fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စီးပွားရေး အဆင်ပြေစေတဲ့ လုပ်ငန်းခွင် ကျန်းမာရေး

12
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အခုမှစလုပ်တဲ့ လုပ်ငန်းဖြစ်စေ၊ ရေရှည်တည်တံ့လာတဲ့လုပ်ငန်းဖြစ်စေ၊ တွင်တွင်ကျယ်ကျယ် ထက်ထက်သန်သန် လည်ပတ်နိုင် ရေးအတွက် အဓိကလိုအပ်ချက်တစ်ရပ်ကား ဝန်ထမ်းတွေရဲ့ ကျန်းမာကြံ့ခိုင်ရေးပင်ဖြစ်ကြောင်း သဘောပေါက်ရန် လိုအပ်ပေ တယ်။ ဝန်ထမ်းတွေက အားကောင်းမောင်းသန် နိုးကြားတက်ကြွနေပါမှ၊ စိတ်ဖိစီးမှုကင်းပါမှ အလုပ်ကို ထက်သန်စွာ လုပ်ကိုင် နိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို စိတ်ပျက် စိတ်ကုန်၊ ဒါမှမဟုတ် စိတ်ဖီးစီးမှုကင်းအောင် စီမံခန့်ခွဲခြင်းဟာ သူတို့ရဲ့အနာ ဂတ် ကုမ္ပဏီနဲ့အတူတကွ လှပအောင်ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။

၂၀၀၀ ပြည့်နှစ် အလယ်ကာလတွေမှာ အမေရိကန်နိုင်ငံမှာ အဝလွန်ပြဿနာဟာ အမျိုးသားရေး အဆင့်ပြဿနာတစ်ရပ် ဖြစ်လာခဲ့တယ်။ အဆိုပါကာလမှာ အမေရိကန်နိုင်ငံရဲ့အရွယ်ရောက် လူဦးရေ ၃၀.၅ ရာခိုင်နှုန်းဟာ အဝလွန်နေသူတွေ ဖြစ်ခဲ့ တယ်။ ၂၀၁၀ ပြည့်နှစ်အရောက်မှာ ထိုကိန်းဂဏန်းဟာ ၃၇.၅ ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့တယ်။ အဲဒီလို အဝလွန်ဖြစ်စဉ် ကြောင့် သက်ရောက်လာနိုင်တဲ့အကျိုးဆက်ဒဏ်ကို သဘောပေါက်လာတဲ့လုပ်ငန်းကြီးတွေဟာ ယင်းတို့ဝန်ထမ်းတွေရဲ့ ကျန်းမာ ရေးအခြေအနေကို ထိန်းကျောင်းပံ့ပိုးမှုပြုမယ့်အစီအစဉ်တွေကို ရေးဆွဲချမှတ်ခဲ့ကြပါတယ်။

ဝန်ထမ်းတွေကို ကျန်းမာရေး၊ လူမှုဖူလုံရေးစရိတ်တွေ ပံ့ပိုးပေးခြင်းကဲ့သို့ ကူညီမှုထက် ကြိုတင်ကာကွယ်မှုမှာ သွေးတိုးရောဂါ၊ နှလုံးရောဂါ အပြင် အခြားနာတာရှည်ရောဂါ ဖြစ်လာနိုင်တဲ့ အနေအထားကို ဆေးဝါးနဲ့မဟုတ်ဘဲ အစာအာဟာရဖြင့် ထိန်း ကျောင်းနိုင်တယ်လို့ မြင်လာကြ တယ်။ “ကျန်းမာသောလုပ်ငန်းခွင် ဖြစ်ပေါ်ထွန်းရေး” ဆောင်ပုဒ်အောက်မှာ စီးကရက် ဖြတ်တာ အပါအဝင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်နိုင်ရေး၊ ကျန်းမာရေးလေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ရန် အခွင့်အလမ်းတွေ ဖန်တီးမှုတွေ ဆောင်ရွက်လာခဲ့ကြတယ်။ ကျန်းမာရေးပြည့်ဝတဲ့ လုပ်ငန်းခွင် ဖန်တီးရေးဆောင်ရွက်ချက်ဟာ လုပ်ငန်းခွင်အတွင်း ပီပြင်တဲ့ပြောင်းလဲမှုတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။

ထိုအရေးမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ လုပ်ငန်းတစ်ခုကတော့ The FruitGuys ကုမ္ပဏီပင်ဖြစ်တယ်။ The FruitGuys ကုမ္ပဏီ ဟာ အမေရိကန်နိုင်ငံတခွင် ရုံးဌာန၊ လုပ်ငန်းခွင် တွေကို နေ့လည်စာအဖြစ်စားသုံးနိုင်တဲ့ သစ်သီးဝလံတွေကို လက်ကား ပေး သွင်းဖြန့်ချိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ ကုမ္ပဏီထူထောင်သူနဲ့ စီအီးအိုဖြစ်သူ Chris Mittelstaedt က သူ့ရဲ့ အတွေ့အကြုံကို အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။

“၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းကာလနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေဟာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကြံ့ခိုင်ရေးအတွက် အရူးအမူးလုပ်ခဲ့တဲ့ကာလတွေပဲ။ သစ်သီးဝလံတွေ ကို ကျန်းမာရေးအာဟာရအဖြစ် လုပ်ငန်းခွင်ထဲပို့တဲ့အလုပ်ကို အဲ့ဒီအချိန်မှာ ကျွန်တော်တို့စခဲ့ တယ်။ လုပ်ငန်းရှင်တော်တော်များများက ဒါကို အဆန်းတကြယ်စိတ်ကူးလို့ မြင်ခဲ့ကြတယ်။ အဲဒီတုန်းက လုပ်ငန်းခွင်ကျန်းမာရေးနဲ့ပတ်သက်တဲ့အမြင်က အခုနဲ့ အတော်ကွာခြားတယ်”။

ထိုကာလတွေမှာ ဝန်ထမ်းတွေဟာ ရေကုန်ရေခမ်း အလုပ်လုပ်ရတော့မယ်ဆိုရင် Jolt Cola အချိုရည် တစ်ဘူးပြီး တစ်ဘူး သောက်၊ ပဲတွေနဲ့ ကပ်ထားတဲ့ချောကလက်တွေ စားပြီး အဆင်ပြေသလို အားဖြည့်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ “ကျန်းမာရေး အကျိုးဆက် ဘယ်လိုပဲဖြစ်နေနေ လတ်တလော ဝန်ထမ်းတွေက မျက်လုံးကျယ်ကျယ် ပေ့ါပေ့ါပါးပါး အလုပ်လုပ်နိုင်ဖို့ပဲ အဓိက ထားခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က စိတ်ကူးရခဲ့ကြတယ်။ သူတို့အလွယ်တကူ လှမ်းယူလို့ရအောင် သစ်သီးဝလံ တွေကို နားနေခန်း၊ စားသောက်ခန်းတွေထဲ ထည့်ပေးထားလိုက်ရင် ဘယ်လိုနေမလဲ” လို့   Mittelstaedt က ပြောပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့လုပ်ငန်းခွင်တည်ရေး လုပ်ငန်းခွင်လှုပ်ရှားမှု Dot com လှိုင်းဟာ ဆန်ဖရန်စ္စကိုပင်လယ်အော်ဒေသမှာ စတင် ခဲ့တယ်လို့ သူက ယူဆပါတယ်။

HR ရေးရာ ကျွမ်းကျင်သူတစ်ဦး၊ Deputy ရဲ့ တည်ထောင်သူ Steve Shelley က ထို Dot com လှိုင်းနဲ့ ပတ်သက်လို့ “ အဲဒီ တုန်းက လုပ်ငန်းခွင်ကျန်းမာရေးအစီအစဉ်ဆိုတာက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးပညာပေး အစီ အစဉ်တွေလောက်ပဲ ဦးစားပေးခဲ့ကြတာ။ လုပ်ငန်းခွင်ထဲ မထိခိုက်အောင်နေဖို့၊ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ဖို့ကို အလေးထားနေခဲ့ တာ။ တကယ်တမ်းပြောရရင် အဝလွန်ပြဿနာကဝန်ထမ်းတွေရဲ့ ကျန်းမာရေးအရေးကြီးကြောင်း ကုမ္ပဏီတွေကို သတိထား မိစေတယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့လူနေမှုပုံစံကြောင့် ကျန်းမာရေးထိခိုက်နေပြီး သူတို့တွေရဲ့ကာယဉာဏစွမ်းပါ မြှင့်တင်ပေး နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရင် အပြန်အလှန်အကျိုးရှိမယ်ဆိုတာ မြင်လာတယ်” လို့ ဆိုပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကြာခဲ့ပြီးတဲ့နောက်မူ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေဟာ ခန္ဓာကိုယ်ထဲ ဖြည့်တင်းတဲ့အစာအဟာရနဲ့ ထုတ်လုပ်တဲ့ လုပ်အားဟာ အဆက်အစပ်ရှိတယ်ဆိုတာကို ကောင်းစွာ သဘောပေါက်လာကြတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စားသုံး သူတွေဟာ ပုံမှန်ထက် ဉာဏ်ရည်ထက်မြက် နိုးကြားမှု ရှိတယ်လို့ ဗြိတိန်နိုင်ငံထုတ် ကျန်းမာရေးနဲ့စိတ်ပညာဂျာနယ် ဖြစ်တဲ့ The British Journal of Health Psychology က သုတေသနပြုချက်တစ်ခုမှာ ကိုးကားဖော်ပြထားပါတယ်။ အဲဒီလိုဖြစ်ပေါ်ရ ခြင်းကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အလွန် တရာအရေးပါတဲ့ Dopamine ထုတ်လုပ်နိုင်စွမ်း ကြွယ်ဝကြောင်း တွေ့ရတယ်။ အဆိုပါ Dopamine ဟာ အာရုံကြောတွေကို နှိုးဆွနိုင်တဲ့ အစွမ်းရှိပြီး စူးစမ်းလိုစိတ်၊ ဆောင်ရွက်လိုစိတ်၊ စိတ်ဓာတ် တက်ကြွစေတယ်လို့ ဆိုပါတယ်။ ဒါပြင် ကိုယ်လက်ကိုက်ခဲမှု ကင်းစေပါတယ်။

ထိုအချက်ကို ထောက်ရှုပြီး မျက်မှောက်ကာလလုပ်ငန်းရှင်တွေဟာ အလုပ်သမား ဝန်ထမ်းတွေအတွက် ကျန်းမာရေးနဲ့ မညီညွှတ် တဲ့ သရေစာ (Junk Food ) တွေအစား ကျန်းမာရေးကို ဖြည့်ဆည်းပေးတဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့ အစားအစာတွေ၊ ရသာဖြည့် သောက်ရေတွေကို သောက်သုံးနိုင်ဖို့ လုပ်ငန်းခွင်တွေမှာ ထားပေးလာကြတယ်။

အမေရိကန်နိုင်ငံ၊ မင်ဟက်တန်ဒေသက သွားဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Stuart Forum ကမူ အချိုရည်အစား သစ်သီး ဝလံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုးခြင်းက မှန်ကန်သင့်တော်တယ်လို့ မှတ်ချက်ပြု ထားပါတယ်။ “သစ်သီးဝလံက အား ပြည့်စေရုံမက ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုတယ်။ အထွေထွေကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာ မင်ဓာတ်နဲ့ တခြားအခြေခံဓာတ်ပစ္စည်းတွေ ကြွယ်ဝတယ်” လို့ သူကဆိုပါတယ်။ အချိုဓာတ်လွန်ကဲတဲ့ ဖျော်ရည်တွေဟာ  သွားပိုး စားတာ၊ သွားဖုံးယောင်တာ၊ စိုက်ထားတဲ့သွားတွေ ချောင်လာတာ၊ ကြွေသားတက်လာတာတွေ ဖြစ်စေတယ်။

စတိုးဆိုင်အခင်းအကျင်းစင်တွေ ထုတ်လုပ်တဲ့ onQ ကုမ္ပဏီထူထောင်သူနဲ့ စီအီးအို ဖြစ်သူ Paul Chapuis က သူ့ဝန်ထမ်းတွေ အတွက် The FruitGuys ကုမ္ပဏီမှသစ်သီးဝလံတွေ ကို ပုံမှန်မှာယူလေ့ရှိတယ်။ onQ ရဲ့ ဝန်ထမ်းတွေ ကျန်းမာကြံ့ခိုင်စွာ ကုန် ထုတ်လုပ်နိုင်တာ၊ ဒီအခြေအနေတွေကို ထိန်းသိမ်းထားနိုင်တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့လုပ်ငန်းခွင်အခြေအနေကို ဖန်တီး ပေးထားနိုင်တာကြောင့်လို့ ဆိုပါတယ်။

မျက်မှောက်ကာလ အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အက်ဥပဒေပြင်ဆင် ပြဌာန်းရေးနဲ့ Republican အစိုးရရဲ့   ကျန်းမာရေးဆိုင်ရာဥပဒေအသစ်တွေ ပြဌာန်းရေး အစီအစဉ် အောက်မှာ ကျန်းမာကြံ့ခိုင်တဲ့လုပ်ငန်းခွင် တည်ဆောက်ရေးကိစ္စ ဟာ ပို၍ထဲထဲဝင်ဝင် လုပ်ဆောင်နေသော အရေးတစ်ရပ်ဖြစ်နေတယ်။ ဥပဒေသစ်ကို လိုလိုလားလား ထောက်ခံတဲ့သူရှိသလို ကန့် ကွက်သူများလည်း ရှိလေ့ရှိတဲ့အတိုင်းပင် အခုကိစ္စမှာလည်း အပြန်အလှန် အတိုက်အခံများရှိတယ်။

မည်သို့ပင်ဆိုစေကာမူ ကျန်းမာတဲ့လုပ်ငန်းခွင်တည်ဆောက်ရေးဟာ ပံ့ပိုးမှုပြုသင့်တဲ့ လှုပ် ရှာ မှု တစ်ရပ်ဖြစ်ကြောင်း Gym and Fitness ရဲ့  စီအီးအိုဖြစ်သူ Dave Barnes က “ ကျန်းမာ ကြံ့ခိုင်မှု ဖြစ်ထွန်းစေတဲ့အနေအထားဟာ မရှိမဖြစ် လိုအပ်ချက် တစ် ရပ်ပါပဲ။ နေ့ခင်းအချိန်တွေမှာ ကာယလေ့ကျင့်ခန်းလုပ်ဖို့ လမ်းလျှောက်ဆွေးနွေးတာတွေ၊ သက်သောင့်သက်သာရှိတဲ့ ရုံးသုံးပရိ ဘောဂတွေ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့နေ့လယ်စာတွေ အထိုက်အလျောက် အကောင်အထည် ဖော်ပြီးသားတွေ ရှိပါတယ်။ အလုပ် သမား ကျန်းမာစိတ်ချမ်းသာမှ ကုမ္ပဏီအကျိုးတိုးပွားတဲ့အကြောင်း ပြသနေတယ်” လို့ ဆိုပါတယ်။

Previous Post

အိပ်ချ်အိုင်ဗီပိုးနှင့် အေအိုင်ဒီအက်စ်ရောဂါ

Next Post

ဆံပင်ကျွတ်ခြင်းကျန်းမာရေးကုထုံး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆံပင်ကျွတ်ခြင်းကျန်းမာရေးကုထုံး

အဆုတ်တီဘီ

ဖုန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.