HIV ပိုးကို ၁၉၈၁ ခုနှစ်၌ စတင်တွေ့ရှိခဲ့ပြီး ၁၉၈၅ ခုနှစ်တွင်ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ကူးစက်သွားခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် HIV ပိုးကူးစက်ခံနေရသူ တစ်ဦးကိုစတင်တွေ့ရှိခဲ့သည်ဟု ဖော်ပြ ထားသော်လည်း ထိုအချိန်ကာလထက်ပိုမိုစောစီးစွာ ကူးစက်ခံနေရသူများလည်း ရှိနေနိုင်ပါသည်။ ရောဂါဖြစ် ပွားမှုနှင့် ရောဂါလက္ခဏာမပြသေးသော ကာလတစ်ခုလည်းဖြစ်နေနိုင်ရာ ရှိသူကိုစတင်တွေ့ရှိမှသာလျှင် မြန်မာ နိုင်ငံသို့ရောဂါစတင် ဝင်ရောက်လာသည်ဟုသာ သတိထားမိခဲ့ကြခြင်းပင်ဖြစ်ပါသည်။ ထိုအချိန်ကာလတုန်းက အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းအရှိန်မြင့်တက်နေစဉ် ကာလဖြစ်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားတို့မှတစ်ဆင့် ကူးစက်ခံနေရပြီးဖြစ်သည်ကိုလည်း သုံးသပ်လို့ရပါသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် မှသူများ တစ်ဖက်နိုင်ငံတွင်အလုပ်သွားရောက်လုပ်ကိုင်ကြပြီး တချို့သည်လည်းဘာမှန်းမသိ နေထိုင်မကောင်း ဖြစ်ကြပြီး မိမိတို့၏ရွာသို့ပြန်ရောက်လာကြကာ တချို့သည်လည်းသေဆုံးကုန်ကြပါသည်။ ရောဂါဖြစ်စဉ်များကို ပြန်လည်လေ့လာသုံးသပ်ရာတွင် HIV ကြောင့်ခုခံအားများပြန်လည်ကျဆင်းကာ အခွင့်အရေးယူဝင်ရောက်လာ သောရောဂါများကြောင့် သေဆုံးခဲ့ရမှုများကိုလည်း လေ့လာခဲ့ရမိပါသည်။ ထိုစဉ်ကာလတုန်းက မြန်မာနိုင်ငံတွင် သွေးစစ်ဆေးရာဌာနများ ယခုကဲ့သို့မပေါများခဲ့သည့်အပြင် ဆေးရုံများ၌ပင်သွေးသွင်းကုသရာတွင် သွေးလှူရှင် များ၏သွေးကို A, B, O, AB စသည်ဖြင့် သွေးအမျိုးအစားဓာတ်ခွဲပြီး သွေးသွင်းသည့်စနစ်ကို ၁၉၉၀ အထိသုံးစွဲ နေဆဲ ကာလပင်ဖြစ်သည်။ ထို့ကြောင့် ထိုစဉ်ကာလများတုန်းက အကြောင်းအမျိုးမျိုးကြောင့် သွေးသွင်းကုသခဲ့ မှုကြောင့် HIV ကူးစက်ခံခဲ့ရသူများလည်း ရှိနေခဲ့ပါသည်။
HIV ပေါ်ပေါက်လာပြီး ကနဦး Data များကောက်ယူရာတွင် HIV ထပ်မံကူးစက်မှုများတွင် အကာအ ကွယ်မဲ့လိင်ဆက်ဆံခြင်းက အများဆုံးဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့ရပြီး ယနေ့အချိန်ထိလည်းထိုအကာအ ကွယ်မဲ့ လိင်ဆက်ဆံခြင်းသည်ပင်လျှင် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေကြပါသေးသည်။ အချို့ HIV ရှိသူများ သည်လည်းပထမပိုင်း ART ဆေးယဉ်ပါးမှုဖြစ်နေချိန်တွင် အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့သူထံသို့ ကူးစက်သွား သဖြင့် ထိုသူသည်ပထမပိုင်း ART ဆေးတိုက်ယုံဖြင့် ဆေးမတိုးတော့ဘဲတတိယလိုင်း ART ဆေးကိုစတင်တိုက် ကြွေးနေရသူများကိုလည်း တွေ့ရှိခဲ့ရပါသည်။ အချို့လူနာအသစ်တို့သည်လည်း ART ဆေးစတင်တိုက်ကျွေးစဉ် မှာပင် ပထမလိုင်း ART ဆေးများကိုမတည့်သဖြင့် ဒုတိယလိုင်းစတင်တိုက်ကျွေးမှုများကိုပင် တွေ့မြင်ရပါသည်။ လူတစ်ထောင်တွင် တစ်ယောက်လောက်သာ ထိုကဲ့သို့ဖြစ်စဉ်များကိုလည်း တွေ့မြင်ရပါသည်။ အထက်ပါဖြစ်စဉ် နှစ်ရပ်တွင် ကနဦးကူးစက်ခံရသူအများစုသည် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ သွေးသွင်းကုသခြင်းများဖြင့် ကူးစက်ခံခဲ့ရသူအများစုဖြစ်ပြီး မူးယစ်ဆေးဝါးပေါများသော အရပ်ဒေသများတွင်မူ ဆေးထိုးပိုက်နှင့်အပ်ကိုမျှေ၀ သုံးစွဲမှုမျာမှထပ်မံကူးစက်မှုအများဆုံး ဖြစ်နေသည်ကိုလေ့လာသိရှိခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် HIV နှင့်ပတ်သက်ပြီးကာကွယ်ခြင်း၊ ကုသခြင်းနှင့်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းတို့ကို ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင်မှ စတင်အကောင်အထည်ဖော်နိုင်ခဲ့ရာ ထပ်မံကူးစက်မှုအနည်းငယ်လျော့ကျလာပါ သည်။ သို့သော် လုံးဝမကူးစက်တော့ခြင်းမျိုး မဟုတ်ဘဲကူးစက်ခံနေရခြင်းများလည်း ရှိနေဆဲပင်ဖြစ်ပါသည်။ အထူးသဖြင့် HIV ဗဟုသုတနှင့် အလှမ်းဝေးသည့်တောနယ်များတွင် ဆေးကုသခံယူရကောင်းမှန်း မသိကြသ ဖြင့်ထပ်မံကူးစက်ခြင်းများ ရှိနေဆဲပင်ပင်ဖြစ်ပါသည်။ HIV ဆေးသောက်ထားမှုကြောင့် HIV ပိုးကောင်ရေများ လျော့ကျသွားသဖြင့် နောက်ထပ်လူများကိုထပ်မံကူးစက်ရန် ခက်ခဲသော်လည်း သွေးမစစ်မိလို့မိမိထံတွင် HIV ပိုးရှိနေသည်ကိုမသိသေးသည့် သူများထံမှကူးစက်မှုများလည်း ရှိနေကြပါသေးသည်။ သွေးသွင်းကုသမှုများ ဆိုင်ရာတွင် HIV စစ်ဆေးမှုကိုပြုလုပ်ကြပါသေးသည်။ သွေးသွင်းကုသမှုများ ဆိုင်ရာတွင် HIV စစ်ဆေးမှုကိုပြု လုပ်လာကြပြီဖြစ်သောကြောင့် သွေးသွင်းကုသခြင်းမှ ကူးစက်ခံရခြင်းများ လျော့ကျသွားခြင်းတော့ ဖြစ်လာပါ သည်။ သို့သော်တောရွာနေ မိခင်လောင်းများထံမှ သန္ဓေသားသို့ကူးစက်နေရမှုမျိုးတော့ ရှိနေပါသည်။ တော တွင်နေတောတွင်မွေးပြီး ကျန်းမာရေးဌာနသို့ သွားရောက်ပြသပြီး မမွေးဖွားနိုင်ကြသောမိခင်လောင်းမှတစ်ဆင့် သန္ဓေသားသို့ကူးစက်ခံရနိုင်မှုများကို ဖြေရှင်းရန်အတွက် ကျေးလက်ကျန်းမာရေးဌာနများ ပိုမိုချဲ့ပြီးကာကွယ် ပေးသင့်ပါသည်။ ရှေးယခင်တုန်းများဆီက သွေးသွင်းကုသခဲ့သဖြင့် HIV ကူးစက်ခံခဲ့ရသည့်ကလေး၊ လူကြီးများ ကိုတွေ့ရှိခဲ့ရသော်လည်း ယနေ့အချိန်တွင် စနစ်တကျသွေးသွင်းကုသကြသဖြင့် ကူစက်မှုများမရှိသလောက်ပင် ဖြစ်ပါသည်။ ယနေ့ထပ်မံကူးစက်ခံနေရသူ အများစုမှာအကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့်မူးယစ်ဆေးဝါးသုံး စွဲသူများသာဖြစ်နေလျက်ရှိပါသည်။
သို့သော် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို ယနေ့ကာလတွင်လုံးဝမကျင့်သုံးတော့ဟုလည်း တပ် အပ်ပြောလို့မရပါ။ ပြည့်တန်ဆာများဟုသိလျက်နဲ့ပင် လိင်ဆက်ဆံရာတွင်လည်း ကွန်ဒုံးမနှစ်သက်သူများကမ သုံးစွဲကြသလို ပြည့်တန်ဆာများကလည်း မိမိငွေမရမည်စိုးရိမ်သဖြင့် ဖောက်သည်အလိုကျလိုက်လျောသည့် ပြည့်တန်ဆာများလည်း ရှိနေပါသည်။ အချို့ကျပြန်တော့လည်း ကွန်ဒုံးသွားဝယ်ရမည့် အရှက်တရားများ၊ လိင် ဆက်ဆံမည့်အမျိုးသမီး၏ ရုပ်ဆင်းလက္ခဏာအရ HIV မရှိနိုင်ပါဟု ခံယူထားသူများကလည်း အကာအကွယ်မဲ့ လိင်ဆက်ဆံဆဲပင်ဖြစ်ပါသည်။ ထို့အတွက်ကြောင့် HIV ကူးစက်ခံလာရပါက မိမိ၏ဇနီးထံ ထပ်မံကူးစက်ခြင်း မျိုးနှင့် သားသမီးများကိုပါ ထပ်မံကူးစက်စေခြင်းများဖြစ်လာပါတော့သည်။
အချို့မိဘများသည်လည်း သားသမီးများကိုဆုံးမရာတွင် အဖေနှင့်သား၊ အမေနှင့်သမီးပင်ဖြစ်လင့်က စားယဉ်ကျေးမှုသဘောအရ လိင်ကိစ္စပြောဆိုဆုံးမမှုများ မြန်မာ့အသိုင်းအဝိုင်းတွင် ယနေ့အထိရှက်စရာဟု ထင် မှတ်နေဆဲပင်ဖြစ်ပါသည်။ ထိုအတွက်ကြောင့်ကုသမှုစနစ်သည် တစ်ဟုန်ထိုးရပ်တန့်သွားလိမ့်မည်ဟု သတ်မှတ် ထားလို့မရဘဲအရှိန်တစ်ခုသာ လျော့ကျသွားနိုင်သဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို လူတိုင်းသတိထား သင့်ကြောင်း ရေးသားလိုက်ရပါတော့သည်။
Author: လှိုင် (PEER) Vol-8 / No-11 Healthcare Journal