fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

မှဲ့အသစ်တွေထွက်လာတာ ကြောက်ရသလား

2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2019
in ရောဂါကြီးများ
1 min read
A A

မှဲ့ဆိုတာ လူတိုင်းနီးပါးမှာ ရှိတတ်ကြပါတယ်။ မြင်သာတဲ့နေရာမှာရော မမြင်သာတဲ့နေရာမှာရော မှဲ့တွေ ရှိနိုင်ပါတယ်။ Melanocytes လို့ ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ ကြီးထွားမှုလွန်ကဲလာရာကနေ အရေပြားပေါ်အထိ ရောက်လာတဲ့အခါ မှဲ့တွေ ထွက်လာပါတယ်။ တော်တော်များများသော မှဲ့တွေက အန္တရာယ် မရှိတတ်ကြပါဘူး။

များသောအားဖြင့် ကျွန်တော်တို့ကိုယ်ပေါ်က မှဲ့တွေဟာ ကလေးဘဝနဲ့ ကြီးကောင်ဝင်ခါစအရွယ်တွေမှာ ထွက်ခဲ့တဲ့မှဲ့တွေ ဖြစ်ပါတယ်။ဒါပေမဲ့ အရွယ်ရောက်ပြီးတဲ့အချိန်မှလည်း မှဲ့အသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။ မှဲ့အများစုဟာ ကင်ဆာနဲ့ မသက်ဆိုင်ပေမဲ့ ထပ်ထွက်လာတဲ့ မှဲ့အသစ် ဒါမှမဟုတ် ရှိပြီးသားမှဲ့မှာရုတ်တရက်ဖြစ်လာတဲ့ အပြောင်းအလဲအချို့က Melanoma လို့ခေါ်တဲ့ မှဲ့ကင်ဆာရဲ့ လက္ခဏာတစ်ခုတော့ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

Melanoma ဆိုတဲ့ မှဲ့ကင်ဆာဟာ အရေပြားကင်ဆာပုံစံတစ်ခုဖြစ်ပြီး ဖြစ်ခဲပါတယ်။အရေပြားကင်ဆာအားလုံးပေါင်းရဲ့ ၁% လောက်ပဲရှိပါတယ်။ ဒါပေမဲ့ ဖြစ်ရင်တော့ အသေအပျောက်အများဆုံး အရေပြားကင်ဆာထဲမှာ ပါဝင်ပါတယ်။

ပြောခဲ့သလိုပဲ Melanocytes လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အလွန်အကျွံကြီးထွားလာရာက မှဲ့အသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။မှဲ့အသစ်ထွက်တိုင်းတော့လည်း ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇ အပြောင်းအလဲတွေကြောင့်သာ ကင်ဆာဖြစ်တတ်တာပါ။ မှဲ့အသစ်ထွက်လာနိုင်တဲ့ အခြေအနေတချို့ကတော့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့ခြင်း ၊ အသားဖြူလွန်းခြင်း ၊ မျိုးရိုးဗီဇပြောင်းလဲခြင်း နဲ့ ကိုယ်ခံအားကျဆင်းခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

မှဲ့တွေကို အကြမ်းအားဖြင့် ၄ မျိုးခွဲနိုင်တယ်။

 

၁။ ပုံမှန်တွေ့နေကျမှဲ့

ဒီလိုမှဲ့မျိုးတွေက မွေးတုန်းက ဒါမှမဟုတ် ကလေးဘဝမှာ ဖြစ်လာတဲ့ မှဲ့တွေဖြစ်တယ်။ များသောအားဖြင့် နေရောင်နဲ့ထိတဲ့နေရာတွေမှာ ထွက်လေ့ရှိတယ်။ ပုံမှန်အားဖြင့် ဝိုင်းဝိုင်းစက်စက်လေးရှိနေတတ်ပြီး မျက်နှာပြင်က ချောချောလေးရှိပါတယ်။ ပုံမှန်မှဲ့တွေဟာ အရွယ်အားဖြင့် သေးငယ်ပြီး အချင်း ၅ မီလီမီတာ အောက်ပဲရှိတတ်ပါတယ်။ ဒီမှဲ့တွေကြောင့် ကင်ဆာဖြစ်ဖို့က အတော်လေးခဲယဉ်းပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ ပုံမှန်မှဲ့ပေါင်း ၅၀ ကျော်လောက်ထိရှိတဲ့သူတွေဟာ အခြားသူတွေထက် မှဲ့ကင်ဆာ Melanoma ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

 

၂။ မွေးရာပါမှဲ့ (သို့) အမှတ်

 

 

 

မွေးရာပါအမှတ်တွေ မှဲ့တွေဟာ အရွယ်အစားမျိုးစုံရှိပါတယ်။ တချို့ဆို အတော်လေးခပ်ကြီးကြီး အရွယ်တွေတောင်ရှိတတ်တယ်။များသောအားဖြင့်တော့ ဒီမှဲ့တွေကလည်း ပုံမှန်ပဲဆိုပေမဲ့ အရွယ်အစားအရမ်းကြီးနေရင်တော့ မှဲ့ကင်ဆာဖြစ်နိုင်ခြေ မဆိုစလောက်ကလေး ရှိနေနိုင်ပါတယ်။

 

၃။ ပုံစံမမှန်သော မှဲ့ 

 

ဒီလိုမှဲ့တွေက ခန္ဓာကိုယ်နေရာအနှံ့မှာထွက်နိုင်ပြီး တခြားမှဲ့ပုံစံတွေထက် အရွယ်အစားကြီးမားလေ့ရှိပါတယ်။ အရောင် နဲ့ မျက်နှာပြင်ပုံစံ အမျိုးမျိုးရှိတတ်ကြပြီး အနားသတ်တွေက မညီညာဘဲ အရေပြားထဲကို မှိန်ဝင်နေတတ်ပါတယ်။ အရောင်အနေနဲ့ ပန်းရောင်၊ အနီရောင်၊ ကြေးနီရောင် နဲ့ ညိုညစ်ညစ်အရောင်တွေ ရှိနိုင်ပါတယ်။ တချို့သော ပုံမမှန်တဲ့မှဲ့တချို့က ကင်ဆာဖြစ်နိုင်ပေမဲ့ အများစုကတော့ မှဲ့ကင်ဆာ မဖြစ်နိုင်ပါဘူး။ တချို့သော ပုံမမှန်မှဲ့တွေက မှဲ့ကင်ဆာရဲ့လက္ခဏာတွေနဲ့တူတတ်ပေမဲ့ သေချာသိရဖို့ စိတ်မပူရဖို့ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြဖို့လိုပါလိမ့်မယ်။

 

၄။ Spitz Nevus

ဒီပုံစံမှဲ့က အတော်ဖြစ်ခဲပြီး မှဲ့ကင်ဆာမှာထွက်တတ်တဲ့ပုံစံနဲ့အတော်တူပါတယ်။ ဒါပေမဲ့ ကင်ဆာတော့ မဟုတ်ပါဘူး။များသောအားဖြင့် အသက်၂၀ အောက် အသားဖြူဖြူ ကလေးနဲ့လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။ Spitz Nevus နဲ့ မှဲ့ကင်ဆာဟာ ခွဲရခက်တာမို့ တွေ့ပြီဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖယ်ရှားပစ်လေ့ရှိပါတယ်။ ဒီမှဲ့ပုံစံဟာ ကြီးထွားမှုမြန်ပြီး အရွယ်အစားအနေနဲ့လည်း မီလီမီတာကနေ စင်တီမီတာအထိ ရှိတတ်ပါတယ်။သူ့ရဲ့ပုံစံက ခပ်ဝိုင်းဝိုင်းညီညီလေးရှိပြီး မျက်နှာပြင်က ချောပါတယ်။

 

သတိထားရမယ့် အချက်တွေ

များသောအားဖြင့် မှဲ့တွေက အန္တရာယ်မရှိပေမဲ့ မှဲ့အသစ်တွေထွက်လာတာ ဒါမှမဟုတ် ရှိပြီးသားမှဲ့တွေပုံစံပြောင်းလာတာမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။

ရှိပြီးသား မှဲ့တစ်ခုမှာ သတိထားရမယ့်လက္ခဏာတွေက

(က) အရောင်၊ပုံစံ နဲ့ အရွယ်အစား အပြောင်းအလဲ
(ခ) မှဲ့နေရာက နာတာ ကိုက်တာ
(ဂ) သွေးထွက်တာ စတာတွေ ဖြစ်တယ်။

နောက်ပြီး အလွယ်မှတ်လို့ရတာ တခုရှိပါတယ်။ American Cancer Society က ထုတ်ပြန်ထားတာဖြစ်ပြီး ABCDE လို့ မှတ်ထားရပါမယ်။

၁။ A ဆိုတာ Asymmetry ဖြစ်ပြီး ဘက်မညီမှုကို ပြောတာပါ။ ဥပမာ မှဲ့ရဲ့ တစ်ခြမ်း နဲ့ နောက်တစ်ခြမ်း ပုံစံမတူတာမျိုး။
၂။ B ဆိုတာ Border လို့ မှတ်ပါ။အစွန်းထွက် နယ်နိမိတ်တွေပေါ့။ မှဲ့ရဲ့ အစွန်းဖက်တွေက ပုံစံပျက်နေတာ အရောင်မှိန်နေတာ စသဖြင့်ပေါ့။
၃။ C က Color ။ အရောင်ပေါ့။ မှဲ့တစ်လုံးထဲမှာ အရောင်မျိုးစုံရောနေတာမျိုးဆိုရင် မကောင်းပါဘူး။
၄။ D ဆိုတာ Diameter အချင်းကို ဆိုလိုပါတယ်။ မှဲ့ရဲ့အချင်းက ၆ မီလီမီတာ ထက် ကြီးနေရင် သိပ်မကောင်းပါဘူး။
၅။ E ဆိုတာ Evolving ။ ပြောင်းလဲလာတာကို ဆိုလိုပါတယ်။ အရောင်၊ ပုံစံ နဲ့ အရွယ်အစားတွေ ပြောင်းလဲလာရင်လည်း သတိထားရပါမယ်။

တခြားသတိထားရမှာတွေက မှဲ့ရဲ့အစွန်းပတ်လည်မှာ အဖြူကွက်လေးတွေကွက်နေတာ ၊ မှဲ့ကနေ သွေးထွက်တာ နာကျင်တာ စသဖြင့်ပေါ့။

မှဲ့ကင်ဆာဟာ သေနှုန်းမြင့်တဲ့ကင်ဆာတခုဖြစ်ပေမဲ့ စောစောစီးစီးသိပြီး ကုသမှုခံယူနိုင်ရင်တော့ ရလာဒ် ကောင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် မှဲ့အများကြီးရှိတဲ့သူတွေအနေနဲ့ တစ်လတစ်ခါ ဓာတ်ပုံလေးရိုက်ထားပြီး သတိထားကြည့်သင့်ပါတယ်။ ဥပမာ ကျောကုန်းလို အလွယ်တကူ မမြင်နိုင်တဲ့နေရာမျိုးတွေကိုပေါ့။စောစောသိရင် မှဲ့ကင်ဆာဟာ နောက် ၅ နှစ်ထိ အသက်ရှင်နိုင်ခြေ ၉၈% အထိ ရှိပါသတဲ့။

Author: Dr. KG

Previous Post

သင့်ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်းများလာပြီဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ

Next Post

ကလေးငယ်လေးတွေကို ပြင်းထန်စွာ လှုပ်ရမ်းမိတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်လေးတွေကို ပြင်းထန်စွာ လှုပ်ရမ်းမိတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

ကလေးတွေမှာအဖြစ်များတဲ့ မျက်စိစွေခြင်း

အာလူးစားရင် ဝလာမှာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.