(Zawgyi)
ဝမ္းတစ္လုံးေကာင္း၊ ေခါင္းမခဲဘူးဆိုတဲ့ ျမန္မာဆို႐ိုးစကားရွိပါတယ္။ ဝမ္းခ်ဳပ္ျခင္းနဲ႔ဆိုင္ပါတယ္။ သည္ တစ္ပတ္မဂၤလာေမာင္မယ္ က်န္းမာေရးစကားဝိုင္းမွာ ဝမ္းခ်ဳပ္ျခင္းနဲ႔ဓာတ္စာအေၾကာင္း ေဆြးေႏြးထားပါတယ္။
ေမာင္ – ဝမ္းခ်ဳပ္ျခင္းဘာေၾကာင့္ ျဖစ္ရသလဲဆရာ။
ေဒါက္တာမဂၤလာ – အဓိကအေၾကာင္းရင္းေတြထဲက ေဆးဝါးမ်ား၊ ကိုယ္တြင္းေရာဂါမ်ား၊ အျခားအေၾကာင္းမ်ား ေၾကာင့္ေတြ႕ရၿပီး အူလမ္းေၾကာင္းပိတ္ဆို႔ျခင္းႏွင့္ အူလမ္းေၾကာင္းမပိတ္ဆို႔ဘဲ ဝမ္းခ်ဳပ္ျခင္းဆိုၿပီးရွိပါတယ္။
မယ္ – ေဆးဝါးမ်ားေၾကာင့္ ဝမ္းခ်ဳပ္ျခင္းေျပာျပပါဆရာ။
ေဒါက္တာမဂၤလာ – အလူမီနီယမ္ပါတဲ့ အစာအိမ္ေဆး၊ ကိုဒင္းပါတဲ့အကိုက္အခဲေပ်ာက္ေဆး၊ သံဓာတ္ပါတဲ့ အားေဆး၊ စိတ္က်ေရာဂါကုေဆး၊ ေသြးတိုးက်ေဆးႏွင့္မူးယစ္ေဆးဝါးမ်ားပါဝင္တယ္။
ေမာင္ – ကိုယ္တြင္းေရာဂါေတြအေၾကာင့္ ဝမ္းခ်ဳပ္ျခင္းအေၾကာင္းေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – ဆီးခ်ိဳေရာဂါ၊ ေက်ာက္ကပ္အားနည္းေရာဂါ၊ ပိုတက္စီယမ္ဓာတ္နည္းျခင္း၊ ကယ္ဆီယမ္ ဓာတ္မ်ားျခင္း၊ သိုင္း႐ြိဳက္ဂလင္းအားနည္းေရာဂါ၊ ကိုယ္ဝန္ရွိျခင္းတို႔မွာ ဝမ္းခ်ဳပ္တတ္ပါတယ္။
မယ္ – အျခားအေၾကာင္းေတြေၾကာင့္ ဝမ္းခ်ဳပ္ျခင္းအေၾကာင္းေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – အစားအေသာက္လြဲမွားျခင္း အသီးအႏွံ၊ အသီးအ႐ြက္၊ အမွ်င္ဓာတ္မ်ားမစားျခင္း၊ ဝမ္း သြားအက်င့္မမွန္ျခင္း၊ အသက္ႀကီးသူမ်ားကာလရွည္အိပ္ယာထဲလဲေနသူမ်ား အခ်ိန္ၾကာျမင့္ေအာင္ကား၊ ရ ထား၊ ေလယာဥ္ပ်ံ၊ သေဘၤာစီးရသူမ်ားမွာ ဝမ္းခ်ဳပ္တတ္ပါတယ္။
ေမာင္ – အူလမ္းေၾကာင္းပိတ္ဆို႔ျခင္းေၾကာင့္ ဝမ္းခ်ဳပ္ျခင္းအေၾကာင္းေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – အူမႀကီးကင္ဆာ၊ အူကြၽံျခင္း၊ အူေခါက္ျခင္း၊ စအိုဝက်ဥ္းျခင္း၊ နာတာရွည္အူမႀကီးေရာင္ ျခင္း၊ အူမႀကီးကိုေသြးလွည့္ပတ္မႈနည္းျခင္းတို႔ ေတြ႕ႏိုင္ပါတယ္။
မယ္ – အူလမ္းေၾကာင္းမပိတ္ဆို႔ဘဲ ဝမ္းခ်ဳပ္ျခင္းအေၾကာင္းေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – အူလမ္းေၾကာင္းလႈပ္ရွားမႈ ပုံမမွန္ျခင္း၊ အူမႀကီးပုံမွန္ထက္အဆမတန္က်ယ္ျခင္း၊ စအိုကြၽံ ျခင္း၊ ဝမ္းညႇစ္ႂကြက္သားအားနည္းျခင္း၊ စိတ္က်ေရာဂါဝမ္းကိုပုံမွန္မသြားဘဲ ခ်ဳပ္တည္းထားျခင္းျဖစ္တယ္။
ေမာင္ – ဝမ္းခ်ဳပ္ျခင္းအတြက္စမ္းသပ္စစ္ေဆးမႈမ်ားက ဘာေတြရွိမလဲဆရာ။
ေဒါက္တာမဂၤလာ – အူလမ္းေၾကာင္လႈပ္ရွားမႈပုံစံမမွန္ျခင္း၊ အူမႀကီးပုံမွန္ထက္အဆမတန္က်ယ္ျခင္း၊ စအိုကြၽံ ျခင္း၊ ဝမ္းညႇစ္ႂကြက္သားအားနည္းျခင္း၊ စိတ္က်ေရာဂါ၊ ဝမ္းကိုပုံမွန္မသြားဘဲ ခ်ဳပ္တည္းျခင္းမ်ားကိုဝမ္းေပ်ာ့ ေဆးေပးႏိုင္တယ္။ ပုံမွန္စစ္ေဆးမႈမ်ားမွ ဝမ္းသြားလမ္းေၾကာင္း စစ္ေဆးျခင္း၊ ေသြးစစ္ေဆးျခင္း၊ ယူရီးယားႏွင့္ ဓာတ္ဆားစစ္ေဆးျခင္း၊ အျခားစမ္းသပ္မႈမ်ားနဲ႔ အူလမ္းေၾကာင္းေဆးသြင္းဓာတ္မွန္႐ိုက္ျခင္း၊ အူလမ္းေၾကာင္း ဓာတ္ျပားၾကည့္ျခင္း၊ စအိုဝအသားစယူၿပီး စစ္ေဆးျခင္း၊ ပူေဖာင္းနဲ႔ေလသြင္းစစ္ေဆးျခင္း၊ အူလမ္းေၾကာင္း ႂကြက္သားစစ္ေဆးျခင္းကို လိုအပ္ပါတယ္။
မယ္ – ဆရာဝန္နဲ႔ျပသင့္တဲ့ ေရာဂါလကၡဏာမ်ားကေရာဆရာ။
ေဒါက္တာမဂၤလာ – ကိုယ္အေလးခ်ိန္သိသိသာသာေလ်ာ့ျခင္း၊ ဝမ္းသြားအားမရျခင္း၊ ဝမ္းက်ဥ္းျခင္း၊ ဗိုက္ေဖာင္း လာျခင္း၊ ဝမ္းသြားလိုက္ခ်ဳပ္လိုက္ျဖစ္ျခင္း၊ ဗိုက္တြင္းအလုံးေပၚျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ သာမန္ထက္ပိုၿပီးေမာ ပန္းလာျခင္း၊ ေသြးအန္ျခင္း၊ ဗိုက္နာျခင္း၊ မိမိေဆြမ်ိဳးမွာအူမႀကီးကင္ဆာရွိသူမ်ား ျဖစ္တတ္တယ္။
ေမာင္ – ကုသနည္းမ်ားအေၾကာင္းရွင္းျပပါဆရာ။
ေဒါက္တာမဂၤလာ – အေထြေထြကုသနည္းမ်ား၊ ဝမ္းပုံမွန္သြားေအာင္အက်င့္ျပဳလုပ္ေပးျခင္း၊ ေဆးဝါးနဲ႔ကုသ ျခင္း၊ ခြဲစိပ္ကုသျခင္းတို႔ျဖစ္ပါတယ္။
မယ္ – အေထြေထြကုသနည္းမ်ားအေၾကာင္း ရွင္းျပပါဆရာ။
ေဒါက္တာမဂၤလာ – ဝမ္းခ်ဳပ္ျခင္းျဖစ္ေစတဲ့အျခားေရာဂါမ်ား ရွာရမယ္။ ဝမ္းခ်ဳပ္ေစတဲ့ေဆးဝါးနဲ႔ ဝမ္းႏႈတ္ေဆးစား ျခင္းရပ္ထားရပါမယ္။ အမွ်င္ဓာတ္မ်ားပါဝင္တဲ့ အသီးအႏွံနဲ႔ဟင္းသီးဟင္း႐ြက္ မ်ားမ်ားစားရမယ္။ ေရ၊ ေဖ်ာ္ရည္ နဲ႔အခ်ိဳရည္မ်ားမ်ားေသာက္ရမယ္။ တစ္ေန႔ေရသန႔္ သုံးဗူးေသာက္ရမယ္။ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေဆးလိပ္၊ ကြမ္းေရွာင္ရမယ္။ ေန႔စဥ္ကိုယ္လက္လႈပ္ရွားအားကစား နာရီဝက္မွတစ္နာရီ (အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီး စီး) လုပ္ရမယ္။ အမွ်င္ဓာတ္ပါတဲ့အစာစား ေပးရမယ္။
ေမာင္ – ဝမ္းမွန္ဖို႔ ဘယ္လိုျပဳက်င့္သင့္သလဲဆရာ။
ေဒါက္တာမဂၤလာ – မနက္ပိုင္း၊ ပုံမွန္အိမ္သာမွာအက်င့္လုပ္ၿပီး ဝမ္းသြားသင့္တယ္။ အခ်ိန္မွန္အိမ္သာထိုင္ပါ။
မယ္ – ေဆးဝါးနဲ႔ကုသျခင္း အေၾကာင္းေဆြးေႏြးပါဆရာ။
ေဒါက္တာမဂၤလာ – ဝမ္းသြားလြယ္တဲ့ေဆးမ်ား၊ ဝမ္းေပ်ာ့ေဆးမ်ား၊ ဝမ္းရဲ႕ေရပမာဏမ်ားေစတဲ့ေဆးမ်ား၊ အူ လမ္းေၾကာင္းကိုလႈံ႕ေဆာ္တဲ့ေဆးမ်ား (ေပြးကိုင္း) အူလႈပ္ရွားမႈျမန္ေစတဲ့ ေဆးဝါး၊ ဝမ္းခ်ဴေတာင့္၊ ဝမ္းခ်ဴေဘာ လုံးမ်ားသုံးစြဲႏိုင္ပါတယ္။
ေမာင္ – ခြဲစိပ္ကုသနည္းအေၾကာင္း ရွင္းျပပါဆရာ။
ေဒါက္တာမဂၤလာ – အူလမ္းေၾကာင္းပိတ္ျခင္းနဲ႔ အူမႀကီးကင္ဆာျဖစ္ျခင္းတို႔မွာ ခြဲစိပ္ကုသမႈခံယူဖို႔လိုတယ္။
မယ္ – ဝမ္းႏႈတ္ေဆးရဲ႕ ဆိုးက်ိဳးေတြကေရာဆရာ။
ေဒါက္တာမဂၤလာ – ဝမ္းႏႈတ္ေဆးၾကာရွည္စြဲေသာက္ရင္ ခႏၶာကိုယ္တြင္ပိုတက္စီယမ္ဓာတ္ ေလ်ာ့နည္းျခင္းက ႂကြက္တက္ျခင္း၊ ႂကြက္သားအားနည္းျခင္း၊ ေမာပန္းလြယ္ျခင္း၊ ႏွလုံးခုန္မမွန္ျခင္းျဖစ္ႏိုင္ပါတယ္။ အူလမ္း ေၾကာင္းႂကြက္သားမ်ား ညႇစ္အားေလ်ာ့နည္းကာ ဝမ္းႏႈတ္ေဆးမေသာက္ရင္မသြားဘဲရွိတယ္။ ႏွစ္ရွည္လမ်ား ဝမ္းႏႈတ္ေဆးစားလို႔ အူမႀကီးအေျမႇးပါး အေရာင္ေျပာင္းကာလုပ္ငန္းမ်ားေစတယ္။ အခ်ိဳ႕ဝမ္းႏႈတ္ေဆးကို ကိုယ္ ဝန္ေဆာင္စဥ္မသုံးသင့္ပါ။ ဆီးခ်ိဳေရာဂါမွာ မသုံးသင့္ပါ။
ေမာင္ – အဓိက မွတ္ထားရမွာေတြရွင္းျပပါဆရာ။
ေဒါက္တာမဂၤလာ – ဝမ္းခ်ဳပ္ျခင္းဟာအစားအေသာက္ ပုံမွန္မရျခင္း၊ ေရေသာက္နည္းျခင္း၊ ဝမ္းကိုအက်င့္လုပ္ ၿပီးသြားျခင္း၊ အူလမ္းေၾကာင္းလႈပ္ရွားမႈမမွန္ျခင္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈေန႔စဥ္နာရီဝက္ မလုပ္လို႔ျဖစ္တယ္။ ဝမ္း ခ်ဳပ္ျခင္းဟာအူမႀကီးကင္ဆာနဲ႔ အျခားေရာဂါမ်ားရဲ႕ကနဦး ေရာဂါလကၡဏာျဖစ္တယ္။ လိပ္ေခါင္းေရာဂါေၾကာင့္ စအိုမွေသြးဆင္းသူမ်ား၊ ႏွလုံးေရာဂါနဲ႔ေဆးဝါးသုံးစြဲသူမ်ားဟာ ဝမ္းေပ်ာ့ေဆးသုံးရမယ္။
Author: ေဒါက္တာမဂၤလာ (Vol-8 / No-11) Healthcare Journal
(Unicode)
ဝမ်းတစ်လုံးကောင်း၊ ခေါင်းမခဲဘူးဆိုတဲ့ မြန်မာဆိုရိုးစကားရှိပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ဆိုင်ပါတယ်။ သည် တစ်ပတ်မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ ဝမ်းချုပ်ခြင်းနဲ့ဓာတ်စာအကြောင်း ဆွေးနွေးထားပါတယ်။
မောင် – ဝမ်းချုပ်ခြင်းဘာကြောင့် ဖြစ်ရသလဲဆရာ။
ဒေါက်တာမင်္ဂလာ – အဓိကအကြောင်းရင်းတွေထဲက ဆေးဝါးများ၊ ကိုယ်တွင်းရောဂါများ၊ အခြားအကြောင်းများ ကြောင့်တွေ့ရပြီး အူလမ်းကြောင်းပိတ်ဆို့ခြင်းနှင့် အူလမ်းကြောင်းမပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းဆိုပြီးရှိပါတယ်။
မယ် – ဆေးဝါးများကြောင့် ဝမ်းချုပ်ခြင်းပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အလူမီနီယမ်ပါတဲ့ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့အကိုက်အခဲပျောက်ဆေး၊ သံဓာတ်ပါတဲ့ အားဆေး၊ စိတ်ကျရောဂါကုဆေး၊ သွေးတိုးကျဆေးနှင့်မူးယစ်ဆေးဝါးများပါဝင်တယ်။
မောင် – ကိုယ်တွင်းရောဂါတွေအကြောင့် ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ ပိုတက်စီယမ်ဓာတ်နည်းခြင်း၊ ကယ်ဆီယမ် ဓာတ်များခြင်း၊ သိုင်းရွိုက်ဂလင်းအားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်းတို့မှာ ဝမ်းချုပ်တတ်ပါတယ်။
မယ် – အခြားအကြောင်းတွေကြောင့် ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အစားအသောက်လွဲမှားခြင်း အသီးအနှံ၊ အသီးအရွက်၊ အမျှင်ဓာတ်များမစားခြင်း၊ ဝမ်း သွားအကျင့်မမှန်ခြင်း၊ အသက်ကြီးသူများကာလရှည်အိပ်ယာထဲလဲနေသူများ အချိန်ကြာမြင့်အောင်ကား၊ ရ ထား၊ လေယာဉ်ပျံ၊ သင်္ဘောစီးရသူများမှာ ဝမ်းချုပ်တတ်ပါတယ်။
မောင် – အူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အူမကြီးကင်ဆာ၊ အူကျွံခြင်း၊ အူခေါက်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည်အူမကြီးရောင် ခြင်း၊ အူမကြီးကိုသွေးလှည့်ပတ်မှုနည်းခြင်းတို့ တွေ့နိုင်ပါတယ်။
မယ် – အူလမ်းကြောင်းမပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်ခြင်း၊ အူမကြီးပုံမှန်ထက်အဆမတန်ကျယ်ခြင်း၊ စအိုကျွံ ခြင်း၊ ဝမ်းညှစ်ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါဝမ်းကိုပုံမှန်မသွားဘဲ ချုပ်တည်းထားခြင်းဖြစ်တယ်။
မောင် – ဝမ်းချုပ်ခြင်းအတွက်စမ်းသပ်စစ်ဆေးမှုများက ဘာတွေရှိမလဲဆရာ။
ဒေါက်တာမင်္ဂလာ – အူလမ်းကြောင်လှုပ်ရှားမှုပုံစံမမှန်ခြင်း၊ အူမကြီးပုံမှန်ထက်အဆမတန်ကျယ်ခြင်း၊ စအိုကျွံ ခြင်း၊ ဝမ်းညှစ်ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဝမ်းကိုပုံမှန်မသွားဘဲ ချုပ်တည်းခြင်းများကိုဝမ်းပျော့ ဆေးပေးနိုင်တယ်။ ပုံမှန်စစ်ဆေးမှုများမှ ဝမ်းသွားလမ်းကြောင်း စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ယူရီးယားနှင့် ဓာတ်ဆားစစ်ဆေးခြင်း၊ အခြားစမ်းသပ်မှုများနဲ့ အူလမ်းကြောင်းဆေးသွင်းဓာတ်မှန်ရိုက်ခြင်း၊ အူလမ်းကြောင်း ဓာတ်ပြားကြည့်ခြင်း၊ စအိုဝအသားစယူပြီး စစ်ဆေးခြင်း၊ ပူဖောင်းနဲ့လေသွင်းစစ်ဆေးခြင်း၊ အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်းကို လိုအပ်ပါတယ်။
မယ် – ဆရာဝန်နဲ့ပြသင့်တဲ့ ရောဂါလက္ခဏာများကရောဆရာ။
ဒေါက်တာမင်္ဂလာ – ကိုယ်အလေးချိန်သိသိသာသာလျော့ခြင်း၊ ဝမ်းသွားအားမရခြင်း၊ ဝမ်းကျဉ်းခြင်း၊ ဗိုက်ဖောင်း လာခြင်း၊ ဝမ်းသွားလိုက်ချုပ်လိုက်ဖြစ်ခြင်း၊ ဗိုက်တွင်းအလုံးပေါ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ သာမန်ထက်ပိုပြီးမော ပန်းလာခြင်း၊ သွေးအန်ခြင်း၊ ဗိုက်နာခြင်း၊ မိမိဆွေမျိုးမှာအူမကြီးကင်ဆာရှိသူများ ဖြစ်တတ်တယ်။
မောင် – ကုသနည်းများအကြောင်းရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အထွေထွေကုသနည်းများ၊ ဝမ်းပုံမှန်သွားအောင်အကျင့်ပြုလုပ်ပေးခြင်း၊ ဆေးဝါးနဲ့ကုသ ခြင်း၊ ခွဲစိပ်ကုသခြင်းတို့ဖြစ်ပါတယ်။
မယ် – အထွေထွေကုသနည်းများအကြောင်း ရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းချုပ်ခြင်းဖြစ်စေတဲ့အခြားရောဂါများ ရှာရမယ်။ ဝမ်းချုပ်စေတဲ့ဆေးဝါးနဲ့ ဝမ်းနှုတ်ဆေးစား ခြင်းရပ်ထားရပါမယ်။ အမျှင်ဓာတ်များပါဝင်တဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည် နဲ့အချိုရည်များများသောက်ရမယ်။ တစ်နေ့ရေသန့် သုံးဗူးသောက်ရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းရှောင်ရမယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစား နာရီဝက်မှတစ်နာရီ (အပြေး၊ လမ်းလျှောက်၊ စက်ဘီး စီး) လုပ်ရမယ်။ အမျှင်ဓာတ်ပါတဲ့အစာစား ပေးရမယ်။
မောင် – ဝမ်းမှန်ဖို့ ဘယ်လိုပြုကျင့်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – မနက်ပိုင်း၊ ပုံမှန်အိမ်သာမှာအကျင့်လုပ်ပြီး ဝမ်းသွားသင့်တယ်။ အချိန်မှန်အိမ်သာထိုင်ပါ။
မယ် – ဆေးဝါးနဲ့ကုသခြင်း အကြောင်းဆွေးနွေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းသွားလွယ်တဲ့ဆေးများ၊ ဝမ်းပျော့ဆေးများ၊ ဝမ်းရဲ့ရေပမာဏများစေတဲ့ဆေးများ၊ အူ လမ်းကြောင်းကိုလှုံ့ဆော်တဲ့ဆေးများ (ပွေးကိုင်း) အူလှုပ်ရှားမှုမြန်စေတဲ့ ဆေးဝါး၊ ဝမ်းချူတောင့်၊ ဝမ်းချူဘော လုံးများသုံးစွဲနိုင်ပါတယ်။
မောင် – ခွဲစိပ်ကုသနည်းအကြောင်း ရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အူလမ်းကြောင်းပိတ်ခြင်းနဲ့ အူမကြီးကင်ဆာဖြစ်ခြင်းတို့မှာ ခွဲစိပ်ကုသမှုခံယူဖို့လိုတယ်။
မယ် – ဝမ်းနှုတ်ဆေးရဲ့ ဆိုးကျိုးတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းနှုတ်ဆေးကြာရှည်စွဲသောက်ရင် ခန္ဓာကိုယ်တွင်ပိုတက်စီယမ်ဓာတ် လျော့နည်းခြင်းက ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်းဖြစ်နိုင်ပါတယ်။ အူလမ်း ကြောင်းကြွက်သားများ ညှစ်အားလျော့နည်းကာ ဝမ်းနှုတ်ဆေးမသောက်ရင်မသွားဘဲရှိတယ်။ နှစ်ရှည်လများ ဝမ်းနှုတ်ဆေးစားလို့ အူမကြီးအမြှေးပါး အရောင်ပြောင်းကာလုပ်ငန်းများစေတယ်။ အချို့ဝမ်းနှုတ်ဆေးကို ကိုယ် ဝန်ဆောင်စဉ်မသုံးသင့်ပါ။ ဆီးချိုရောဂါမှာ မသုံးသင့်ပါ။
မောင် – အဓိက မှတ်ထားရမှာတွေရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းချုပ်ခြင်းဟာအစားအသောက် ပုံမှန်မရခြင်း၊ ရေသောက်နည်းခြင်း၊ ဝမ်းကိုအကျင့်လုပ် ပြီးသွားခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်နာရီဝက် မလုပ်လို့ဖြစ်တယ်။ ဝမ်း ချုပ်ခြင်းဟာအူမကြီးကင်ဆာနဲ့ အခြားရောဂါများရဲ့ကနဦး ရောဂါလက္ခဏာဖြစ်တယ်။ လိပ်ခေါင်းရောဂါကြောင့် စအိုမှသွေးဆင်းသူများ၊ နှလုံးရောဂါနဲ့ဆေးဝါးသုံးစွဲသူများဟာ ဝမ်းပျော့ဆေးသုံးရမယ်။
Author: ဒေါက်တာမင်္ဂလာ (Vol-8 / No-11) Healthcare Journal