fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စိတ်ခန္ဓာလန်းဆန်းစေသည် Vitamin B နဲ့ C

384
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/07/2020
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ဆိုတာ လူမျိုးမရွေးဘာသာမရွေးအသက်အရွယ်မရွေးခံစားဖူးကြတဲ့ လက္ခဏာ တစ်ခုပါ။ ရောဂါအကြောင်းရင်းခံရှိတာလည်းဖြစ်နိုင်သလို မရှိပဲလည်းခံစားကြရနိုင်ပါတယ်။

“ကျွန်တော်/ကျွန်မ တော့နုံးချိပြီးအားမရှိဖြစ်နေလို့ အကြောဆေးလေးထိုးပေးပါ”ဆိုတဲ့ လူနာဖောက်သည်တွေ အထွေထွေဆေးခန်း တိုင်းမှာရှိပါတယ်။ တကယ်တမ်းတော့အကြောဆေးဆိုတာ Glucoseနဲ့ VitaminsBနဲ့ Cတွေ ရောထိုးပေးကြရတာများပါတယ်။

ခန္ဒာကိုယ်မှာလိုအပ်နေတာလေးတွေ ဖြည့်တင်းပေးလိုက်တော့လည်း ရောဂါအကြောင်းရင်းခံမရှိသူများမှာ ပင်ပန်းတာတွေ သက်သာသွားကြရတာများပါတယ်။

“ဒါဆိုဒီအကြောဆေးကထိုးနေကြရတော့မှာလား”ဆိုတာမေးစရာဖြစ်လာပါတယ်။

လိုအပ်လို့ဆေးကုကြရပြီဆိုရင် ခန္ဒာကိုယ်ပေါ်အပ်နဲ့ထိုးတယ်ဆိုတာ သောက်ဆေးတွေထက် အနည်းနဲ့အများအန္တရာယ်ရှိတာပါပဲ။ ဒါကြောင့်ကိုယ်ခန္ဒာအတွက် မရှိမဖြစ်အဟာရတွေထဲမှာ ပါ၀င်တဲ့ Vitamins များကို ဖြည့်တင်းတဲ့နည်းလမ်းတွေထဲမှာ အားဆေးလို့အလွယ်ခေါ်ကြတဲ့vitaminsဆေးတွေ သောက်သုံးခြင်းဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
အားဆေးအများစုမှာ Vitamin B12, B1, B6, Vitamin C တို့ဟာ မပါမဖြစ် ပါ၀င်ကြပါတယ်။
လူ့ခန္ဒာကိုယ်အတွက် အရေးကြီးအဟာရများဖြစ်သောကြောင့်ဖြစ်ပါတယ်။

Vitaminsတွေ များစွာရှိတဲ့ထဲမှာ Vitamin B12, B1, B6, Vitamin C တို့ချို့တဲ့တဲ့အခါ မောပန်းနွမ်းနယ်မူးမော်တာမျိုးတွေခံစားရနိုင်ပါတယ် (တခြားအဟာရတွေဖြစ်တဲ့ Vitamin D, iodine, iron(သံဓါတ်), zinc နဲ့ Magnesiumတို့ချို့တဲ့ရင်လည်း အလားတူခံစားရနိုင်ပါတယ်)။

Vitamin B အုပ်စုမှာ B1(thiamin), B2(riboflavin), B3(niacin), B5(pantothenic acid), B6(pyridoxine), B7(biotin), B9(folic acid), B12(cyanocobalamin)တို့ပါ၀င်ပါတယ်။ B2,B5,B6,B9 ဓါတ်ချို့တဲ့တယ်ဆိုတာမျိုး ဟာရှားပါးပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မောပန်းနွမ်းနယ်ခြင်းနဲ့ဆိုင်တဲ့ Vitamin B12, B1, B6 နဲ့ Vitamin C တို့အကြောင်းအနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။

“အစာလည်းဆေး၊ဆေးလည်းအစာ”ဆိုတာလိုခန္ဒာကိုယ်ဟာ Vitaminsအများစုကို အစာအဟာရကနေရရှိပါတယ်။

Vitamin B1 ကို အစေ့အစံများက အဓိကရပါတယ်။ ၀က်သား၊ ငါး များကလည်းရနိုင်ပါတယ်။ ဆန်ကို ဖြူအောင်ဖွတ်ပြီးစားကြတဲ့အခါ B1 ဓါတ်ချို့တဲ့နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေမှာတော့ ချို့တဲ့တတ်ပါတယ်။ ချို့တဲ့ရင် အသက်အန္တရာယ်ရှိတာမို့ အရေးကြီး အဟာရတစ်ခုဖြစ်ပါတယ်။

Vitamin B6 ကို အစေ့အစံများ၊ အသား၊ ငါး၊ ကလီစာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှရနိုင်ပါတယ်။ ရနိုင်တဲ့အစားအစာအမျိုးအစားများတာ မို့ချို့တဲ့တယ်ဆိုတာရှားပါတယ်။ အရက်သောက်တဲ့သူတွေမှာတော့ချို့တဲ့နိုင်ပါတယ်။ ပိုလျံသွားတဲ့အခါအာရုံကြောတွေအတွက် အန္တရာယ်ရှိပါတယ်။

Vitamin B12 ကို နို့နဲ့နို့ထွက်ပစ္စည်း၊ ဥ၊ ကလီစာ၊ အသား၊ ငါးများမှ ရနိုင်ပါတယ်။ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ သတ်သတ်လွတ်သမားများမှာ ချို့တဲ့နိုင်ပါတယ်။

Vitamin C ကိုသံပရာသီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးစတဲ့ အချဉ်အရသာရှိ သစ်သီးများမှရနိုင်သလို ငရုပ်ပွ၊ ပန်းပွင့်စိမ်း(broccoli)စတဲ့ ဟင်းသီးဟင်းရွက်များမှလည်းရနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ အရက်သောက်တဲ့သူတွေမှာ ချို့တဲ့နိုင်ပါတယ်။

ဘယ်လောက်ကောင်းတဲ့ အဟာရဖြစ်ဖြစ် တန်ဆေးလွန်ဘေးပါ။

vitamins များမှာလည်း သိပ်ပိုလျံသွားတဲ့အခါ ဘေးရှိတာပါပဲ။ ဒါကြောင့်နေ့စဉ်အစားအစာများမှာ လုံလောက်တဲ့အဟာရများ အပြည့်အစုံ ပါ၀င်အောင်မျှတစွာစားသောက်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် မိမိတို့မြန်မာအများစုရဲ့အစားအသောက်ပုံစံကြောင့် အဟာရ ချို့တဲ့မှုများကလည်း အများအပြားရှိနေပါသေးတယ်။

ဒါကြောင့်မိမိရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ချိန်ညှိပြီး မိမိအတွက်အဆင်ပြေသောနည်းလမ်းများနဲ့ ခန္ဒာကိုယ်အတွက်လိုအပ်တဲ့ Vitamins များကိုဖြည့်တင်းနိုင်ကြပါရန် ရည်ရွယ်လိုက်ရပါတယ်။

Author : Dr. ဖြိုးဆုရည်မွန်

Previous Post

ယနေ့ခေတ် မေမေတို့အတွက် စိန်ခေါ်မှုအသစ်တွေက ဘာတွေလဲ

Next Post

အရေးအကြောင်း ပျောက်ကင်းအောင် Vitamin C ဆောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
129

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
614

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေးအကြောင်း ပျောက်ကင်းအောင် Vitamin C ဆောင်

မျက်နှာအသားအရေကို ချောမောလှပစေမည့် အိမ်တွင်းသုံးနည်းလမ်းများ

အိပ်စက်ရာမှာ စည်းဝါးကျစေဖို့ရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.