ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် မိမိ၏အပြုအမူ၊ အနေအထိုင်၊ အစားအသောက်များကိုကျန်းမာရေး နှင့်ညီညွှတ်သည့်လူနေမှုပုံစံသို့ ပြောင်းလဲပေးရန်လိုအပ်ပါသည်။ ခန္ဓာကိုယ်အလေးချိန်၏ ၆၀ ရာခိုင်နှုန်းကျော် သည်အရည်များဖြစ်ပါသည်။ ရေသည်အာဟာရဓာတ်များကို ဆဲလ်အတွင်းသို့ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်အ တွင်းမှအဆိပ်များကိုဖယ်ရှားပေးပါသည်။ ခန္ဓာကိုယ်အတွင်းရေဓာတ်ကုန်ခမ်းလျှင် လျော့နည်းသွားလျှင် အား အင်ကုန်ခမ်းသွားတတ်ပါသည်။ ချွေးနှင့်ဆီးအဖြစ်ကုန်ဆုံးသွားသည့်ရေကို နေ့စဉ်ရေသောက်ခြင်းဖြင့်ပြန်လည် ဖြည့်တင်းပေးရပါသည်။ ထို့ကြောင့်မဖြစ်မနေရေသောက်ဖို့ လိုအပ်လာပါသည်။
ရေသောက်ခြင်း၏အဓိကကျေးဇူးမှာ အူမကြီးကိုသန့်စင်စေပြီး အစားအစာများမှအာဟာရကို ခန္ဓာကိုယ် မှများစွာပိုပြီးစုပ်ယူနိုင်ပါသည်။ အစာခြေဖျက်မှုစနစ်ကိုလည်း ပိုပြီးကောင်းလာစေပါသည်။ ရေသည်ကျောက် ကပ်၏လုပ်ငန်းများကို အထောက်အကူပေးနိုင်ပြီး သွေးထဲမှအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ ယူရစ်အက်ဆစ်များကို ဆီးနှင့်အတူစွန့်ထုတ်နိုင်ပါမည်။ လူတစ်ယောက်သည်တစ်နေ့လျှင် ရေဖန်ခွက်ရှစ်ခွက် မှဆယ်ခွက်အထိ သောက်သင့်သည်ဟုဆိုပါသည်။ သို့သော်တစ်နေ့လျှင် သုံးလီတာ (သို့) လေးလီတာထက်ပို မသောက်သင့်ပါ။ ပိုပြီးသောက်ပါက ကျောက်ကပ်အတွက်ပိုပြီးဖိအားဖြစ်စေတတ်ပါသည်။
တစ်နေ့တာရေသောက်နည်းများ
နံနက်အိပ်ရာမှထချိန်တွင် ရေများများသောက်ပေးပါ။ မိမိသောက်နိုင်သမျှသာ သောက်ဖို့လိုပါသည်။ အနည်း ဆုံးရေဖန်ခွက်နှစ်ခွက်ခန့် သောက်သင့်ပါသည်။ ကျောက်ကပ်ကောင်းစေရန်နှင့် အစာကြေပြီးဝမ်းမှန်စေပါ သည်။
ရေမချိုးမီရေတစ်ဖန်ခွက်သောက်ပါ။ ခန္ဓာကိုယ်အတွင်းအပူငြိမ်းစေပြီး ပြင်ပမှအအေးဒဏ်ကိုခံနိုင်ရည်ရှိစေပါ သည်။ သွေးခုန်နှုန်းမှန်စေပြီး သွေးတိုးခြင်းမဖြစ်စေရန် ဖြစ်ပါသည်။အထူးသဖြင့် သတိပြုသည်မှာနေပူထဲမှ ပြန်လာလျှင်ရေခဲရေလုံးဝမသောက်သင့်ပါ။ ဦးနှောက်သွေးကြောပေါက် ခြင်း၊ လေဖြတ်ခြင်းများဖြစ်နိုင်ပါသည်။ သာမန်ရေရိုးရိုးကိုသာ သောက်သင့်ပါသည်။
တိုင်းရင်းဆေးပညာ အယူအဆအရရေနွေးသောက်ပြီး တစ်နာရီအတွင်းတွင် ရေအေးမသောက်ရန်နှင့်ရေအေး သောက်ပြီးတစ်နာရီအတွင်း ရေနွေးမသောက်သင့်ကြောင်းဆိုထားပါသည်။အာယုဗေဒဆေးကျမ်းများအဆိုအရ “ရောဂါမှန်သမျှသည် အစာမကြေခြင်းကစသည်”ဟုဆိုပါသည်။ အစာကြေ ညက်စေဖို့ထမင်းအစားမီ နာရီဝက်ကြိုတင်ပြီး ရေတစ်ခွက်သောက်သင့်ပါသည်။
ထမင်းစားနေစဉ်အတွင်း အလွန်အေးသောရေခဲရေ၊ အချိုရည်မသောက်သင့်ပါ။ ရေနွေးဖြူ၊ လက်ဖက်ရည်ကြမ်း အပူ၊ ဟင်းချိုရည်ပူပူသာသောက်သင့်ပါသည်။ အူကင်ဆာအန္တရာယ်မှကာကွယ်နိုင်ပါသည်။ ထမင်းစားနေစဉ် ရေရိုးရိုးသောက်လိုပါကလည်း အစာမနင်စေရုံမျှသာ သင့်တော်ရုံသောက်သုံးသင့်ပါသည်။ထမင်းစားပြီးပြီးချင်း ရေမသောက်သင့်ပါ။ ဝမ်းမီးငြိမ်းပြီး အစာမကြေဖြစ်တတ်ပါသည်။ ထမင်းစားပြီးအနည်းဆုံး နာရီဝက်ကျော်မှသာသောက်ရေအေး သောက်သင့်သည်ဟုတိုင်းရင်းဆေးပညာအရ ဆိုပါသည်။
လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်စေခြင်းမှ ကာကွယ်နိုင်ရန်နှင့်အစာကြေပြီး ဝမ်းမှန်စေရန်ညအိပ်ရာမဝင်ခင် ရေ တစ်ခွက်သောက်သင့်ပါသည်။ ရေသောက်ပြီးမှအိပ်ရာဝင်သည့် အလေ့အကျင့်ပြုလုပ်ပါ။ ညဘက်တစ်ရေနိုးအ ချိန်တွင်လည်းရေသောက်သင့်ပါသည်။နွေရာသီကာလတွင် နေ့လည်ခရီးသွားနေစဉ်အတွင်း အပူရှိန်ဒဏ်ခံနိုင်စေရန်နှင့် ရေဓာတ်ဆုံးရှုံးခြင်းမှကာကွယ် ရန်အတွက် ရေသန့်ဗူးအသင့်ယူဆောင်ပြီး ရေဆာလောင်ချိန်တွင်ရေကို သောက်သုံးသင့်ပါသည်။ ရေခဲရေအေး သောက်ခြင်းကိုသတိပြုသင့်ပါသည်။
Author: ဒေါက်တာချမ်းမြေ့ Vol-8 / No-10 Healthcare Journal