လူငယ်လူရွယ်တွေ အသိချင်ကြဆုံး အမေးများဆုံးကတော့ မိမိရဲ့
ချစ်သူခင်သူ ကြင်နာရသူ မိန်းကလေးဟာ အပျိုစစ်သေးရဲ့လား ဆိုတာပါပဲ ။
ပြောရနည်းနည်းတော့ ခက်ပါတယ် ။အမျိုးသားတွေ အနေနဲ့ မိမိဘာသာ လူပျိုလူ
လွတ်သဘာ၀ လုပ်ချင်တာလုပ် လွတ်လွတ်လပ်လပ်နေတတ်ပေမယ့် မိမိရဲ့ ဇနီး
လောင်းကိုတော့ ယင်ဖိုတောင် မနားဖူးသေးတဲ့ ပန်းဦးပန်းဖျားအဖြစ်သာ ဆွတ်ခူးလို
ကြပါတယ် ။ခက်တော့ ခက်သားပါကလား ။
အပျိုမြှေးရှိမှ အပျိုစစ်တာလား ။
အထိုက်အလျောက်တော့ မှန်ပါတယ် ။အပျိုမြှေးကို ဆေးပညာအရ
တော့ Hymen ရယ်လို့ ခေါ်ပါတယ် ။ယူဆကြတာတော့ အသက်အရွယ်ရတဲ့အထိ
တစ်ခါမှ လိင်မဆက်ဆံ ဖူးသေးတဲ့ အမျိုးသမီးတွေမှာ အပျိုမြှေးဟာ မိမွေးတိုင်း
ဖမွေးတိုင်း အကောင်းပကတိရှိတတ်ပါတယ် ။ဒါကြောင့် ဆေးပညာအရ အပျိုစစ် ၊
မစစ် စမ်းသပ်ရတဲ့အထဲမှာ အပျိုမြှေးကို စစ်ဆေးရတာလည်း ပါပါတယ် ။
အပျိုမြှေးမရှိရင် အပျို မစစ်တော့ဘူးလား ။
ဒီအဆိုဟာ လုံး၀ မမှန်ပါ ။အပျိုမြှေးမရှိလို့ မိမိရဲ့ ကြင်နာရသူကို
အပျိုမစစ်တော့ဘူးလို့ တနုံ့နုံ့တွေးကာ ယုံမှားသံသယ မရှိသင့် ။ဘာကြောင့်လဲ
ဆိုရင် လိင်ဆက်ဆံမှုကြောင့် မဟုတ်ဘဲလည်း ပျက်ယွင်းသွားတတ်ပါတယ် ။
အမျိုးသမီးအင်္ဂါကို သန့်စင်တဲ့အခါ ၊မိမိဘာသာ စိတ်ဖြေဖျောက်တဲ့အခါ ၊ထိခိုုက်မိ
တဲ့အခါ (ဥပမာ-စက်ဘီးစီး ၊ဆိုင်ကယ်စီး စသဖြင့်) ၊ကိုယ်လက်လှုပ်ရှား အားကစား
လေ့ကျင့်တဲ့အခါ ၊ကျန်းမာရေးအရ လိုအပ်လို့ မိန်းမကိုယ်ကို စမ်းသပ်ရတဲ့အခါ
အပျိုမြှေးပျက်သွားတတ်ပါတယ် ။ဒါကြောင့် အပျိုမြှေးမရှိလည်း အပျိုစစ်နိုင်ပါသေး
တယ် ။
အတူနေပြီးလို့ သွေးဆင်းမှ အပျိုစစ်တာလား ။
ဒီအယူအဆဟာလည်း လုံးဝမမှန်ပါ ။လိင်ဆက်ဆံလို့ အပျိုမြှေးပြဲ
သွားမှ သွေးထွက်လာမှ အပျိုစစ်တယ်လို့ အများစုက ယူဆကြတယ် ။အထက်မှာ
ပြောခဲ့သလို အပျိုမြှေးသည် အကြောင်းကြောင်းကြောင့် မရှိခဲ့ရင် သွေးမထွက်နိုင်ပါ။
ဒါကြောင့် သွေးမထွက်လို့ အပျိုမစစ်ဘူးဆိုတာ မမှန်ပါ ။အတူနေတဲ့ အခါ နေပုံနေ
နည်း ပေါ်မူတည်ပြီး အပျိုမြှေး မရှိလည်း သွေးထွက်နိုင်ပါတယ် ။ဒါကြောင့် အတူနေ
ပြီးလို့ သွေးဆင်းမှ အပျိုစစ်တယ်ဆိုတာလည်း မမှန်ပါ ။
ဒါကြောင့် အပျိုမြှေး ရှိ/မရှိ ၊သွေးဆင်း/မဆင်းနဲ့ မိမိချစ်သူကို
အပျိုစစ်/မစစ်နဲ့ အာရုံတွေများ ၊စိတ်စနိုးစနောင့်ဖြစ်နေမယ့် အစား မိမိချစ်သူနဲ့
ဆက်လက်လျှောက်လှမ်းရမယ့် အချစ်လမ်းခရီးမှာ အပေးအယူမျှမျှ ၊နားလည်မှု
များနဲ့ အကြင်နာအပြည့်ဖြင့် မိမိနဲ့ ဒိုးတူပေါင်ဖက် လက်တွဲသွားနိုင်မယ့်သူလား
ဆိုတာကသာ ပိုအရေးကြီးတာပါ ။
Author: ခေတ်သစ် ဇီဝက