fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အစာကြေပြီးကျန်းမာစေရန်

120
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ရာသီဥတုပြောင်းလဲခြင်းကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်များခံစားရနိုင်ပါသည်။ အစားအ သောက်များလွန်ကဲစွာ စားသောက်မိခြင်းနှင့် အစာမှားခြင်းကြောင့်လည်းလေပွခြင်း၊ လေထခြင်း၊ လေအောင့် ခြင်းနှင့် ဝမ်းချုပ်ခြင်းစသည်တို့သည်လည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် အစာကြေပြီးကျန်းမာစေရန်အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွှတ်သော ဓာတုဆေးဝါးကင်းစင်သည့် အစားအစာများကို ရွေးချယ်စား သောက်ရပါမည်။

မုန်လာဥနီနှင့်တရုတ်နံနံများကို အစိမ်းစားခြင်း
မုန်လာဥနီနှင့် တရုတ်နံနံကဲ့သို့သော ဟင်းသီးဟင်းရွက်စိမ်းများကိုစားသုံးခြင်းဖြင့် အစာကြေပြီးကျန်း မာစေပါသည်။ ၎င်းတို့ကိုကြော်လှော်ချက်ပြုတ်ပါက ဗီတာမင်နှင့်သတ္ထုဓာတ်များ လျော့နည်းသွားတတ်သည်ကို သတိပြုရပါမည်။

ပဲပင်ပေါက်၊ ပဲသီးနှင့်ပဲတောင့်ရှည်များစားခြင်း
သဘာဝအစာခြေအင်ဇိုင်းများပါရှိသော ပဲပင်ပေါက်၊ ပဲသီး၊ ပဲတောင့်ရှည်၊ ပဲနီလေးနှင့်ပဲစေ့များသည်အ စာကြေလွယ်သောကြောင့် စားပေးရပါမည်။

ဖရဲသီး၊ သင်္ဘောသီး၊ သခွားသီးများစားခြင်း
အမျှင်ဓာတ်ကြွယ်ဝသော ဖရဲသီး၊ သင်္ဘောသီး၊ သခွားသီးနှင့်အခွံမာသီးများသည် အူလုပ်ငန်းဆောင် တာများကိုတိုးတက်ကောင်းမွန်စေပြီး အစာကြေညက်ကာဝမ်းမှန်စေပါသည်။ အစာကြေသောအင်ဇိုင်းများ လည်းပေါကြွယ်ဝပါသည်။ နှမ်းစေ့၊ အုတ်ဂျုံ၊ ဖွဲနု၊ နေကြာစေ့များသည်လည်း အစာကြေပြီးကျန်းမာစေပါသည်။

ဒိန်ချဉ်စားခြင်း
သဘာဝနည်းဖြင့်အချဉ်ဖောက်ထားသော အစားအစာများသည်အနံ့အရသာ ကောင်းမွန်စေပြီးအာဟာ ရတန်ဖိုးရှိခြင်းကြောင့် ခုခံအားစနစ်ကိုကောင်းစေပါသည်။ ထို့ကြောင့် ဒိန်ချဉ်ကိုစားသုံးခြင်းဖြင့် အစာကြေလွယ် ပြီးကျန်းမာစေပါသည်။

ပန်းသီး၊ ဆန်လုံးညိုများစားသုံးခြင်း
ပန်းသီးကဲ့သို့ အခွံချွတ်မထားသောသီးနှံများတွင် ဓာတ်တိုးဆန့်ကျင်စေသည့် ပစ္စည်းများစွာပါဝင်ပါ သည်။ အခွံမချွတ်ထားသော ဆန်လုံးညိုများတွင်လည်း အသားဓာတ်၊ ကာဗိုဟိုက်ဒြိတ်ဓာတ်၊ အမျှင်ဓာတ်၊ အ ဆီဓာတ်၊ ဗီတာမင်ဘီနှင့်အီး၊ သတ္ထုဓာတ်များစုံလင်စွာပါဝင်သောကြောင့် အစာကြေလွယ်ပြီးကျန်းမာစေပါ သည်။

ကဖင်းဓာတ်ပါဝင်သော အစားအသောက်နှင့်အချိုရည်များကိုရှောင်ခြင်း
ကဖင်းဓာတ်ပါဝင်သော အစားအသောက်များသည် အစာအိမ်ကိုမအီမသာဖြစ်စေပါသည်။ အချိုရည် များတွင်ပါဝင်သော သကြားဓာတ်သည်လည်းမစာမကြေဘဲ ဖြစ်စေပါသည်။ အစာလည်းဆေး၊ ဆေးလည်းအ စာဆိုသည့်အတိုင်း အစားအသောက် ဟော့ဒေါ့၊ ချောကလက်၊ ပီဇာ၊ ဟန်ဘာဂါစသည်တို့သည် အစာကြေ ညက်မှုမလွယ်သောကြောင့် အလွန်အကျွံမစားသင့်ပါ။ အာလူးကြော်များ၊ အကင်များ၊ ထောပတ်များဝိုင်နှင့်အ ခြားအစာမကြေလွယ်သော အစားအသောက်များကိုရှောင်ကြဉ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

Author: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) Vol-8 / No-6 Healthcare Journal

Previous Post

လိင်တံမတောင့်တင်းသူများအတွက် သဘာဝကုထုံး

Next Post

အသားအရေကျန်းမာလှပစေရန် သစ်သီးများဖြင့်ပေါင်းတင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
597

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေကျန်းမာလှပစေရန် သစ်သီးများဖြင့်ပေါင်းတင်ခြင်း

ကလေး တီဘီရောဂါ

အုန်းလွဲခြင်း ၊ဇက်ခိုင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.