fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားကြိတ်ခြင်း

369
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/04/2017
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

လူအများစုသည် စိတ်တိုလျှင် သို့မဟုတ် စိတ်ဖိစီးမှုများလျှင် သွားကြိတ်ခြင်း၊ အံကြိတ်ခြင်း ပြုလုပ်တတ်ကြပါတယ်။ ညအိပ်နေစဉ် သွားကြိတ်ခြင်းက သွားနှဲ့နေသော်လည်းကောင်း၊ သွားကျိုးနေ၍သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ သွားကြိတ်ခြင်းကြောင့် အန္တရာယ်မဖြစ်နိုင်ဟု အကြမ်းဖျင်း ယူဆနိုင်သော်လည်း နေ့စဉ်သွားကြိတ်ခြင်းသည် သွားများပျက်ဆီးစေ၍ ခံတွင်းပြသာနာများ ပေါ်ပေါက်လာနိုင်ပါသည်။

အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းသည် မိမိကိုယ်တိုင်မသိနိုင်ကြသော်လည်း အိပ်ရာနိုးသော် ခေါင်းကိုက်ခြင်း၊ မေးရိုးနာခြင်းများ ခံစားရတတ်ပါသည်။ မိမိသွားကြိတ်သည်ကို မိသားစုမိတ်ဆွေများက အသိပေးခဲ့လျှင် သွားဆရာဝန်နှင့်ပြသ၍ ခံတွင်းနှင့်မေးရိုးကို စစ်ဆေးမှုခံသင့်ပါသည်။ အမြဲလိုလို သွားကြိတ်ခြင်းကြောင့် သွားများကျိုးခြင်း၊ ပဲ့ခြင်း၊ ကျွတ်ထွက်ခြင်၊း သွားငုတ်တိုများဖြစ်စေနိုင်ပါသည်။

ဤသို့အခြေအနေဖြစ်လာပါက သွားစိုက်ခြင်း၊ သွားအတုတပ်ခြင်း၊ သွားအစွပ်စွပ်ခြင်းများ ပြုလုပ်ရန်လိုအပ်လာပါသည်။ ပြင်းပြင်းထန်ထန် သွားကြိတ်ခြင်းသည် သွားကျိုးစေနိုင်ရုံသာမက မေးရိုးအဆစ်များကို ထိခိုက်သောကြောင့် မျက်နှာသွင်ပြင် ပြောင်းလဲနိုင်ပါသည်။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းကင်းဝေးစေရန် သွားဆရာဝန်နှင့် တိုင်ပင်၍ မိမိသွားနှင့်ကိုက်ညီသော အံကပ်များတပ်ထားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

စိတ်ဖိစီးမှုများလျှင် သွားကြိတ်နိုင်သောကြောင့် စိတ်ဖိစီးမှု လျော့ချသင့်ပါသည်။ သွားကြိတ်ခြင်း ကင်းဝေးစေရန် အောက်ပါနည်းလမ်းများလိုက်နာသင့်ပါသည်။

(၁) အိပ်ခါနီး အစာမာစားခြင်း၊ ကဖိန်းဓာတ်ပါသော ကော်ဖီ လက်ဖက်ရည် ကိုလာ ချောကလက် စားခြင်းရှောင်ရန်
(၂) အရက်သောက်သုံးခြင်း ရှောင်ရန်
(၃) ခဲတံ၊ ဘောပင်ကိုက်တတ်သော အလေ့အထများရှောင်ပါ၊ ပီကေဝါးခြင်းရှောင်ပါ။
(၄) မိမိကိုယ်ကိုမိမိသတိထားပါ။ နေ့ခင်းကြိတ်လျှင် လျှာာဖျားကို သွားကြားထဲထည့်ထားပါ။
(၅) အိပ်ပျော်နေစဉ် မေးရိုးကြွက်သားများ ပြေလျော့စေရန် နားနှင့်ပါးကြား နွေးထွေးသော အဝတ်စထားအိပ်ပါ။

ကလေးများသည် ငယ်သွားကျိုးချိန်နှင့် ကြီးသွားပေါက်ချိန်တွင် သွားကြိတ်လေ့ရှိပါတယ်။ ကလေးအများစုက ထိုအချိန်တွေကျော်လွန်ပြီးရင် သွားကြိတ်ခြင်း ပျောက်သွားတတ်ကြသော်လည်း အချို့က အိပ်နေစဉ် သွားကြိတ်နေတတ်ကြပါတယ်။

ကလေးများတွင် ဘာကြောင့်သွားကြိတ်တတ်သနည်းဟူသော အဖြေအတိအကျမသိရှိသော်လည်း ဖြစ်နိုင်သောအကြောင်းအရာများကတော့ သွားမညီ၍သော်လည်းကောင်း၊ ဖျားနာ၍ သော်လည်းကောင်း၊ အာဟာရမပြည့်ဝ၍ သော်လည်းကောင်း၊ တုတ်ကောင်များကြောင့် ဓာတ်မတည့်မှုနှင့် စိတ်ရောဂါပြဿနာများကြောင့် ဖြစ်နိုင်ချေရှိပါတယ်။

ကလေးများသွားကြိတ်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မေးရိုးနာခြင်းနှင့် မေရိုးအဆစ်လွဲခြင်း ဖြစ်လာပါက သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Author: Dr. ပြည့်ရှင်း

Previous Post

ကြွက်နို့

Next Post

ကိုယ်ဝန်ကြီးနှင့် လေယာဉ်ပျံ စီး၍ အဆင်ပြေမလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
819
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
640

သွားကလေးများ ကျန်းမာဖို့

3 years ago
722

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
924

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ကြီးနှင့် လေယာဉ်ပျံ စီး၍ အဆင်ပြေမလား

အချိန်မကုန် ငွေမကုန်ဘဲ ပျိုမေတွေကို အလှတရားတွေပေးမယ့် အရာ

G6PD - Deficiency

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.