ခြေသည်း / လက်သည်း မှိုစွဲခြင်း
– လက်သည်း၊ခြေသည်း မှိုစွဲခြင်းဟာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်တယ်။
– ပုံမှန်မဟုတ်သော အဖြူစက် ၊ အဝါစက်လေး အနေနှင့် အစပိုင်းမှာ မသိမသာ တွေ့ရလေ့ရှိပါ တယ်။
– မှိုစွြခြင်းပိုဆိုးလာလျှင် လက်သည်း၊ ခြေသည်းများ၊ အရောင်ပြောင်းလာခြင်း၊ ထူလာခြင်း၊ ပုံပျက် လာခြင်း၊ ကျိုးလွယ်ကျွတ်စပ်လာခြင်း၊ ခြေသည်းလက်သည်း တစ်ချောင်းမက မှိုစွဲလာခြင်း ဖြစ်စေ နိုင်ပါတယ်။
– ကုသလို့ ပျောက်ကင်းနိုင်သော်လည်း ပြန်ဖြစ်နိုင်ပါတယ်။
Q လက္ခဏာများ
(1) အရောင်းပြောင်းလာခြင်း
(2) ထူလာခြင်း
(3) ပုံပျက်လာခြင်း
(4) ကျွတ်စပ်လာခြင်း
(5) အနံ့ နံလာခြင်း
Q ဘာကြောင့် ဖြစ်တာလဲ?
အများစုသည် Dermatophyte လို့ ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်ပါတယ်။
လက်သည်းထက် ခြေသည်း မှိုစွဲခြင်းပိုဖြစ်လေ့ရှိပါတယ်။
စိုစိုစွတ်စွတ် ရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရခြင်း။
လက်သည်းညှပ်ကိရိယာများ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်စေပါတယ်။
လူကြီးများတွင် ပိုဖြစ်လေ့ရှိပါတယ်။
Q ပိုဖြစ်နိုင်သော လူအုပ်စု
- အသက်ကြီးလာခြင်း
- ချွေးထွက်များခြင်း
- ခြေထောက်မှိုစွဲရောဂါရှိသူများ
- ဆီးချို ရှိသူများ
- သွေးလည်ပတ်မှုမကောင်းသူများ
- ကိုယ်ခံအား နည်းသူများ
- အရေပြားရောအခံရှိသူများ (Eg- ဆိုရီရေးစစ်ရောဂါ)
- ဖိနပ်မပါဘဲ လျှောက်သွားလေ့ရှိသူများ
- ထိပ်အပိတ် ဖိနပ်များစီးခြင်း
- ခြေ၊ လက်များ အချိန်ကြာရှည်စွာ ရေ နှင့် ထိတွေ့နေရသူများ
- ခြေသည်း၊ လက်သည်းဆိုးလေံ ၊ အတုတပ်လေ့ရှိသူများ
Q နောက်ဆက်တွဲ ဆိုးကျိုးများ
– ဆိုးရွားလျှင် – လက်သည်း၊ ခြေသည်း၊ ထာဝရ ပျက်စီးခြင်း။
– ဆီးချိုရှိလျှင် ဘေးအရေပြားတစ်ဝိုက် အခြား ဘက်တီးရီးယား ပိုးများပါ တွဲဝင်ခြင်း အခြေအနေ (Cellulitis) ဖြစ်နိုင်ပါတယ်။
– ဆီးချိုရှိသူများ ဆရာဝန်နှင့် ပြရန် လိုအပ်ပါတယ်။
Q အိမ်တွင်း ကုထုံး
– ဆရာဝန်ညွှန်ကြားချက်မလိုသော လိမ်းဆေးများ လိမ်းနိုင်သည်။
– ပုံမှန်မဟုတ်သော ခြေသည်း၊လက်သည်းများ ညှပ်ညှပ်ပေးပါ။
Q ဆောင်ရန် ၊ ရှောင်ရန်များ
ဆောင်ရန်
- ခြေလက်ပုံမှန်ဆေးပါ။
- ရေချိုး၊ ရေကူးပြီးလျှင် ခြောက်အောင်သုတ်ပါ။
- ခြေသည်း၊ လက်သည်း၊ ညှပ်ပြီးလျှင် အနားညီအောင် ညှိပါ။
- လက်သည်းညှပ်ကိရိယာများကို သုံးပြီးတိုင်း ပိုးသတ်ပါ။
- ချွေးစုပ်သော ခြေအိတ်ကိုသာဝတ်ပါ။
- ခြေအိတ် ပုံမှန်လဲပါ။
- လေဝင်လေထွက်ကောင်းသော ဖိနပ်ကိုသာဝတ်ပါ။
- အရမ်းဟောင်းသော ရှူးဖိနပ်များ လွှင့်ပစ်ပါ။
- သတ်မှတ်ထားသော ဖိနပ်ကို ရေကူးကန်ဝန်းကျင်တွင် ဝတ်ပါ။
- ခြေသည်း၊ လက်သည်း၊ အလှပြင်ဆိုင်သွားမည်ဆိုလျှင် ကိရိယာများကို ပိုးသတ်၍ ပြုလုပ် ပေး သော ဆိုင်ကိုသာရွေးပါ။
ရှောင်ရန်
- ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း ရှောင်ပါ။
- လက်သည်းညှပ်ကိရိယာများ မျှဝေသုံးစွဲခြင်း မပြုရပါ။
- ခြေသည်းနီဆိုးခြင်း၊ ခြေသည်းတု တပ်ခြင်း တတ်နိုင်သမျှ ရှောင်ပါ။
- သူတစ်ပါး ဖိနပ်များ မျှ၍ ဝတ်ဆင်ခြင်း ရှောင်ပါ။
Q ဆရာဝန်နှင့်ပြသင့်သူများ
- ဆီးချို ရှိသူများ
- ခြေသည်း၊ လက်သည်း ဆိုးရွားစွာ အရောင်ပြောင်းခြင်း၊ ထူလာခြင်း၊ ပုံပျက်လာခြင်းရှိသူများ
- Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)