပါဦး။ ကေလးကို ဘာလို႔စကားမေျပာရတာလဲ။ ဘာေၾကာင့္ ကေလးကို စိတ္ဆိုးေနရတာလဲ”
ကိုစိုးႏိုင္တစ္ေယာက္ လွလွ၏ ပခုံးႏွစ္ဖက္ကို ဆြဲလွည့္လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားမွ လွလွကို ႏွစ္ကိုယ္ျခားေျပာသည္။ ေဘးလူေတြၾကားသြားမွာကို စိုးရိမ္ေနသည့္ပုံစံမ်ိဳး။

“သားကို မွတ္ပုံတင္လုပ္ေပးဖို႔ သားရဲ႕ေသြး အုပ္စု သိဖို႔လိုတယ္။ ဒါေၾကာင့္ ေသြးသြားစစ္တယ္။ ပထမ ဓာတ္ခြဲခန္းမွာ စစ္တာ အေျဖမမွန္ေလာက္ဘူးထင္လို႔ ေနာက္ထပ္ ဓာတ္ခြဲခန္းတစ္ခုမွာ ေနာက္တစ္ခါထပ္စစ္ၾကည့္တယ္”
“ကေလးက ႏွစ္ခါနာတာေပါ့” လွလွ သားကို သနားစိတ္ႏွင့္ ၾကားျဖတ္ေျပာလိုက္သည္။
“အေျဖႏွစ္ခုစလုံးကအတူတူပဲ။”
“အဲဒါဘာျဖစ္လဲ။ အေျဖတူတူပဲဟာကို” လွလွ စိတ္မရွည္သလိုလိုျပန္ေျပာလိုက္သည္။
“ငါက B ေသြး. မင္းလည္း B ေသြး။ ဟုတ္တယ္ေနာ္”
“ဟုတ္တယ္ေလ။ အဲဒါ ဘာျဖစ္လဲ”
“ေအး သားက O ေသြးျဖစ္ေနတယ္။ မင္းဒီကိစၥကို ဘယ္လိုရွင္းမလဲ”

“ဘာကိုရွင္းရမွာလဲ”
ကိုစိုးႏိုင္တစ္ေယာက္ လွလွအေမးကို ၾကားရေတာ့ ေဒါသ အမ်က္ေထာင္းေထာင္းထသြားပုံရသည္။ လွလွ၏ ပခုံးကို ခပ္ၾကမ္းၾကမ္းဆြဲလႈပ္ရင္း
“မင္း ဘယ္အေကာင္နဲ႔ျဖစ္ၿပီး ဒီကေလးကို ေမြးထားတာလဲ။ ၿပီးမွ ငါ့ကို ကေလးအေဖ နာမည္ခံခိုင္းထားတယ္”
လွလွ ကိုစိုးႏိုင္ကိုၾကည့္၍ မ်က္ရည္ထြက္မတက္ ရယ္ေနေတာ့သည္။ ကိုစိုးႏိုင္တစ္ေယာက္လွလွ၏ မေျပာမဆိုထရယ္သည္ကိုလည္း ေၾကာင္ေတာင္      ေတာင္ျဖစ္သြားသည္။ ကိုယ္ေတြက ေဒါသျဖစ္ေနခ်ိန္ လွလွတို႔က ဟာသတစ္ပုဒ္ကို ၾကားလိုက္ရသည့္အလား ရယ္ေနသည္။ ေလွာင္ေနသည္လို႔ေတာင္ထင္သည္။ 
“မင္းက ဘာလို႔ရယ္ေနရတာလဲ။ ဘာရယ္စရာပါလို႔လဲ။ မင္း႐ူးမ်ားသြားၿပီလား” ကိုစိုးႏိုင္ကေျပာေလ လွလွတစ္ေယာက္ပိုရယ္ေလျဖစ္သည္။

“ရွင့္အျဖစ္က ရယ္စရာႀကီးကိုး”
ကိုစိုးႏိုင္ေဒါသထြက္သြားသည္။ လွလွတစ္ေယာက္ ျပာျပာသလဲႏွင့္
“ကြၽန္မတို႔ႏွစ္ေယာက္ က B ေသြးေနာ္။ သားက O ေသြး။”
“ဟုတ္တယ္”
“B ေသြးမိဘကေန O ေသြးကေလး မေမြးရဘူးလို႔ရွင့္ကို ဘယ္သူေျပာလဲ။”
“ဒါလူတိုင္းသိတယ္”
“အဓိပၸာယ္မရွိတာေတြလာမေျပာနဲ႔။ ရွင္ ၁၀ တန္းတုန္း က ဘာ ဘာသာတြဲယူခဲ့တာလဲ”
“ဝိဇၨာတြဲယူခဲ့တာ”

ကိုစိုးႏိုင္ကို လွလွတစ္ေယာက္ သနားသလိုမ်ိဳးၾကည့္ရင္း
“ကြၽန္မက သိပၸံတြဲယူခဲ့တာေလ။ ဒါေၾကာင့္ ေသြးအုပ္စုေတြအေၾကာင္းနားလည္တယ္။ သင္လည္းသင္ခဲ့ရတယ္။”
“မင္းရွင္းရွင္းလင္းလင္းေျပာကြာ”
“ရွင္တို႔သိတာက အေမက B ေသြး အေဖ က B ေသြးဆိုရင္ ကေလးက Bေသြးပဲျဖစ္ရမယ္လို႔။ ဒါေပမဲ့လည္း ကေလးကO ေသြးျဖစ္ႏိုင္တယ္။ ဒါအျပင္  အေမက A ေသြး အေဖက A ေသြးဆိုရင္လည္း ကေလးက A ေသြးျဖစ္ႏိုင္သလို O ေသြးလည္း ျဖစ္ႏိုင္တယ္ ။ ”
“မင္းဟာ ေသခ်ာလို႔လား ငါ့ကိုလာ႐ြီးမေနနဲ႔ေနာ္” ကိုစိုးႏိုင္တစ္ေယာက္ မယုံသကၤာႏွင့္ မိန္မကို ေျပာလိုက္သည္။

“ရွင္မယုံရင္ လမ္းထိပ္က ဆရာဝန္သြားေမးပါလား။”
ကိုစိုးႏိုင္တစ္ေယာက္ လွလွကို ဘာမ ေျပာညာမေျပာႏွင့္ အိမ္ေပၚမွ ေျပးဆင္းသြားသည္။ ဆရာဝန္ဆီ သြားတာပဲျဖစ္မည္။ လွလွတစ္ေယာက္ ဘာမွ    မတတ္ႏိုင္ပါ။ ကိုစိုးႏိုင္ကို ဆရာဝန္ေလးမွ ေသခ်ာရွင္းျပေပးလိမ့္မည္ဟု ယူဆလိုက္ၿပီး သားငယ္ေလးႏွင့္ TVၾကည့္ရင္း ကိုစိုးႏိုင္ကိုေစာင့္ေနလိုက္သည္။    ေတာ္ေတာ္ေလးၾကာမွ ကိုစိုးႏိုင္တစ္ေယာက္ျပန္လာသည္။ လက္ထဲတြင္ သားအတြက္ မုန႔္ထုပ္ေလးကိုင္လို႔။
“သားသားေလးအတြက္ ေဖေဖ မုန႔္ဝယ္ခဲ့ တယ္” ဆိုၿပီးမ်က္ႏွာလုပ္ေနေသးသည္။ မိန္မကိုလွမ္းၾကည့္ၿပီး 
“ဆရာေလးက ပုံေတြပါေတြနဲ႔ေတာင္ေသခ်ာရွင္းျပလိုက္ေသးတယ္။ ငါအခုမွနားလည္ေတာ့တယ္”
လွလွတစ္ေယာက္ကိုစိုးႏိုင္ကိုမ်က္ေစာင္းတစ္ခ်က္သာထိုးလိုက္ေတာ့သည္။

Author: Dr.ေအးခ်မ္းမိုး

(Unicode)

ကိုစိုးနိုင်နှင့် လှလှ တို့တွင် သားတစ်ယောက်ရှိသည်။ တစ်ဦးတည်းသော သားမို့လို့ ကိုစိုးနိုင်တစ်ယောက် သားကို သဲသဲလှုပ်ချစ်သည်။ မိန်းမထက်တောင် တစ်ဦးတည်းသော သားကို ပိုချစ်သည်ဟု ဘေးလူတွေက ပြောကြသည်။ သူများတွေလိုမျိုး ကိုယ်တွေက သားသမီးတွေ အများကြီးရှိတာမဟုတ်။ နောက်ကလေးတစ်ယောက်လောက်လိုချင်ပေမဲ့လည်း ကုသိုလ်ကံကြောင့်ထင်သည်။ ကလေးတစ်ယောက် ထပ်မရတော့။ တစ်ဦးတည်းသော သား စည်သူလေးကို ပင်မိဘနှစ်ပါး အချစ်ပိုကြသည်။ ကိုစိုးနိုင်က အညာသားမို့ အသားညိုညို။ လှလှက ရန်ကုန်သူမို့ အသားခပ်လတ်လတ်။ သား ကအမေတူမို့ လူချောဖြစ် သည်။ ကိုစိုးနိုင်ကိုသာ တူလျှင် အညာသားရုပ်ထွက်နေဦးမည်။ သားအမိ သားအဖ ၃ ယောက်၏ ဘဝကား အေးချမ်းသာယာလျှက်ရှိ၏။

တစ်နေ့ ညနေ အလုပ်ကပြန်လာတော့ သားက ကို စိုးနိုင်ကို ဆီးပြောသည်။
“သားသူငယ်ချင်းတွေ မှတ်ပုံတင်တွေလုပ်နေကြပြီ။ သားလည်းမလုပ်ရသေးဘူး”
သားသတိပေးမှ ကိုစိုးနိုင်တစ်ယောက် သားအတွက် မှတ်ပုံတင်လုပ်ပေးဖို့သတိရသည်။ နောက်အပတ်ထဲ ရုံးတွင် ခွင့်တောင်းပြီး သားကို မှတ်ပုံတင်လိုက်လုပ်ပေးရမည်။ လှလှ နှင့် လွှတ်လိုက်လို့မဖြစ်။ သားကိစ္စကို ကိုစိုးနိုင်တို့က ကိုယ်တိုင်လိုက်လုပ်ပေးချင်သည်။ သားကိုနောက်အပတ်ထဲ လိုက်ပို့ပေးမည်ဟု ပြောလိုက်တော့ ကျေနပ်သွားသည်။

လှလှကတော့ ရုံးကနေခွင့်ယူလို့မရတော့ မလိုက်တော့ဘူးလို့ပြောသည်။ သားအဖနှစ်ယောက် မှတ်ပုံတင်ရုံးသို့ရောက်လာသည်။ ကလေး၏ သွေးအမျိုးအစားကို မေးသည်။ သားကို တစ်ခါမှ သွေးမစစ်ဖူးလို့ ဘာသွေးအမျိုးအစားမှန်း ကိုစိုးနိုင်တစ်ယောက်မသိပါ။ မိမိရော လှလှရော B သွေးအမျိုးအစားဆိုတာကိုတော့ သိသည်။ သားကို လက်စွဲ၍ နီးစပ်ရာ ဓာတ်ခွဲခန်းတွင် သွေးသွားစစ်သည်။ သား၏ သွေးက O သွေးလို့ ဓာတ်ခွဲခန်းက ပြောလိုက်သည်။ ကိုစိုးနိုင်တစ်ယောက် ကိုယ့်နားကို ကိုယ်တောင် မယုံကြည်ဖြစ်သွားသည်။ သား၏ သွေးအမျိုးအစား က O သွေးလို့ပြောနေသည်။
“သေချာရဲ့လား ဗျာ။ နောက်တစ်ခေါက်ပြန်စစ်ဆေးပေးပါ” လို့လည်း မပြောထွက်ခဲ့။ သားလည်း မျက်နှာ ငယ်မည်။ မိမိလည်း သိက္ခာ ကျမည်။ သားကို   လက်ဆွဲ၍ နောက် ဓာတ်ခွဲခန်းတစ်ခုဆီသို့သွားခဲ့သည်။ လမ်းတစ်လျှောက် ရင်ထဲတွင် ဗလောင်ဆူနေသည်။ အထပ်ထပ်အခါခါ ဆုတောင်းနေမိသည်။  ဓာတ်ခွဲခန်း အဖြေလေး မှားပါစေလို့။သားသည် မိမိ၏ သားသာဖြစ်ရမည်။ လက်ထပ်ပြီးကတည်းက မိမိသည် လှလှ အပေါ်တွင် သစ္စာရှိသည်။ ဘယ်သော်အခါမှ သစ္စာမဖောက်ခဲ့။ လှလှကိုလည်း မိမိလိုပဲ သစ္စာရှိသည်ဟု ထင်ခဲ့သည်။ ဓာတ်ခွဲခန်းနောက်တစ်ခုတွင် နောက်တစ်ခေါက် ထပ်စစ်ကြည့်မည်ဆိုတော့ သားက ပြန်မေးသည်။

“ဘာလို့နောက်တစ်ခေါက်ထပ်စစ်တာလဲ”ဟု။
“ပိုသေချာအောင်လို့ပါ” လို့ မုသား သုံးလိုက်ရသည်။
နောက်တစ်ကြိမ်သွေးဖောက်တာကို သားက အပြုံးမပျက် လက်ခံသည်။ သွေး အဖြေစောင့်နေရသော တခဏ ကား အချိန်တွေ ကြာညောင်းလိုက်သည့်     ဖြစ်ခြင်း။ သားသည်လည်းအဖေနှင့် အမေအတိုင်း B သွေးပဲဖြစ်ပါစေလို့ ဆုတောင်းနေသည်။ B သွေး အဖေနှင့် B သွေး အမေက မွေးသော ကလေး သည် B သွေးသာ ဖြစ်ရမည်။ ကိုစိုးနိုင်၏ ဆုတောင်းများက မပြည့်ပေ။ သွေး အဖြေစာရွက်လေးကို ကြည့်လိုက်သည့် ခဏတွင် ကိုစိုးနိုင်၏ မျှော်လင့်ချက်များသည် ပျောက်ဆုံးသွားသည်။ စာရွက်ပေါ်တွင် ရေးထားသည်က O သွေး။ ဘဝတွင် အရာရာ ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသည်။ သားကို ချစ်သည့် အချစ်တို့ က မလျော့သွားပေမဲ့လည်း လှလှ အပေါ်တွင် စိတ်နာလာသည်။ ကိုယ်ကတော့ချစ်လိုက်ရတာ။ သစ္စာရှိလိုက်ရတာ။ သူကတော့ ကိုယ့်ကို နဖား   ကြိုးတပ်ထားသည်။ ခံပြင်းစိတ်၊ နာကျည်းစိတ် တို့နှင့် အတူ ကိုစိုးနိုင်တစ်ယောက် အိမ်သို့ပြန်လာခဲ့သည်။ အဖေ မျက်နှာပျက်နေမှန်း သိသောကြောင့် သားက စကားတစ်လုံးမှ မပြော။ အဖေ အရိပ်အကဲကို သိသော သား။ ကိုစိုးနိုင် သိပ်ကို ချစ်ရသော သား။ ကိုယ့်သွေးကိုယ့်သားမဟုတ်ဘူးဆိုတာကို သိ လိုက်သည့် အချိန်တွင် ကိုစိုးနိုင်တစ်ယောက် ဆောက်တည်ရာမရ။

အိမ်မှာ ထိုင်ရင်း လှလှကို စောင့်နေသည်။ ညနေခင်းတော့ ခြင်းတောင်းလေးဆွဲ၍ လှလှတစ်ယောက် ရုံးမှ ပြန်လာသည်။ ကိုစိုးနိုင် မျက်နှာ မကောင်းသည်ကို တွေ့တော့ 
“ဘာဖြစ်လာတာလဲ” လို့မေးသည်။ “ဘာမှ မဖြစ်ပါဘူး။ ညကျမှ မင်းနဲ့ စကား ခဏပြောမယ်” လို့ပြန်ပြောလိုက်သည်။ သားက တော့     အမေကို တိုးတိုး လေးကပ်ပြောနေသည်။ ဖေဖေ တစ်ခုခုကို စိတ်ဆိုးနေတယ်လို့ ပြောနေပုံရသည်။ သားအမိနှစ်ယောက် ဘာတွေ တိုးတိုး တိုးတိုး တိုင်  ပင်နေကြသည် မသိ။ ရီသံလိုလို ကလည်း မီးဖိုချောင်မှနေ၍ ခဏခဏ ထွက်လာသည်။ ညဖက် ထမင်းစားချိန်ကြတော့လည်း ကိုစိုးနိုင်တစ်ယောက်        မျက်နှာမကောင်း။ ထမင်းလည်း စားလို့မဝင်။ သားကို စာဖတ်ခိုင်းပြီး လင်မယားနှစ်ယောက် ခြံထဲ ဆင်းလာကြသည်။ 
“ဘာဖြစ်နေတာလဲ ကိုစိုးနိုင်” လှလှမှ စ၍ မေးလိုက်သည်။ ကိုစိုးနိုင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ဘာစကားမှတော့ ထွက်မလာပေ။ လှလှ စိတ်မရှည်၍ နောက်တစ်ခေါက်ထပ်   မေးသည်။ 
“ရှင် ဘယ်သူကို စိတ်မကြည်မလင်ဖြစ်နေရတာလဲ။ ရှင်ပြောမှ ကျွန်မသိမှာပေါ့။ နေ့လည်က မှတ်ပုံတင်ရုံးကနေ ဘာဖြစ်လာတာလဲ။”

ကိုစိုးနိုင်က လှလှကို စိုက်ကြည့်နေသည်။ မျက်လုံးက သိပ်ကို စူးရှလွန်းသည်ဟု လှလှထင်သည်။
“ကျွန်မကိုသားက အကုန်ပြောပြီးပြီ။ ရှင် ကလေးကို သွေးစစ်ပေးတယ်။ နှစ်ကြိမ်တောင်စစ်တယ်။ မသေချာမှာစိုးလို့တဲ့။ ဆေးစစ်တဲ့ အဖြေတွေကြည့်ပြီး   ဖေဖေ မျက်နှာ မကောင်းတော့ဘူးတဲ့။ သားကိုလည်း စကား မပြောတော့ဘူးတဲ့။ သားကို ဖေဖေ စိတ်ဆိုးနေတယ်တဲ့။ ကဲ ရှင်းစမ်းပါဦး။ ကလေးကို ဘာလို့စကားမပြောရတာလဲ။ ဘာကြောင့် ကလေးကို စိတ်ဆိုးနေရတာလဲ”
ကိုစိုးနိုင်တစ်ယောက် လှလှ၏ ပခုံးနှစ်ဖက်ကို ဆွဲလှည့်လိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်သွားမှ လှလှကို နှစ်ကိုယ်ခြားပြောသည်။ ဘေးလူတွေကြားသွားမှာကို စိုးရိမ်နေသည့်ပုံစံမျိုး။

“သားကို မှတ်ပုံတင်လုပ်ပေးဖို့ သားရဲ့သွေး အုပ်စု သိဖို့လိုတယ်။ ဒါကြောင့် သွေးသွားစစ်တယ်။ ပထမ ဓာတ်ခွဲခန်းမှာ စစ်တာ အဖြေမမှန်လောက်ဘူးထင်လို့ နောက်ထပ် ဓာတ်ခွဲခန်းတစ်ခုမှာ နောက်တစ်ခါထပ်စစ်ကြည့်တယ်”
“ကလေးက နှစ်ခါနာတာပေါ့” လှလှ သားကို သနားစိတ်နှင့် ကြားဖြတ်ပြောလိုက်သည်။
“အဖြေနှစ်ခုစလုံးကအတူတူပဲ။”
“အဲဒါဘာဖြစ်လဲ။ အဖြေတူတူပဲဟာကို” လှလှ စိတ်မရှည်သလိုလိုပြန်ပြောလိုက်သည်။
“ငါက B သွေး. မင်းလည်း B သွေး။ ဟုတ်တယ်နော်”
“ဟုတ်တယ်လေ။ အဲဒါ ဘာဖြစ်လဲ”
“အေး သားက O သွေးဖြစ်နေတယ်။ မင်းဒီကိစ္စကို ဘယ်လိုရှင်းမလဲ”

“ဘာကိုရှင်းရမှာလဲ”
ကိုစိုးနိုင်တစ်ယောက် လှလှအမေးကို ကြားရတော့ ဒေါသ အမျက်ထောင်းထောင်းထသွားပုံရသည်။ လှလှ၏ ပခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ရင်း
“မင်း ဘယ်အကောင်နဲ့ဖြစ်ပြီး ဒီကလေးကို မွေးထားတာလဲ။ ပြီးမှ ငါ့ကို ကလေးအဖေ နာမည်ခံခိုင်းထားတယ်”
လှလှ ကိုစိုးနိုင်ကိုကြည့်၍ မျက်ရည်ထွက်မတက် ရယ်နေတော့သည်။ ကိုစိုးနိုင်တစ်ယောက်လှလှ၏ မပြောမဆိုထရယ်သည်ကိုလည်း ကြောင်တောင်      တောင်ဖြစ်သွားသည်။ ကိုယ်တွေက ဒေါသဖြစ်နေချိန် လှလှတို့က ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား ရယ်နေသည်။ လှောင်နေသည်လို့တောင်ထင်သည်။ 
“မင်းက ဘာလို့ရယ်နေရတာလဲ။ ဘာရယ်စရာပါလို့လဲ။ မင်းရူးများသွားပြီလား” ကိုစိုးနိုင်ကပြောလေ လှလှတစ်ယောက်ပိုရယ်လေဖြစ်သည်။

“ရှင့်အဖြစ်က ရယ်စရာကြီးကိုး”
ကိုစိုးနိုင်ဒေါသထွက်သွားသည်။ လှလှတစ်ယောက် ပြာပြာသလဲနှင့်
“ကျွန်မတို့နှစ်ယောက် က B သွေးနော်။ သားက O သွေး။”
“ဟုတ်တယ်”
“B သွေးမိဘကနေ O သွေးကလေး မမွေးရဘူးလို့ရှင့်ကို ဘယ်သူပြောလဲ။”
“ဒါလူတိုင်းသိတယ်”
“အဓိပ္ပာယ်မရှိတာတွေလာမပြောနဲ့။ ရှင် ၁၀ တန်းတုန်း က ဘာ ဘာသာတွဲယူခဲ့တာလဲ”
“ဝိဇ္ဇာတွဲယူခဲ့တာ”

ကိုစိုးနိုင်ကို လှလှတစ်ယောက် သနားသလိုမျိုးကြည့်ရင်း
“ကျွန်မက သိပ္ပံတွဲယူခဲ့တာလေ။ ဒါကြောင့် သွေးအုပ်စုတွေအကြောင်းနားလည်တယ်။ သင်လည်းသင်ခဲ့ရတယ်။”
“မင်းရှင်းရှင်းလင်းလင်းပြောကွာ”
“ရှင်တို့သိတာက အမေက B သွေး အဖေ က B သွေးဆိုရင် ကလေးက Bသွေးပဲဖြစ်ရမယ်လို့။ ဒါပေမဲ့လည်း ကလေးကO သွေးဖြစ်နိုင်တယ်။ ဒါအပြင်  အမေက A သွေး အဖေက A သွေးဆိုရင်လည်း ကလေးက A သွေးဖြစ်နိုင်သလို O သွေးလည်း ဖြစ်နိုင်တယ် ။ ”
“မင်းဟာ သေချာလို့လား ငါ့ကိုလာရွီးမနေနဲ့နော်” ကိုစိုးနိုင်တစ်ယောက် မယုံသင်္ကာနှင့် မိန်မကို ပြောလိုက်သည်။

“ရှင်မယုံရင် လမ်းထိပ်က ဆရာဝန်သွားမေးပါလား။”
ကိုစိုးနိုင်တစ်ယောက် လှလှကို ဘာမ ပြောညာမပြောနှင့် အိမ်ပေါ်မှ ပြေးဆင်းသွားသည်။ ဆရာဝန်ဆီ သွားတာပဲဖြစ်မည်။ လှလှတစ်ယောက် ဘာမှ    မတတ်နိုင်ပါ။ ကိုစိုးနိုင်ကို ဆရာဝန်လေးမှ သေချာရှင်းပြပေးလိမ့်မည်ဟု ယူဆလိုက်ပြီး သားငယ်လေးနှင့် TVကြည့်ရင်း ကိုစိုးနိုင်ကိုစောင့်နေလိုက်သည်။    တော်တော်လေးကြာမှ ကိုစိုးနိုင်တစ်ယောက်ပြန်လာသည်။ လက်ထဲတွင် သားအတွက် မုန့်ထုပ်လေးကိုင်လို့။
“သားသားလေးအတွက် ဖေဖေ မုန့်ဝယ်ခဲ့ တယ်” ဆိုပြီးမျက်နှာလုပ်နေသေးသည်။ မိန်မကိုလှမ်းကြည့်ပြီး 
“ဆရာလေးက ပုံတွေပါတွေနဲ့တောင်သေချာရှင်းပြလိုက်သေးတယ်။ ငါအခုမှနားလည်တော့တယ်”
လှလှတစ်ယောက်ကိုစိုးနိုင်ကိုမျက်စောင်းတစ်ချက်သာထိုးလိုက်တော့သည်။

Author: Dr.အေးချမ်းမိုး

Previous Post

အမျိုးသားများတွင်ဖြစ်သော လိင်မှကူးစက်ရောဂါများ

Next Post

ပြုံးအလှပိုင်ရှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
610

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပြုံးအလှပိုင်ရှင်

၀မ်းချုပ်ခြင်း

အပျိုဖော်ဝင်ချိန်နှင့် ပျိုမေတို့ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.