ဂျင်ဆင်း
သုတေသနများအရ ဂျင်ဆင်းအသုံးပြုခြင်းသည် သွေးဆုံးချိန်အတွင်းကျန်းမာရေးကောင်းမွန်စေနိုင် ကြောင်းသိရသည်။ ဂျင်ဆင်းသည် စိတ်ခံစားချက်ကို ကောင်းမွန်စေနိုင်ပြီး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ ကိုအထောက်အကူပြုစေနိုင်သည်။ အမေရိကန်နှင့်ကိုရီးယားဂျင်ဆင်းများသည် သွေးဆုံးခြင်းလက္ခဏာပူရှိန်း ရှိန်းခံစားရခြင်းကို သက်သာစေနိုင်သည်။
ပဲပြား
အမေရိကမှ သွေးဆုံးအရွယ်အမျိုးသမီးများသည် အာရှမှအမျိုးသမီးများထက် ရှစ်ဆကျော်သွေးဆုံး ခြင်းလက္ခဏာတစ်ခုဖြစ်သော ပူရှိန်းရှိန်းခံစားရခြင်းကို ဖြစ်စေနိုင်သည်။ အဆိုပါအချက်မှာ အာရှိအစားအ သောက်တွင်ပဲပြားအစားများသောကြောင့် ဖြစ်နိုင်ကြောင်း သုတေသနများအရ သိရသည်။ ပဲပြားနှင့်တို့ဖူးများ တွင်အီစတိုဂျင်ကဲ့သို့ဓာတ်များပါဝင်ပြီး သွေးဆုံးချိန်တွင်ခံစားရလေ့ရှိသည့် ပူရှိန်းရှိန်းဖြစ်ခြင်းကို သက်သာစေ နိုင်သည်။
မျောက်ဥပင်
မျောက်ဥမျိုးနွယ်အပင်များမှ ရရှိသောဆေးဖက်ဝင်အာနိသင်မှာ သွေးဆုံးခြင်းလက္ခဏာများကို သက် သာစေနိုင်ခြင်းဖြစ်သည်။ ၎င်းအပင်မှထုတ်လုပ်ထားသော ဆေးများကိုတိုင်းရင်းဆေးအချို့တွင် အသုံးပြုလေ့ရှိ ကြသည်။
နွားစာပင်
အမျိုးသမီးအများစုသည် သွေးဆုံးခြင်းလက္ခဏာများကို သက်သာစေနိုင်ရန်အတွက် နွားစာပင်ကိုသ ဘာဝဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုလေ့ရှိကြသည်။ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ကိုလည်း ထိန်းညှိ ပေးနိုင်သည်။ ယခင်သုတေသနတစ်ခုတွင် နွားစာပင်ကိုအချိန်ကြာမြင့်စွာ သုံးစွဲပါကသားအိမ်နှင့်ဆိုင်သောရော ဂါများဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ဆုံးသုတေသနများအရ သားအိမ်နှင့်ဆိုင်သောကင်ဆာ ရောဂါများဖြစ်စေနိုင်သည်မှာ မမှန်ကန်ကြောင်းတွေ့ရှိထားသည်။ သို့ရာတွင် အသုံးပြုမည်ဆိုပါက ဆရာဝန်တစ် ဦးဦး၏အကြံဉာဏ်ရယူသင့်ပါသည်။
ပိုက်ဆံလျှော်အစေ့
ပိုက်ဆံလျှော်အစေ့နှင့် အဆီမှာအချို့အမျိုးသမီးများတွင် သွေးဆုံးခြင်းလက္ခဏာများကို သက်သာစေ နိုင်သည်။ ၎င်းတွင်လိုင်နန်ဓာတ်များစွာ ပါဝင်ပြီး အမျိုးသမီးဟော်မုန်းများကို ထိန်းညှိပေးနိုင်သော antioxidant တစ်မျိုးဖြစ်သည်။ အချို့သုတေသနများတွင်လည်း သွေးဆုံးရာတွင်ခံစားရသော ပူရှိန်းရှိန်းဖြစ်ခြင်းကို သက်သာ စေနိုင်ကြောင်းတွေ့ရသည်။
Black Chosh ပန်းပင်
Black Chosh ပန်းပင်သည် သွေးဆုံးပြီးအမျိုးသမီးများအတွက် သင့်လျော်သောဆေးဖက်ဝင်အပင် အ ဖြစ်သိရှိထားကြသည်။ ၎င်းသည် မြောက်အမေရိကမျိုးရင်းဖြစ်ပြီး သုတေသနများအရသွေးဆုံးခြင်း လက္ခဏာ ဖြစ်သောပူရှိန်းရှိန်းခံစားရခြင်းကို သက်သာစေနိုင်ကြောင်းသိရသည်။ အထူးသတိထားရမည့်အချက်မှာ အ သည်းရောဂါရှိသူများတွင် အသုံးမပြုရန်ဖြစ်သည်။
ကယ်လ်စီယမ်
သွေးဆုံးပြီး အမျိုးသမီးများတွင်ဟော်မုန်းများ လျော့နည်းလာပြီး အရိုးများသည်လည်းကျိုးလွယ်လာကြ သည်။ ထို့ကြောင့် သွေးဆုံးပြီးအမျိုးသမီးများ၌ ကယ်လ်ဆီယမ်ဓာတ် လုံလောက်စွာရရှိရန်လိုအပ်ပါသည်။ အ သက် ၅၀ အောက်အမျိုးသမီးများတွင် တစ်နေ့လျှင် ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်လိုအပ်ပြီး အသက် ၅၀ နှင့်အထက်၌ ၁၂၀၀ မီလီဂရမ်လိုအပ်ပါသည်။ ကယ်လ်ဆီယမ်ဓာတ်ကို အစားအစာများမှရရှိစေနိုင်ပြီး မလုံ လောက်ပါကကယ်လ်ဆီယမ်ပါဝင်သော ဖြည့်စွက်ဆေးများသောက်သုံးပေးနိုင်ပါသည်။
ဗီတာမင်ဒီ
ဗီတာမင်ဒီသည် ကယ်လ်ဆီယမ်ဓာတ်ကဲ့သို့ပင် အရိုးကျန်းမာရေးအတွက်အရေးကြီးလှပါသည်။ ဗီတာ မင်ဒီ လုံလောက်စွာမရရှိလျှင် ခန္ဓာကိုယ်မှကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်မည်မဟုတ်ပေ။ အရွယ်ရောက်ပြီး သူများတွင်တစ်နေ့လျှင် ဗီတာမင်ဒီ 600 IU လိုအပ်ပြီး ၇၁ နှစ်နှင့်အထက်တွင် 800 IU လိုအပ်သည်။ ဗီတာမင် ဒီကိုအစားအစာများနှင့် ဖြည့်စွက်စာများမှရရှိနိုင်ပြီး နေရောင်ခြည်မှလည်း ရရှိနိုင်သည်။ မလုံလောက်ပါက ဆ ရာဝန်၏ညွှန်ကြားချက်ဖြင့် ဖြည့်စွက်သောက်သုံးပေးသင့်သည်။
DEHA ဟော်မုန်း
အသက် ၃၀ ကျော်လာသည်နှင့်ခန္ဓာကိုယ်ရှိ ဟော်မုန်းပမာဏသည် လျော့နည်းသွားလေ့ရှိသည်။ သု တေသနအချို့အရ DEHA ဖြည့်စွက်ဆေးများသည် လိင်စိတ်အားနည်းခြင်းနှင့် ခန္ဓာကိုယ်ပူရှိန်းရှိန်းဖြစ်ခြင်း ခံ စားရသောသွေးဆုံး လက္ခဏာများကို သက်သာစေနိုင်သည်။ သုတေသနတစ်ခုတွင်မူ DEHA ဖြည့်စွက်ဆေး များကိုပမာဏများများ အချိန်ကြာကြာအသုံးပြုပါက ရင်သားကင်ဆာဖြစ်နိုင်ချေများကြောင်း တွေ့ရှိထားသော် လည်းဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ပမာဏမှန်ကန်စွာသောက်သုံးပါက သွေးဆုံးခြင်းလက္ခဏာကို သက်သာ စေနိုင်ကြောင်းသိရသည်။
အကြံပြုချက်
ဖြည့်စွက်ဆေးများကို အသုံးပြုမည်ဆိုပါက ဆရာဝန်တစ်ဦးဦး၏ အကြံဉာဏ်ကိုခံယူသင့်ပါသည်။ ဖြည့် စွက်ဆေးတိုင်းသည်ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပြီးထိုဆိုးကျိုးများကို သတိထားရန်လိုအပ်ပါသည်။ ဖြည့်စွက် ဆေးများနှင့်ဆေးဖက်ဝင်အပင်များသည် မိမိသောက်သုံးနေသည့် ဆေးဝါးအချို့နှင့်ဓာတ်ပြုနိုင်သောကြောင့် သတိထားသောက်သုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဟိန်းဇာနည် (ဆေး – ၂) Vol-8 / No-11 Healthcare Journal