✍️မိမိခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်များရရှိရန်၊ ကိုယ်တွင်းအင်္ဂါများ ကျန်းမာစွာအလုပ်လုပ်နိုင်ရန် သင့်တင့်မျှတသော ဗီတာမင်ဘီဓာတ်များ လိုအပ်ပါတယ်
✍️ဗီတာမင်ဘီဓာတ်ကို ကလေး လူကြီး အားဆေးများဖြင့် ဖြည့်စွက်သောက်သုံးလေ့ ရှိပါတယ်
✍️ဗီတာမင်ဘီကြွယ်ဝသော သဘာဝအစားအစာများလည်း မိမိတို့လက်တစ်ကမ်းမှာပဲ ရှိပါတယ်
✍️သဘာဝအစားအစာများကို မျှတစွာစားသုံးပေးခြင်းဖြင့် ကျန်းမာအားရှိပြီး ရောဂါကင်းနိုင်မှာပါ
✍️မိမိတို့နေ့စဉ် အစားအစာများထဲမှာ ဗီတာမင်ဘီဓာတ်ပြည့်ဝတဲ့ အစားအစာကို ဆက်ဖတ်ကြည့်ကြမယ်နော်
၁)ဆန်၊ဂျူံနှင့် အုတ်ဂျူံများ
မြန်မာလူမျိူးတို့ရဲ့ အဓိက အစားအစာဖြစ်တဲ့ ထမင်းမှာ ဗီတာမင်ဘီဓာတ်များပြည့်ဝစွာပါဝင်ပါတယ်
ဆန်ကို ရေအထပ်ထပ်ဆေးသည်ထက် သန့်စင်ရုံဆေးပြီး ချက်လျှင် ဗီတာမင်ဘီဓာတ်ပိုမိုရရှိစေပါတယ်
၂)အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်ဘီဓာတ်များထဲမှ ဖောလစ်အက်စစ် အမြောက်အများ ပါဝင်ပါတယ်
ဟင်းနုနွယ်ကဲ့သို့ အရွက်များမှာ သွေးအားနည်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်လျော်ပါတယ်
ချက်ပြုတ်ရာမှာ အပူရှိန်ပြင်းလျှင် ဖောလစ်အစ်ဆစ်များ ဓာတ်ပြယ်တတ်သောကြောင့် မီးအေးအေးဖြင့် ချက်ပြုတ်သင့်ပါတယ်
၃)ဥ အမျိူးမျိူး
ကြက်ဥ၊ ဘဲဥနှင့် ဥအမျိူးမျိူးမှာလည်း ဗီတာမင်ဘီ ကြွယ်ဝစွာပါဝင်ပါတယ်
ဥရဲ့ အနှစ်မှာ အဓိက ပါဝင်တာပါ
အကာရော အနှစ်ရော စားသုံးပေးသင့်ပါတယ်
၄)ပဲအမျိူးမျိူး
ပဲနီလေး၊ပဲဝါလေး၊ကုလားပဲ၊ပဲနက်စေ့၊မြေပဲတို့ဟာလည်း ဗီတာမင်ဘီပြည့်ဝတဲ့ အစားအစာတွေပါ
ဖောလစ်အက်စစ်ပါဝင်မှုများတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ နေ့စဉ်စားသုံးသင့်ပါတယ်
၅)ကြက်၊ဝက်၊အမဲ အသဲများ
ကြက်၊ဝက်၊အမဲ တို့ရဲ့ အသဲဟာ ဗီတာမင်ဘီဓာတ် ပြည့်ဝတဲ့ အစားအစာတစ်မျိူး
ဖြစ်ပါတယ်
ဗီတာမင်ဘီရှစ်မျိူးလုံးပါဝင်ပါတဲ့ အားအစာတစ်မျိူးပါ
၆)နို့နှင့် နို့ထွက်ပစ္စည်းများ
နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးပေးခြင်းဖြင့် ဗီတာမင်ဘီဓာတ်များ ရရှိစေပါတယ်
နို့တစ်ဖန်ခွက် နေ့စဉ်သောက်သုံးခြင်းဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗိုက်တာမင်ဘီတူး ကို သုံးပုံတစ်ပုံထိပြည့်ဝစေပါတယ်
၇)အမဲသား၊ကြက်သားနှင့် ဝက်သား
အမဲသား၊ကြက်သားနှင့် ဝက်သားများတွင် ပရိုတင်းဓာတ်များသာမက ဗီတာမင်ဘီဓာတ်များလည်း အမြောက်အများပါဝင်ပါတယ်
အဆီများ၊အရေခွံများထက် အဆီနည်းသောရင်ပုံသားကဲ့သို့ အသားများစားသုံးပေးသင့်ပါတယ်
၈)အဆီများသော ငါးများ
အသားစားလျှင် အဆီရှောင်ရသော်လည်း ငါးစားလျှင် အဆီများသောငါးများက ဗီတာမင်ဘီဓာတ်ပိုရစေပါတယ်
ငါးသလောက်၊ ဆာဒင်း(ပင်လယ်ငါး)၊ဆော်လမွန်ငါးတွေဟာ ဗီတာမင်ဘီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ
၉)အသီးအနှံအမျိူးမျိူး
သဘာဝမှ ရရှိတဲ့ အသီးအနှံများတွင် ဗီတာမင်ဘီဓာတ်များပြည့်ဝသောကြောင့် စားသုံးပေးသင့်ပါတယ်
ဥပမာအားဖြင့် ငှက်ပျောသီး၊ထောပတ်သီး၊ဘယ်ရီသီးအမျိူးမျိူးတို့ကိုနေ့စဉ်စားသုံးနိုင်ပါတယ်
၁၀)အစေ့ အဆန်များ
အစေ့ဆန်များစားသုံးပေးခြင်းဖြင့်လည်း ဗိတာမင်ဘီဓာတ်များ ရရှိစေပါတယ်
နေကြာစေ့၊ သစ်အယ်စေ့၊ဗာဒံစေ့ စတဲ့အစေ့အဆန်များတွင် ဗီတာမင်ဘီဓာတ်များပြည့်ဝစွာ ပါဝင်ပါတယ်
✍️ဗီတာမင်ဘီပြည့်ဝတဲ့ အစားအစာများကို သိရှိပြီဖြစ်လို့ မိမိတို့တစ်နေ့တာမှာ အားရှိကျန်းမာအောင် စားသုံးကြပါစို့