fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အဆုတ်လေပြွန် ရောင်ရမ်းခြင်းကို သက်သာစေနိုင်မည့် နည်းလမ်းများ

795
VIEWS
01/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အဆုတ်လေပြွန် ရောင်ရမ်းခြင်းကို သက်သာစေနိုင်မည့် နည်းလမ်းများ

(၁) လုံလောက်စွာ အိပ်စက်အနားယူခြင်း
အဆုတ်လေပြွန်ရောင်ခြင်း၏ အဓိက လက္ခဏာတစ်ခုမှာ မောပန်းနွမ်းနယ်ခြင်းဖြစ်သည်။ ရောဂါပိုးဝင်ရောက်ခြင်းနှင့် ချောင်းဆိုးခြင်းကြောင့် မောပန်းနွမ်းနယ်ခြင်းဖြစ်သည်။ သုတေသနများအရ အိပ်စက်ခြင်းသည် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးဝင်ရောက်ခြင်းကြောင့် နာမကျန်းမှုကို သက်သာစေနိုင်ကြောင်း သိရသည်။ ထို့အပြင် အိပ်စက်ခြင်းသည် တစ်ရှူးများ ပျက်စီးခြင်းကို ပြုပြင်ပေးခြင်း၊ တစ်ရှူးအသစ်များ ဖြစ်ပေါ်ခြင်း၊ အရေးကြီးသော ဟော်မုန်းများနှင့် အားအင်များကိုဖြစ်ပေါ်စေခြင်း စသည်တို့ကို ကူညီပေးနိုင်သည်။
နိုင်ငံတကာ နှလုံး၊ အဆုတ်နှင့် သွေးအဖွဲ့အစည်းကြီး၏အဆိုအရ အရွယ်ရောက်ပြီးသူများတွင် တစ်နေ့လျှင် အိပ်စက်ချိန် ၇-၈ နာရီလိုအပ်ပြီး ကလေးငယ်များတွင် တစ်နေ့လျှင် ၁၀-၁၂ နာရီအိပ်စက်ချိန်ယူရန် လိုအပ်ကြောင်းသိရသည်။ လုံလောက်စွာ အိပ်စက်အနားယူခြင်းဖြင့် ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပြီး အဆုတ်လေပြွန်ရောင်ခြင်းကို သက်သာစေနိုင်ပါသည်။

(၂) အရည်ကို လုံလောက်စွာ သောက်သုံးပေးခြင်း

အဆုတ်လေပြွန်ရောင်ခြင်းသည် အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်သည်။ ဆရာဝန်အများစုသည် မကြာခဏဆိုသလို အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ခံနေရသူ လူနာများကို အရည်များများသောက်ရန် အကြံပေးလေ့ရှိကြသည်။ အဆုတ်လေပြွန်ရောင်ခြင်း ခံစားနေရသူများတွင် အဖျားကြီးခြင်း၊ အသက်ရှူမြန်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်းများခံစားရပြီး ရေဓာတ်ဆုံးရှုံးစေနိုင်ပါသည်။ ရေဓာတ်ဆုံးရှုံးပါက ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပါးစပ်နှင့် လည်ချောင်းတွင် မသက်မသာခံစားရနိုင်ပါသည်။
အဆုတ်လေပြွန်ရောင်သူများတွင် အရည်များများသောက်သုံးပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ခြင်း၊ သလိပ်များကို နည်းပါးစေခြင်းနှင့် လည်ချောင်းကို စိုစွတ်ခြင်းစသည့် ကောင်းကျိုးများရရှိစေနိုင်ပါသည်။ အရည်တွင် ရေ၊ သစ်သီးဖျော်ရည်၊ လက်ဖက်စိမ်း၊ စွတ်ပြုတ်အရည်နှင့် အစားအစာထဲရှိရေများ ပါဝင်ပါသည်။သို့ရာတွင် သုတေသနများတွင် အဆုတ်ရောင်ခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်း ရောဂါပိုး ကူးစက်ခံရခြင်းများတွင် အရည်များများသောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သော အချက်မှာ သက်သေမပြနိုင်သေးပေ။

(၃) ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
ဆေးလိပ်သောက်ခြင်းသည် နာတာရှည် အဆုတ်လေပြွန်ရောင်ခြင်း၏ အဓိကဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းသည် လူတစ်ယောက်၏ ဘဝအရည်အသွေး တိုးမြှင့်စေနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်ရှိလေပြွန်များနှင့် ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါသည်။ မီးခိုးငွေ့များကိုရှူရှိုက်မိခြင်းသည် အဆုတ်လေပြွန်ရောင်ခံစားနေရသူဖြစ်ပါက ပိုမိုဆိုးရွားစေနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်ခြင်းသည် အဆုတ်လေပြွန်ပျက်စီးနေခြင်းကို သက်သာစေနိုင်ပြီး အနာပိုမိုကျက်စေနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်သူသည် အနာဂတ်တွင် အဆုတ်လေပြွန်ရောင်ခြင်း ဖြစ်နိုင်ခြေနည်းပါးစေနိုင်ပါသည်။
အဆုတ်လေပြွန်ရောင်ခြင်းကို ပိုမိုဆိုးဝါးစေသည့် အရာများဖြစ်သော ဖုန်မှုန့်များ၊ မီးခိုးငွေ့များ၊ အိမ်သုံးပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်းများနှင့် လေထု ညစ်ညမ်းခြင်းစသည့် နေရာများမှ ဝေးဝေးရှောင်ကြဉ်သင့်ပါသည်။

(၄) ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးပေးခြင်း

အဆုတ်လေပြွန်ရောင်ခြင်းကိုသက်သာစေနိုင်မည့် နည်းလမ်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ ရွေးချယ်စားသုံးပေးခြင်းပါဝင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများတွင် လတ်ဆတ်သောဟင်းသီးဟင်းရွက်၊ အသီးအနှံများ၊ ဆန်စပါးအစေ့အဆန်များ၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုးစသည်တို့ ပါဝင်ပါသည်။ ၎င်းတို့သည် အဆီနည်းသော နို့နှင့်နို့ထွက်ပစ္စည်းများ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီများ၊ ကိုလက်စထရော၊ ဆားနှင့်အချိုတို့ကို ကန့်သတ်စွာပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများဖြစ်သည်။
ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများ စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာခုခံအား စနစ်ကို ကောင်းမွန်စေနိုင်ပါသည်။ အစားအသောက်များသည် ကျန်းမာရေးနှင့် မညီညွတ်ပါက ခုခံအားစနစ်ကို ချို့ယွင်းစေပါသည်။ အာဟာရများနှင့် အားအင်များရရှိမှုလည်း နည်းပါးစေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးပေးသင့်ပါသည်။

(၅) ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို ကုသပေးခြင်း

အကိုက်အခဲပျောက်ဆေးများသည် အဆုတ်လေပြွန်ရောင်ခြင်း၏ လက္ခဏာများဖြစ်သော အဖျားကြီးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုက်လက်နာကျင်ကိုက်ခဲမှုများကို သက်သာစေနိုင်ပါသည်။ အက်စ်ပရင်ဆေးကို ကလေးငယ်များတွင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသုံးစွဲသင့်ပေ။ NSAIDs အကိုက်အခဲပျောက်ဆေးများဖြစ်စေ အက်စ်ပရင်နှင့် အိုင်ဗျူပရိုဖင်ဆေးကို ပန်းနာရင်ကျပ်ရှိသောသူများတွင် အန္တာရာယ်ဖြစ်စေနိုင်သောကြောင့် သတိထားရှောင်ကြဉ်သင့်ပါသည်။

(၆) လည်ချောင်းနာခြင်းကို ကုသခြင်း

အဆုတ်လေပြွန်ရောင်ခြင်း၏ အဓိကလက္ခဏာဖြစ်သော လည်ချောင်းနာခြင်းကို သက်သာစေရန် ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်း၊ ရေနွေးပူပူ၊ ဟင်းရည်ပူပူသောက်ခြင်း၊ ငုံဆေးပြားများ အသုံးပြုခြင်း အကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။ သတိထားသင့်သည်မှာ လေးနှစ်အောက် ကလေးငယ်များတွင် လည်ချောင်းနာခြင်းသက်သာစေရန်အတွက် အရွယ်အစားသေးငယ်ပြီး မာကျောသော စုပ်စရာအရာများကို ရှောင်ကြဉ်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည် ကလေးငယ်များကို ဆို့နင့်ပိတ်ဆို့ Choking စေနိုင်ပါသည်။

(၇) ဖြည့်စွက်ဆေးများ အသုံးပြုခြင်း

ဖြည့်စွက်ဆေးများ အသုံးပြုခြင်းဖြင့် အဆုတ်လေပြွန်ရောင်ခြင်းကို သက်သာစေနိုင်ပါသည်။ N-acetylcysteine (NAC) သည် နာတာရှည်အဆုတ်လေပြွန်ရောင်ခြင်းလက္ခဏာများကို သက်သာစေနိုင်ကြောင်း သုတေသနအချို့အရ သိရသည်။ ပရိုဘိုင်အိုတစ် Probiotics များသည် သေးငယ်သောသက်ရှိများဖြစ်ကြပြီး ခုခံအားစနစ်ကိုကောင်းမွန်စေပါသည်။ Probiotics များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးစက်မှုများတွင် ကောင်းကျိုးရရှိနိုင်ပြီး အဆုတ်လေပြွန်ရောင်ခြင်းတွင် ရောဂါလက္ခဏာ၏ ပြင်းထန်မှုနှင့်အချိန်ကြာမြင့်စွာ ဖြစ်ပွားနေခြင်းကို သက်သာစေနိုင်ပါသည်။

Author: ဒေါက်တာချမ်းမြေ့

Previous Post

နိုင်ငံတကာ စံမီ ကျန်းမာရေးနှင့် ညီညွှတ်သော လုပ်ငန်းခွင်ဖန်တီးရေး

Next Post

သွေးအားနည်း ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးအားနည်း ရောဂါ

ရေသန့်ဘူး ၊အအေးဘူးတို့နဲ့ ကျန်းမာရေး

နှလုံးရောဂါနှင့် လိင်ဆက်ဆံမှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.