fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

OMEGA-3 Fatty acid တစ်မျိုးဖြစ်တဲ့ DHA က ခန္ဓာကိုယ်အပေါ်ဘယ်လိုကောင်းကျိုးပြုသလဲ အပိုင်း ( ၁ )

60
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/11/2020
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

ခန္ဓာကိုယ်နှင့်ဦးနှောက်အပေါ် အကျိုးကျေးဇူးများစွာပေးနိုင်သည့် Omega-3 Fatty acids (DHA) များသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန့်အလွန်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။

အောက်ပါအကြောင်းခြင်းရာများသည် အာဟာရပညာရှင်များက Omega -3 Fatty acids (DHA) ၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများကို လေ့လာတွေ့ရှိချက်များဖြစ်ကြပါသည်။

 

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

Omega -3 အဆီများက ကမ္ဘာပေါ်တွင်အဖြစ်အများဆုံး စိတ်ပိုင်းဆိုင်ရာဝေဒနာများဖြစ်သည့် စိတ်ကျဝေဒနာနှင့် စိုးရိမ်ပူပန်မှုလွန်ကဲသောဝေဒနာများကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။

စိတ်ကျဝေဒနာ၏ လက္ခဏာများမှာ

–              အကြောင်းကိစ္စကြီးငယ်မရှိဘဲ စိတ်ဆင်းရဲနေခြင်း

–              အားအင်မရှိသကဲ့သို့ဖြစ်နေခြင်း

–              နေ့စဉ်ကြုံတွေ့ရသည့်အရာများနှင့် ဖြစ်ရပ်များအပေါ်တွင် စိတ်ဝင်စားမှုနည်းပါးလာခြင်း စသည်တို့ဖြစ်ပါသည်။

စိုးရိမ်ပူပန်မှုလွန်ကဲသောဝေဒနာသည် တစ်ခုခုကိုအစဉ်အမြဲစိုးရိမ်ပူပန်နေခြင်းနှင့် စိတ်လှုပ်ရှားဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်ခံစားရသော အတွေ့ရများသည့် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုအခြေအနေတစ်ရပ် ဖြစ်ပါသည်။

လေ့လာတွေ့ရှိချက်များအရ Omega-3 အဆီများကို ပုံမှန်စားသုံးသောသူများသည် စိတ်ကျဝေဒနာနှင့် စိုးရိမ်မှုလွန်ကဲသောဝေဒနာများကို  ဖြစ်နိုင်ရန် အခွင့်အရေးနည်းပါးကြောင်းတွေ့ရှိရပါသည်။

ထို့အပြင် စိတ်ကျဝေဒနာနှင့် စိုးရိမ်ပူပန်မှုလွန်ကဲသည့်ဝေဒနာများကို  ခံစားနေရသူများသည်လည်း Omega -3 အဆီ ဖြည့်စွက်အာဟာရများကို စားသုံးသည့်အခါ ရောဂါလက္ခဏာများပိုမိုကောင်းမွန်တိုးတက်လာကြောင်း တွေ့ရှိရပါသည်။

မျက်လုံးကျန်းမာရေး

မျက်လုံးထဲတွင်ရှိသော မြင်လွှာတွင် အဓိကပါဝင်ဖွဲ့စည်းထားသည့်အရာမှာ OMEGA-3 အဆီအမျိုးအစားတစ်ခုဖြစ်သော DHA ဖြစ်ပါသည်။

ထို့ကြောင့် DHA ကို လုံလောက်စွာမရရှိသောအခါ အမြင်အာရုံဆိုင်ရာပြဿနာများ ပိုမိုဖြစ်ပွားလာတတ်ပါသည်။

ထို့အပြင် Omega-3 အဆီများ လုံလောက်စွာရရှိမှုသည် ကမ္ဘာပေါ်တွင် မျက်စိဆိုင်ရာ ထိခိုက်ပျက်စီးမှုနှင့် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည့် မျက်ကြည်လွှာ ထိခိုက်ပျက်စီးမှု ဖြစ်နိုင်သည့်အလားအလာကို လျော့နည်းစေကြောင်းတွေ့ရှိရပါသည်။

Omega -3 အဆီများသည် မိခင်၏ ဝမ်းဗိုက်အတွင်း ကိုယ်ဝန်ဆောင်နေစဉ်ကာလနှင့် မွေးဖွားပြီးသည့်နောက်တွင် ကလေး၏ ဦးနှောက် ဖွံ့ဖြိုးတိုးတက်စေရန် မရှိမဖြစ်အရေးပါပါသည်။

DHA သည် ဦးနှောက်တွင်ရှိသော Polyunsaturated fatty acids များ၏ ၄၀% ကို ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့အပြင် မျက်လုံး၏ မြင်လွှာတွင်ရှိသော Polyunsaturated fatty acids ၏ ၆၀% ကို ပါဝင်ဖွဲ့စည်းပေးထားပါသည်။ ထို့ကြောင့် DHA ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်ထားသည့် ဖြည့်စွက်အာဟာရ နို့မှုန့်များကို သောက်သုံးသောကလေးငယ်များသည် အမြင်အာရုံပိုင်းဆိုင်ရာ နှင့် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုတိုးတက်ကောင်းမွန်နေခြင်းဖြစ်ပါသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် Omega-3 အဆီများ လုံလောက်စွာရရှိခြင်းသည်

  • ကလေးများကို အသိဉာဏ်ဆိုင်ရာပိုမိုမြင့်မားလာစေခြင်း၊
  • ဆက်သွယ်မှုနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အရည်အသွေးများပိုမိုကောင်းမွန်လာစေခြင်း၊
  • အမူအကျင့်ဆိုင်ရာ၊အပြုအမူဆိုင်ရာနှင့် ပတ်သက်သည့် ပြဿနာများကို ပိုမိုနည်းပါးစေခြင်း၊
  • ခန္ဓာကိုယ်၏ အထွေထွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်နိုင်သည့်အလားအလာများကို လျော့နည်းစေခြင်း၊
  • ကလေးများတွင် ဖြစ်ပွားလေ့ရှိသည့် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့် ရောဂါများဖြစ်သော ADHA၊ Autism နှင့် Cerebral palsy ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကို လျှော့ချပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

DHA ရဲ့ ကောင်းကျိုးများ (အပိုင်း ၂ )

Next Post

OMEGA-3 Fatty acid တစ်မျိုးဖြစ်တဲ့ DHA က ခန္ဓာကိုယ်အပေါ်ဘယ်လိုကောင်းကျိုးပြုသလဲ အပိုင်း ( ၂ )

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

OMEGA-3 Fatty acid တစ်မျိုးဖြစ်တဲ့ DHA က ခန္ဓာကိုယ်အပေါ်ဘယ်လိုကောင်းကျိုးပြုသလဲ အပိုင်း ( ၂ )

ငါးကြီးဆီ (DHA) ပြည့်ဝခဲ့မယ်ဆိုလျှင် (အပိုင်း - ၁)

ငါးကြီးဆီ (DHA) ပြည့်ဝခဲ့မယ်ဆိုလျှင် (အပိုင်း - ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.