လူတစ္ေယာက္အဖို႔ မိမိ၌ ႏွလုံးေရာဂါရွိမွန္းသိလွ်င္ လိင္ဆက္ဆံရန္ ေၾကာက္႐ြံ႕သြားတတ္ၾကသည္။ တခ်ိဳ႕သည္ အေၾကာက္လြန္ကဲကာ လိင္ဆက္ဆံမႈကို လုံးဝရပ္တန႔္ပစ္လိုက္ျခင္းမ်ိဳးပင္ ရွိသည္။
လိင္ဆက္ဆံမႈေၾကာင့္ စိတ္ဆႏၵတက္ႂကြျခင္းႏွင့္ ဆႏၵၿပီးေျမာက္ျခင္းတို႔တြင္ ႏွလုံးခုန္ျမန္လာျခင္း၊ အသက္ရွဴျမန္လာျခင္းႏွင့္ ေသြးဖိအားျမင့္တက္လာျခင္းတို႔ ျဖစ္လာသည္။ ဤျဖစ္စဥ္မ်ားသည္ ႏွလုံးေရာဂါ၏ လကၡဏာမ်ားႏွင့္ ဆင္တူေနသျဖင့္ စိုးရိမ္ေၾကာက္လန႔္မႈ ျဖစ္ေစႏိုင္သည္။ အကယ္၍ မူလက ႏွလုံးေရာဂါေၾကာင့္ ႏွလုံးခုန္ျမန္ျခင္း သို႔မဟုတ္ စည္းဝါးမမွန္ျခင္းတို႔ ျဖစ္ေနခဲ့လွ်င္ လိင္ဆံဆက္မႈ၏ ျဖစ္စဥ္မ်ားေၾကာင့္ တစ္စုံတစ္ရာ အႏၲရာယ္ျဖစ္ႏိူင္မည္။ သို႔ေသာ္ ေဆးပညာရွင္မ်ားႏွင့္ ညႇိႏႈိင္းတိုင္ပင္ ျပသၿပီး လိုအပ္ေသာ ကုသမႈခံယူကာ ခြင့္ျပဳခ်က္ရယူသင့္သည္။
ႏွလုံးေရာဂါရွိသူသည္ လိင္ဆက္ဆံမိသျဖင့္ ရင္ဘတ္ေအာင့္ျခင္း၊ ႏွလုံးႂကြက္သား ႐ုတ္တရက္ပ်က္ယြင္းျခင္းႏွင့္ ေသဆုံးျခင္းတို႔ျဖစ္မည္ကို စိုးရိမ္မႈမ်ားလာေသာအခါ အမ်ိဳးသားျဖစ္ပါက ပန္းေသ ပန္းညႇိဳး ပန္းမလန္းျခင္း ျဖစ္လာႏိူင္သည္။ အမ်ိဳးသမီးမ်ားတြင္လည္း လိင္ဆႏၵကုန္ခမ္းသြားႏိူင္သည္။ အမ်ိဳးသမီးမ်ားသည္ ႏွလုံးႂကြက္သား ႐ုတ္တရက္ပ်က္ယြင္းမႈ Heart Attack ႀကဳံခဲ့ဖူးပါက ဆႏၵအားနည္းျခင္း၊ ဆႏၵတက္ႂကြမႈ မရွိျခင္းႏွင့္ ဆႏၵၿပီးေျမာက္မႈ မရႏိူင္ျခင္းတို႔ ဆက္လက္ျဖစ္ေပၚလာတတ္သည္။
လိင္ပိုင္းဆိုင္ရာ ကုထုံးပညာရွင္မ်ားက “ ႏွလုံးေရာဂါက သင့္ဘဝကို အႏိူင္မယူပါေစႏွင့္ ”ဟု လမ္းၫႊန္ေျပာၾကားလိုက္သည္။ ႏွလုံးေရာဂါရွိသျဖင့္ လိင္မဆက္ဆံဘဲေနရန္ မလိုပါ။ ဆက္ဆံႏိူင္ပါသည္ဟုဆိုသည္။
လိင္ဆက္ဆံစဥ္ႏွင့္ ဆက္ဆံၿပီးေနာက္ ႏွလုံးႂကြက္သား ႐ုတ္တရက္ပ်က္ယြင္းမႈ လုံးဝမျဖစ္ဟု မဆိုႏိုင္ေသာ္လည္း ျဖစ္ပြားႏႈန္း အလြန္နည္းပါသည္။ ႏွလုံးေရာဂါ လူနာတစ္သန္းတြင္ လူ ၂၀ ေလာက္၌သာ ျဖစ္ႏိူင္သည္ဟု ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။
မိမိ၌ ႏွလုံးေရာဂါရွိလွ်င္ က်န္းမာေရးႏွင့္ ညီၫြတ္စြာ လိင္ဆက္ဆံႏိူင္ဖို႔အတြက္…
ဆရာဝန္ႏွင့္ ျပသတိုင္ပင္ရပါမည္။ အၿမဲမျပတ္ စမ္းသပ္စစ္ေဆးမႈ ခံယူရပါမည္။ ၫႊန္ၾကားေသာ ေဆးဝါးမ်ားကို မွီဝဲရပါမည္။ လမ္းၫႊန္ခ်က္မ်ားကိုလည္း လိုက္နာေဆာင္႐ြက္ရန္ လိုအပ္ပါသည္။
ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းမ်ားကို မွန္မွန္ျပဳလုပ္ေပးသင့္သည္။ မိမိႏွင့္ မည္သို႔ေသာ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္း သင့္ေတာ္မည္ဆိုျခင္းကိုလည္း ကြၽမ္းက်င္ဆရာမ်ားႏွင့္ တိုင္ပင္ရပါမည္။
အရက္ေသာက္ၿပီးခ်ိန္ႏွင့္ အစားအစာ ပမာဏမ်ားစြာ စားၿပီးခ်ိန္ လိင္ဆက္ဆံျခင္း မျပဳသင့္ပါ။ အနည္းဆုံး သုံးနာရီ ေစာင့္ဆိုင္းသင့္သည္။
အားမစိုက္ရေသာ အေနအထားမ်ိဳးကို ေ႐ြးခ်ယ္ရန္ အေရးႀကီးပါသည္။
ဆက္ဆံစဥ္၊ ဆက္ဆံၿပီးကာလမ်ား၌ ခံစားရမႈမ်ားရွိပါက ဆရာဝန္အား တင္ျပၿပီး အႀကံဉာဏ္ရယူရန္လည္း လိုအပ္မည္ ျဖစ္ပါသည္။
Author: Dr. ေအးေက်ာ္
(Unicode)
လူတစ်ယောက်အဖို့ မိမိ၌ နှလုံးရောဂါရှိမှန်းသိလျှင် လိင်ဆက်ဆံရန် ကြောက်ရွံ့သွားတတ်ကြသည်။ တချို့သည် အကြောက်လွန်ကဲကာ လိင်ဆက်ဆံမှုကို လုံးဝရပ်တန့်ပစ်လိုက်ခြင်းမျိုးပင် ရှိသည်။
လိင်ဆက်ဆံမှုကြောင့် စိတ်ဆန္ဒတက်ကြွခြင်းနှင့် ဆန္ဒပြီးမြောက်ခြင်းတို့တွင် နှလုံးခုန်မြန်လာခြင်း၊ အသက်ရှူမြန်လာခြင်းနှင့် သွေးဖိအားမြင့်တက်လာခြင်းတို့ ဖြစ်လာသည်။ ဤဖြစ်စဉ်များသည် နှလုံးရောဂါ၏ လက္ခဏာများနှင့် ဆင်တူနေသဖြင့် စိုးရိမ်ကြောက်လန့်မှု ဖြစ်စေနိုင်သည်။ အကယ်၍ မူလက နှလုံးရောဂါကြောင့် နှလုံးခုန်မြန်ခြင်း သို့မဟုတ် စည်းဝါးမမှန်ခြင်းတို့ ဖြစ်နေခဲ့လျှင် လိင်ဆံဆက်မှု၏ ဖြစ်စဉ်များကြောင့် တစ်စုံတစ်ရာ အန္တရာယ်ဖြစ်နိူင်မည်။ သို့သော် ဆေးပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် ပြသပြီး လိုအပ်သော ကုသမှုခံယူကာ ခွင့်ပြုချက်ရယူသင့်သည်။
နှလုံးရောဂါရှိသူသည် လိင်ဆက်ဆံမိသဖြင့် ရင်ဘတ်အောင့်ခြင်း၊ နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်မည်ကို စိုးရိမ်မှုများလာသောအခါ အမျိုးသားဖြစ်ပါက ပန်းသေ ပန်းညှိုး ပန်းမလန်းခြင်း ဖြစ်လာနိူင်သည်။ အမျိုးသမီးများတွင်လည်း လိင်ဆန္ဒကုန်ခမ်းသွားနိူင်သည်။ အမျိုးသမီးများသည် နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းမှု Heart Attack ကြုံခဲ့ဖူးပါက ဆန္ဒအားနည်းခြင်း၊ ဆန္ဒတက်ကြွမှု မရှိခြင်းနှင့် ဆန္ဒပြီးမြောက်မှု မရနိူင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာတတ်သည်။
လိင်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များက “ နှလုံးရောဂါက သင့်ဘဝကို အနိူင်မယူပါစေနှင့် ”ဟု လမ်းညွှန်ပြောကြားလိုက်သည်။ နှလုံးရောဂါရှိသဖြင့် လိင်မဆက်ဆံဘဲနေရန် မလိုပါ။ ဆက်ဆံနိူင်ပါသည်ဟုဆိုသည်။
လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက် နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းမှု လုံးဝမဖြစ်ဟု မဆိုနိုင်သော်လည်း ဖြစ်ပွားနှုန်း အလွန်နည်းပါသည်။ နှလုံးရောဂါ လူနာတစ်သန်းတွင် လူ ၂၀ လောက်၌သာ ဖြစ်နိူင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မိမိ၌ နှလုံးရောဂါရှိလျှင် ကျန်းမာရေးနှင့် ညီညွတ်စွာ လိင်ဆက်ဆံနိူင်ဖို့အတွက်…
ဆရာဝန်နှင့် ပြသတိုင်ပင်ရပါမည်။ အမြဲမပြတ် စမ်းသပ်စစ်ဆေးမှု ခံယူရပါမည်။ ညွှန်ကြားသော ဆေးဝါးများကို မှီဝဲရပါမည်။ လမ်းညွှန်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးသင့်သည်။ မိမိနှင့် မည်သို့သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း သင့်တော်မည်ဆိုခြင်းကိုလည်း ကျွမ်းကျင်ဆရာများနှင့် တိုင်ပင်ရပါမည်။
အရက်သောက်ပြီးချိန်နှင့် အစားအစာ ပမာဏများစွာ စားပြီးချိန် လိင်ဆက်ဆံခြင်း မပြုသင့်ပါ။ အနည်းဆုံး သုံးနာရီ စောင့်ဆိုင်းသင့်သည်။
အားမစိုက်ရသော အနေအထားမျိုးကို ရွေးချယ်ရန် အရေးကြီးပါသည်။
ဆက်ဆံစဉ်၊ ဆက်ဆံပြီးကာလများ၌ ခံစားရမှုများရှိပါက ဆရာဝန်အား တင်ပြပြီး အကြံဉာဏ်ရယူရန်လည်း လိုအပ်မည် ဖြစ်ပါသည်။
Author: Dr. အေးကျော်