fbpx

Myanmar (Covid-19 Stats)

😷 43,788 Total Cases
😥 1,066 Deaths
😇 23,708 Recovered

မွေးကင်းစယောက်ျားလေးတွေကို ရွှေပန်းထိပ်အရေပြားဖြတ်ပေးသင့်မသင့်

မွေးကင်းစယောက်ျားလေးတွေကို ရွှေပန်းထိပ်အရေပြားဖြတ်ပေးသင့်မသင့်

 

မွေးကင်းစကလေးကို ရွှေပန်းထိပ်အရေပြားဖြတ်ပေးသင့်မသင့်ဆိုတဲ့မေးခွန်းဟာ

သားယောက်ျားလေးမွေးထားတဲ့မေမေတွေ အမေးများတဲ့မေးခွန်းတခုဖြစ်ပါတယ်။

 

အထူးသဖြင့် ဒီဘက်ခေတ်မှာ ထိပ်အရေပြားဖြတ်ခြင်းဟာ ပိုပြီးခေတ်စားလာပါတယ်။

 

လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ကောင်းကျိုးများစွာရရှိနိုင်တယ်ဆိုတဲ့

အင်တာနက်ပေါ်ကစာတွေ ဖတ်ပြီး ကလေးတွေသာမက လူကြီးပိုင်းတွေပါ

ထိပ်အရေပြားဖြတ်ချင်တဲ့သူတွေများလာပါတယ်။

 

ရွှေပန်းထိပ်အရေပြားဖြတ်ခြင်းဟာ အရင်ခေတ်တွေတုန်းက

ဂျူးလူမျိုးတွေ၊အိန္ဒိယလူမျိုးတွေ အစရှိတဲ့ လူမျိုးတွေမှာပဲ လုပ်လေ့ရှိတဲ့

ဓလေ့ထုံးစံတခုပါ။

 

ထိုလူမျိုးတွေရဲ့ ရိုးရာအစဉ်အလာအရ မွေးတဲ့ကလေးဟာ ယောကျ်ားလေးဖြစ်ရင်

မွေးပြီး ပထမရက်၊ဒုတိယရက်မှာ သို့မဟုတ် ရှစ်ရက်မြှောက်နေ့မှာ

ကလေးရွှေပန်းထိပ်အရေပြားကို ဖြတ်တောက်ပေးရပါတယ်။

 

ရွှေပန်းထိပ်အရေပြားဖြတ်တောက်ခြင်းကို ဒီလိုရိုးရာယုံကြည်မှုတွေအရ

လုပ်တာအပြင် ပန်းငုံခြင်းဖြစ်တဲ့အခါ သို့မဟုတ်

ဖြစ်ခါနီးအခြေအနေတွေမှာလည်း ကုသမှုအနေနဲ့ လုပ်ရလေ့ရှိပါတယ်။

 

ပန်းငုံတယ်ဆိုတာဟာ အသက်၁၅နှစ်ကျော်အမျိုးသားတဦးဟာသူ့ရဲ့ ရွှေပန်းထိပ်အရေပြားကို နောက်သို့ ဆွဲမရတဲ့ အခြေအနေဖြစ်ပါတယ်။ဆေးပညာအရတော့

Phimosis လို့ခေါ်ပါတယ်။

 

မွေးကင်းစယောက်ျားလေးတွေမှာဆိုရင် Foreskin ခေါ်အရေပြားပိုလေးက

ရွှေပန်းထိပ်ရှေ့ကိုကျွံ့ထွက်ပြီး ဖုံးအုပ်နေတဲ့အတွက်

ကွမ်းသီးခေါင်းပုံစံလိင်တံထိပ်ကို မမြင်ရနိုင်ပါ။

 

ဒါ့အပြင် ရွှေပန်းထိပ်နဲ့အရေပြားတို့ကလည်း တွယ်ကပ်နေတဲ့အတွက်

ကွမ်းသီးခေါင်းပုံစံလိင်တံထိပ်ေပါ်အောင် အရေပြားကို

နောက်ကိုဆွဲလို့မရသေးပါ။

 

ပုံမှန်အားဖြင့် ရွှေပန်းထိပ်အရေပြား မဖြတ်ထားတဲ့ ယောက်ျားလေးတွေမှာဆိုရင်

အသက်၁၀နှစ်ကျော်ပါက ရွှေပန်းထိပ်နဲ့အရေပြားတွယ်ကပ်နေတာဟာ ကွာသွားပြီး

ရွှေပန်းအရေပြားကို တဖြည်းဖြည်းချင်းနောက်ကိုဆွဲနိုင်လာပါပြီ။

 

အချိန်အနည်းငယ်ကြာလာတဲ့အခါ ကွမ်းသီးခေါင်းပုံ ရွှေပန်းထိပ်တခုလုံးပေါ်သည်ထိ

အရေပြားကို အနောက်ကိုဆွဲနိုင်ရမှာပါ။

 

ဒီလိုမဆွဲနိုင်ဘူးဆိုရင်တော့

ပန်းငုံတယ်လို့သတ်မှတ်ပါတယ်။အဲ့အခါမှာကုသမှုအနေနှင့်

ရွှေပန်းထိပ်အရေပြားဖြတ်ခြင်းကိုပြုလုပ်ရပါတယ်။

 

ရွှေပန်းထိပ်အရေပြားဖြတ်တယ်ဆိုတာ ခွဲခန်းထဲမှာ မေ့ဆေး သို့မဟုတ် ထုံဆေး

သုံးကာ လိင်တံထိပ်ကို ဖုံးအုပ်ငုံနေတဲ့ ထိပ်အရေပြားလေးကို

ဖြတ်ပြီးဖယ်ထုတ်လိုက်တာပါပဲ။

 

ဆေးပညာအရတော့ Circumcision လုပ်တယ်လို့ခေါ်ပါတယ်။

 

မွေးကင်းစကလေးငယ်တွေမှာသာမက လူငယ်၊လူကြီးအရွယ်တွေမှာလည်း

လိင်တံထိပ်အရေပြားဖြတ်တာလုပ်နိုင်ပါတယ်။

 

ထိပ်အရေပြားဖြတ်တာဟာ  ထုံဆေးမေ့ဆေးတမျိုးမျိုးသုံးရတတ်ြပီး

မွေးကင်းစကလေးတွေမှာဆိုရင်တော့

လူကြီးတွေလိုကိုယ့်ကိုကိုယ်မထိန်းနိုင်သေးဘဲ လှုပ်နိုင်တဲ့အတွက်

မေ့ဆေးသုံးရတာများလေ့ရှိပါတယ်။

 

ခွဲစိတ်မှုကြာချိန်အနေနဲ့ကတော့ မိနစ်ပိုင်း သို့မဟုတ်

နာရီဝက်လောက်ပဲကြာပြီး အနာကျက်ဖို့အနေနဲ့ကတော့ ၇ရက်ကနေ

၁၀ရက်အထိကြာတတ်ပါတယ်။

 

လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ကျန်းမာရေးကောင်းကျိုးတွေကတော့

 

၁။ ထိပ်အရေပြားနဲ့လိင်တံအထစ်နေရာကြားမွာ

ဂျေး(ချေး)ဝင်ရောက်ကပ်ငြိတာ၊ဆီးကျန်စုနေတာမျိူးတွေဖြစ်နိုင်ခြေနည်းသွားတဲ့အတွက်

ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေကို နည်းစေပါတယ်။

 

၂။လိင်တံသန့်ရှင်းရေးလုပ်ရာမှာလည်း သေချာသန့်ရှင်းအောင်လုပ်နိုင်ပါတယ်။

 

(လိင်တံထိပ်အရေပြားက လိင်တံထိပ်ပိုင်းကိုဖုံးအုပ်နေတဲ့သူတွေမှာဆိုရင်

ရေချိုးလို့လိင်တံသန့်ရှင်းရေးလုပ်တဲ့အခါ

အညစ်ကြေးတွေက သေချာမပြောင်ဘဲကျန်ရှိနေတတ်ပါတယ်။)

 

၃။လိင်တံကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့ကျစေနိုင်ပြီး

လိင်တံထိပ်ဖျားနဲ့ထိပ်အရေပြားရောင်ရမ်းခြင်းဖြစ်ပွားနိုင်ခြေကိုလည်းလျော့နည်းစေပါတယ်။

 

၄။ထိပ်အရေပြားဖြတ်ထားသည့်အတွက်

လိင်တံထိပ်အရေပြားနောက်ကိုဆွဲလို့မရတဲ့အခြေအနေ(Phimosis)ဖြစ်ပွားနိင်ခြေကို

ကာကွယ်ပေးနိုင်ပါတယ်။

 

၅။သုတ်လွှတ်မြန်ခြင်းကိုလည်းအတိုင်းအတာတခုထိသက်သာစေနိုင်ပါတယ်။

 

၆။မိမိရဲ့လိင်ဆက်ဆံဖက်အမျိုးသမီးမှာလည်း

ဆီးပိုးဝင်တာတွေ၊မူမမှန်အဖြူဆင်းတာတွေ၊သားအိမ်ခေါင်းကင်ဆာတွေဖြစ်ပွားနိုင်ခြေကို

လျော့ကျစေနိုင်ပါတယ်။

 

(လိင်တံထိပ်အရေပြားက လိင်တံထိပ်ကိုဖုံးနေတဲ့အခါ အညစ်အကြေးတွေက

လိင်တံထပ်အရေပြားနဲ့ လိင်တံအထစ်နေရာကြားထဲမှာစုနေကာ ကြာလာတာနဲ့အမျှ

ပိုးတွေပေါက်ပွားတတ်ပါတယ်။

 

လိင်ဆက်ဆံတဲ့အခါ ဆက်ဆံဖက်အမျိုးသမီးရဲ့မိန်းမကိုယ်ထဲကို

ထိုအညစ်အကြေးနဲ့ပိုးတွေဟာ ဝင်ရောက်သွားပါတယ်။ထိုအခါ

ဆက်ဆံဖက်အမျိုးသမီးမှာ

ဆီးပိုးဝင်တာ၊မူမမှန်အဖြူဆင်းတာ၊သားအိမ်ခေါင်းကင်ဆာစတဲ့ရောဂါတွေ‌ဖြစ်နိုင်ပါတယ်။)

 

ဒီလိုကောင်းကျိုးတွေရှိပေမယ့် တဖက်မှာလည်း

လိင်တံထိပ်အရေပြားဖြတ်ခြင်းကြောင့် ရနိုင်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။

 

အဲ့ဒါတွေကတော့

 

ခွဲစိတ်မှုဖြစ်တဲ့အတွက် မေ့ဆေးထုံဆေးအန္တရာယ်ရှိခြင်း

 

ခွဲပြီးပါက နာကျင်တာ၊ဖြတ်ထားတဲ့နေရာကနေသွေးထွက်တာ၊အနာမကျက်တာ၊ပိုး၀င်တာ

စသဖြင့်ဖြစ်နိုင်ခြင်း

 

ခွဲပြီးတဲ့အခါသောက်ရတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကိုခံစားရနိုင်ခြင်း

 

ထိပ်အရေပြားဖြတ်တောက်တဲ့အခါ ဖြတ်ပေးတဲ့ပမာဏနည်းသွားခြင်း

 

(ပမာဏနည်းသွားတဲ့အခါမှာ ထိပ်အရေပြားဖြတ်တာဟာ အရာမရောက်ဘဲဖြစ်တတ်ပါတယ်။)

 

ထိပ်အရေပြားဖြတ်တောက်တဲ့အခါ ဖြတ်ပေးတဲ့ပမာဏများသွားခြင်း

 

(ထိပ်အရေပြားဖြတ်ပြီးလို့ပြန်ဆွဲဖုံးတဲ့အခါမှာ သုံးပုံ တပုံ

ဖုံးအုပ်နေဖို့လိုပါတယ်။ဖြတ်တာများသွားတဲ့အခါမှာ

 

လိင်တံထိပ်ကိုဖုံးထားကာထားပေးတဲ့အရေပြားအကာအကွယ်မရှိတဲ့အတွက်

လိင်တံထိပ်ထိခိုက်ဒဏ်ရရနိုင်ခြေများပါတယ်။)

 

ထိပ်ဝကျဉ်းသွားတဲ့အတွက် ဆီးသွားရခက်ခြင်း

 

ဆီးသွားပြွန်(Urethra)ရောင်ရမ်းနိုင်ခြေပိုများခြင်း

 

စသဖြင့်ပဲဖြစ်ပါတယ်။

 

အဆုံးသတ်အနေနဲ့ပြောရရင်တော့ ရွှေပန်းထိပ်အရေပြားဖြတ်တာဟာ

ကောင်းကျိုးတွေတင်မကပါဘူး ဆိုးကျိုးတွေလည်းရှိပါတယ်။

 

ပန်းငုံခြင်းလို မဖြတ်မဖြစ်တဲ့အခြေအနေမျိုးတွေမှ မဟုတ်ရင်

ရွှေပန်းထိပ်အရေပြားဟာ မဖြတ်ဘဲဒီအတိုင်းထားလို့ရပါတယ်။

 

ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးကို ရွှေပန်းထိပ်အရေပြားဖြတ်မယ်ဆိုရင်

ကလေးအထူးကုဆရာဝန်နဲ့အရင်ပြသပြီး မလိုအပ်ရင် မဖြတ်ဖို့ အကြံပေးချင်ပါတယ်။

 

Dr 528

 

ဆက်စပ် ဆောင်းပါးများ