ဇီဝကတို့တတွေ တစ်ခါတစ်လေ ခရီးသွားလို့ တည်းခိုအိမ်မှာ အိပ်လို့
ပဲဖြစ်ဖြစ် ၊မိမိအိမ်မှာ အိပ်လို့ပဲဖြစ်ဖြစ် အိပ်ရာတို့ ဖျာတို့မှာ တုံးကနဲ လှဲ့ချပြီး အိပ်
တာနဲ့ အုန်းကနဲ ရွစိရွစိနဲ့ ခြေလက်နဲ့ ကိုယ်အနှံ့ကို ရွစိ ရွစိနဲ့ ကြမ်းပိုး ထိုးခံဖူးကြ
မှာပါ ။
ဘာလို့ ကြမ်းပိုးလို့ ခေါ်လဲဆိုရင် အဲ့ဒီပိုးကောင်လေးတွေဟာ နွေးထွေး
တဲ့ ပတ်ဝန်းကျင်ကို နှစ်ခြိုက်လို့ပါ ။ဒါကြောင့် အိမ်ထဲမှာ ၊မွေ့ရာတို့ ၊ဖျာတို့ စတဲ့
နွေးတဲ့နေရာတွေမှာ နေထိုင်ရှင်သန်တာပါ ။သူတို့ဟာ လူတွေရဲ့ သွေးကို အာဟာရ
အဖြစ်မှီဝဲရတဲ့ ကပ်ပါးပိုးတစ်မျိုးပါ ။အနောက်တိုင်းလိုတော့ အိပ်ရာထက်မှာ အတွေ့
များလို့ Bed bugs လို့ခေါ်သဗျ ။
ကြမ်းပိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ပေါက်ပွားခဲ့ကြ
တာပါ။ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာတော့ ၁၉၄၅ ုပြည့်နှစ်လွန် ကတည်းက ပေါက်
ပွားနှုန်း ထိန်းချုပ်နိုင်ခဲ့ပါတယ် ။
ကြမ်းပိုးမျိုးစိတ်ပေါင်း ဟာဖြင့် ၂၈မျိုးမက ရှိပါတယ် ။ ။အဓိက ကတော့
Cimex Letularius မျိုးနွယ်ပါပဲ ။ကြမ်းပိုးပေါက်လေးတွေဟာ အရွယ်အားဖြင့် သေး
ငယ်သလို အရောင်အဆင်းအားဖြင့်လည်း ပိုဖျော့ပါတယ် ။အရွယ်ရောက်လာရင်
တော့ အညိုရောင် ၊ဒါမှမဟုတ် နီညိုရောင်အဆင်း ပိုထင်းလာကာ ဘဲဥပုံ ခပ်ဝိုင်းဝိုင်း
ကလေး အဖြစ် ကြီးထွားလာပါတယ် ။အရွယ်ရောက်ပြီး ကြမ်းပိုးကောင် တစ်ကောင်
ရဲ့ အရွယ်ဟာ အရှည်အားဖြင်း ၄-၅ မီလီမီတာလောက်ရှိပြီး အကျယ်အားဖြင့် ၂-၃
မီလီမီတာလောက်ရှိပါတယ် ။ဒါ့အပြင် ဝမ်းဗိုက်ဟာလည်း အဆစ်အပိုင်း အပိုင်းလေး
တွေသဖွယ် ဖြစ်နေတတ်ပါသေးတယ် ။
ကြမ်းပိုးတွေဟာ အပူအအေးဒဏ်လည်း ခံနိုင်ကြပါတယ် ။အပူချိန်ဆို
ရင် ၄၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်သလို ၊အအေးဒဏ်ဆိုရင် အနှုတ် ၁၀ ဒီဂရီစင်တီ
ဂရိတ်ထိ ခံနိုင်ကြပါတယ် ။ထို အပူချိန်တွေထက် ကျော်ရင် ၊လျော့ရင်တော့ သေ
ကုန်ပါတယ် ။
ကြမ်းပိုး ကိုက်ကိုက်ချင်းမှာ တချို့တွေက မယားတတ်ဘဲ အချိန်အနည်း
ငယ်ကြာမှ လက္ခဏာတွေပြကြပါတယ် ။အများအားဖြင့် အရေပြားဟာ ယားလာမယ်
။ကုတ်ရင် နီလာမယ် ။စပ်ဖျဉ်း စပ်ဖျဉ်းနဲ့ ရွစိ ရွစိ ဖြစ်မယ် ။အင်ပြင်ထသလို ဖြစ်လာ
မယ် ။အရမ်းဆိုးရင် အရေကြည်ဖုတွေ ပေါ်လာမယ် ။
ကြမ်းပိုးကိုက်တာကို ဘယ်လိုလုပ်ရမလဲဆိုရင်
၁) တစ်လတစ်ခါ မလဲပါနဲ့ ၃ ရက်တစ်ခါ လဲပါ
၂) တတ်နိုင်ရင် ကုတင်ကအစ မွေ့ရာ ခြင်ထောင် စောင် ခေါင်းဦး ဖျာ အားလုံး
အသစ်သုံးပါ
၃) အဟောင်းသုံးမယ်ဆိုရင် ၂ရက် ၁ခါ ပြုတ်လျှော် ပါ နေပူလှန်းပါ
၄) ကြမ်းပိုးရှိတဲ့ အိပ်ရာခင်း စောင် ခေါင်းအုံးတွေ ၊ဖျာတွေကို ဖုန်စပ်စက်နဲ့ ကြမ်းပိုး
တွေကို စုပ်ပစ်နိုင်တယ် ။
၅) ကြမ်းပိုးရှိတဲ့ အိပ်ရာခင်း စောင် ခေါင်းအုံးတွေ ၊ဖျာတွေကို နေရောင်ထဲမှာ ၁-၂
နာရီလောက် နေလှန်း ဖုန်ခါ လုပ်ပေးနိုင်တယ် ။
၆) malathion,pyrethroids, dichlorvos တစ်မျိုး မျိုးပါသော ပိုးသတ်ဆေးဖျန်းပါ
Author: ခေတ်သစ် ဇီဝက