fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အပူလောင်၊ ရေနွေးပူလောင်နှင့် ဆီပူလောင်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ ?

4.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2020
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ပူတဲ့အရာဝတ္ထုတစ်ခုခုကို ရုတ်တရက် ထိမိရင်ပဲဖြစ်ဖြစ်၊ ရေနွေးပူ၊ ဆီပူလောင်မိရင်ပဲဖြစ်ဖြစ် အပူလောင်ခြင်းဒဏ်ကို ခံစားရစေပါတယ်။

 

အပူလောင်ခြင်းဟာ အရေပြားရဲ့ ဆဲလ်လေးတွေကို သေစေနိုင်ပါတယ်။ ဒါပေမယ့် ပျက်စီးသွားတဲ့ အရေပြားဟာ collagen ဆိုတဲ့ ပရိုတင်းဓာတ်တစ်မျိုးကို ထုတ်လုပ်ပြီး ပြန်လည်ပြုပြင်ရေးတွေကို လုပ်ဆောင်နိုင်ပါတယ်။ အပူလောင်ဒဏ်ရာ သက်သာသွားတဲ့အခါမှာ အမာရွတ်လေးတွေ ကျန်ခဲ့တတ်ပြီး အချိန်တစ်ခုအကြာမှာ ပျောက်ကွယ်သွားတတ်သလို တစ်ချို့အမာရွတ်တွေကတော့ ပြန်မပျောက်ဘဲကျန်ခဲ့တတ်ပါတယ်!

 

အပူလောင်ခြင်းကတော့ မီးအပူလောင်ခြင်း၊ မီးအပူဟပ်ခြင်းကအစ ရေနွေးပူ/ဆီပူလောင်ခြင်း၊ ရေနွေးငွေ့လောင်ခြင်း၊ ဓာတုပစ္စည်းတွေနဲ့ထိတွေ့မိပြီး အရေပြားလောင်ခြင်း၊ ဓာတ်လိုက်ခြင်းနဲ့ နေပူလောင်ခြင်းအထိ အမျိုးမျိုးရှိပါတယ်။ ထိုကဲ့သို့ အပူလောင်ခြင်းတွေဟာ အသေးစားကနေ အရေးပေါ်ကုသမှုလိုအပ်သည်အထိ ဖြစ်နိုင်ပါတယ်။

 

အပူလောင်ပြီဆို အိမ်မှာပဲ ဆေးထည့်ရမလား ❓ ဆေးရုံဆေးခန်းသွားရမလား ❓

ကုသမှုပုံစံတွေဟာ ဒဏ်ရာရဲ့အခြေအနေနဲ့ အပူလောင်မိတဲ့နေရာအပေါ် မူတည်ပါတယ်။ ဆေးပညာအရ အပူလောင်ခြင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ပါတယ်။

  • 1st-degree burn – အပေါ်ယံအရေပြားအလွှာလောင်ခြင်းဖြစ်ပြီး နီခြင်း၊ နာခြင်းသာ ဖြစ်စေပါတယ်။
  • 2nd-degree burn – အရေပြားအတွင်းလွှာပါ လောင်ပြီး နီရဲခြင်း (သို့) အရေပြားပေါ်တွင် အဖြူအကွက်ဖြစ်သွားခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုများထခြင်း၊ အလွန်အမင်းနာကျင်ခြင်းတို့ ခံစားရစေပါတယ်။
  • 3rd-degree burn – အရေပြား၂ လွှာအပြင် အရေပြားအောက်ရှိအဆီအလွှာအထိပါလောင်ခြင်းဖြစ်ပြီး အရေပြားသည် သားရေအသားကဲ့သို့ဖြစ်နေခြင်း၊ ဒဏ်ရာသည် မဲတူးနေခြင်း၊ အပေါ်ယံနာဗ်အာရုံကြောလေးများ ပါသွားတဲ့အတွက် မနာဘဲ ထုံကျဉ်နေခြင်းသာ ခံစားရတတ်ပါတယ်။
  • 4th-degree burn – အတွင်းမှ အရွတ်ကြောများနဲ့ ကြွက်သားများ (သို့) အရိုးအထိပါ လောင်ကျွမ်းခြင်းတို့ ဖြစ်ပါတယ်။

 

1st-degree burn နှင့် အခြေအနေကောင်းသော 2nd-degree burn တို့ကို အိမ်တွင် ကုသနိုင်ပြီး ဆိုးရွှားသော 2nd degree burn မှစ၍ ဆရာဝန်နှင့် ဆေးကုသမှု ခံယူသင့်ပါတယ်။

 

အိမ်မှာ ဘယ်လိုကုကြမလဲ ❓

✅ အပူလောင်စေတဲ့ ပစ္စည်း၊ နေရာမှ ချက်ချင်းအလျင်အမြန် ရှောင်ဖယ်ပါ။

✅ အပူလောင်ဒဏ်ရာကို ရေအေးအေး (ရေခဲရေမဟုတ်) အောက်တွင် ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်ထားခြင်း (သို့) သန့်ရှင်းတဲ့ အဝတ်စိုစိုအေးအေးဖြင့် နာကျဉ်ခြင်း သက်သာသည်အထိ  ၅ မိနစ်ကနေ ၁၅ မိနစ်ခြားပြီး အုပ်ထားပေးပါ။

✅ လက်စွပ် (သို့) အခြားကြပ်တည်းသောအဝတ်အစားများ၊ ပစ္စည်းများကို အနာ ရောင်ရမ်းမလာခင် အလျင်အမြန် ချွတ်ပါ။

✅ အရည်ကြည်ဖုများကို မဖောက်ပါနှင်။ ပေါက်သွားခဲ့လျှင် ရေသန့်သန့်ဖြင့် သန့်စင်ပါ။

✅ အနာကို သန့်ရှင်း၊ အအေးခံပြီးလျှင် ရှားစောင်းလက်ပတ်၊ ပျားရည်၊ အေးမြသော အစိုဓာတ်ထိန်းခရင်တို့ကို လိမ်းပေးပါ။ ဒဏ်ရာဆိုးလျှင် (သို့) အရည်ကြည်ဖုပေါက်ခဲ့လျှင် ပိုးသတ်ဆေးအရည်၊ ပိုးသတ်ဆေးခရင်ကို ပါးပါးလိမ်းပေးပါ။

✅ ထို့နောက် ဒဏ်ရာကို သန့်ရှင်းသော ပတ်တီးစဖြင့် အနေတော်စည်းပေးပါ။ အတင်းအကြပ် မစည်းရပါ။ ဂွမ်းများကို အနာပေါ်တွင် တိုက်ရိုက်မအုပ်ရပါ။

✅ အနာသက်သာစေရန် ဆေးဆိုင်မှ တရားဝင်ရောင်းချသော အနာပျောက်ဆေး (paracetamol, ibuprofen) များကို အစာနှင့်တွဲ၍ သောက်သုံးနိုင်ပါသည်။

✅ ပါးစပ်အတွင်း အပူလောင်လျှင် အပူအစပ်၊ မာသော အစားအစာများ၊ အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းကို အနာသက်သာလာသည်အထိ ရှောင်ရပါမည်။

✅ မျက်နှာနှင့် မျက်လုံးများ အပူလောင်လျှင် ရောင်ရမ်းခြင်းကို လျှော့ချနိုင်စေရန် တတ်နိုင်သမျှ မတ်မတ်ထိုင်နေပါ။ မလဲလျောင်းနေပါနှင့်။

✅ အပူလောင်ခြင်းသည် ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေသည့်အတွက် ရေများများသောက်ပေးပါ။

✅ အထူးသဖြင့် ငယ်ရွယ်သောကလေးများနှင့် အသက်အရွယ်အိုမင်းတဲ့လူများတွင် ဒဏ်ရာကို အအေးခံရင်း ကိုယ်တွင်းအပူချိန် ရုတ်တရက်ကျသွားတတ်သည့်အတွက် နွေးနွေးထွေးထွေးထားရန်လည်း လိုအပ်ပါသည်။

✅ ဒဏ်ရာအခြေအနေအလိုက် မေးခိုင်ကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။

✅ အနာကို ပိုးဝင်ခြင်း ရှိ/မရှိ၊ အနာကောင်းကောင်း ကျက်/မကျက်  သေချာစောင့်ကြည့်ပါ။ အပေါ်ယံအရေပြားလောင်လျှင် ၇ ရက်မှ ၁၀ ရက်အတွင်း၊ အရေပြား ၂ လွှာလုံး လောင်လျှင် ၂ ပတ်မှ ၃ ပတ်အတွင်း အနာကျက်ရမည်။

✅ အနာကျက်ပြီးလျှင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ sunscreen၊ အစိုဓာတ်ထိန်းခရင်တို့ကို လိမ်းပေးပါ။

အနာတွင် မထည့်သင့်သည့် အယူအဆအမှားများ ❗️

✖️ ထောပတ်၊ အုန်းဆီနှင့် အခြားအဆီများ – အဆီများသည် အပူကို စုပ်ယူထားနိုင်သည့်အတွက် ဒဏ်ရာကို ပိုဆိုးစေနိုင်သည်။

✖️ ကြက်ဥအကာ – ကြက်ဥအစိမ်းသည် ဘတ်တီးရီးယားပိုးမွှားများစွာ ပါဝင်နေပြီး ဓာတ်မတည့်ခြင်းကိုပါ ရံဖန်ရံခါ ဖြစ်စေသည်။

✖️ သွားတိုက်ဆေး – သွားတိုက်ဆေး၏ အေးမြသောခံစားချက်ကြောင့် အနာသက်သာသွားသည်ဟု အထင်မှားကြသော်လည်း စင်စစ်တွင် အနာကိုတိုက်စားပြီး ပိုဆိုးစေနိုင်သည်။

✖️ ရေခဲကပ်ခြင်း – ရေခဲနှင့် အလွန်အေးစက်သောရေများသည် အနာရှိတစ်သျှူးစများကို ထိခိုက်စေသည်။

✖️ အရွက်များ – မသန့်ရှင်းသော အရွက်များကိုကြိတ်ပြီး အနာတွင်သိပ်ထည့်ခြင်းသည် အနာတွင် ပိုးဝင်စေပြီး သွေးဆိပ်တက်သည်အထိ ဆိုးရွားစေပါသည်။

 

ဘယ်အချိန်မှာ ဆေးခန်းသွားပြသင့်လဲ ❓

🔺 ခြေ၊ လက်၊ မျက်နှာ၊ ပေါင်ခြံ၊ တင်ပါး၊ အဆစ်အကြီး (သို့) အပူလောင်ဒဏ်ရာ အရွယ်အစား ကြီးမားလျှင် ( ၂ လက်မပတ်လည်ထက် ကြီးမားလျှင်)

🔺 ဆိုးရွှားသော 2nd degree burn၊ 3rd-degree burn၊ 4th-degree burn

🔺 အပူလောင်သည့် အရေပြားသည် သားရေကဲ့သို့ဖြစ်နေလျှင်

🔺 အပူလောင်သည့် အရေပြားသည် အမဲကွက်/ အဖြူကွက်/ အညိုကွက်လိုက်ဖြစ်နေလျှင်

🔺 ဓာတ်လိုက်ပြီး အရေပြားလောင်ကျွမ်းခြင်း၊ ဓာတုပစ္စည်းတွေနဲ့ထိတွေ့မိပြီး အရေပြားလောင်ခြင်း

🔺 အသက်ရှုလမ်းကြောင်းတွင် အပူလောင်လျှင်၊ အသက်ရှုရခက်ခဲလာလျှင်

🔺 ဒဏ်ရာမှ ပိုးဝင်သည့်လက္ခဏာများ တွေ့ရလျှင်

🔺 အနာသည် အများဆုံး ၂ ပတ်အတွင်း မကျက်လျှင် ဆရာဝန်နှင့် သွားရောက်ပြသရန် လိုအပ်ပါသည်။

Author : Dr. အေးချမ်းမိုး

Previous Post

ကလေးများ အရိုးအဆစ်သန်မာစေရန် အရေးကြီးသောကယ်ဆီယမ်နှင့် ဗီတာမင် ဒီ

Next Post

ပျိုမေတို့ စိုးရွံ့သည့် နေရောင်ခြည်နှင့် ထိတွေ့ ပြီးနောက် အသားအရောင်မညီညာခြင်းပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပျိုမေတို့ စိုးရွံ့သည့် နေရောင်ခြည်နှင့် ထိတွေ့ ပြီးနောက် အသားအရောင်မညီညာခြင်းပြဿနာ

Vitamin D ကြွယ်ဝသောအစားအစာများ

မကြာခဏ ဝမ်းချုပ်တတ်ရင် ဒါလေးတွေလုပ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.