fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဓာတ်မတည့်ချောင်းဆိုးရောဂါအကြောင်း သိကောင်းစရာ

226
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/11/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်, အထွေထွေရောဂါများအကြောင်း
1 min read
A A

သာမန် အအေးမိချောင်းဆိုးခြင်းနှင့် ဓာတ်မတည့်ချောင်းဆိုးခြင်းသည် ရောဂါလက္ခဏာများ ဆင်တူသည်ဟုထင်ရသော်လည်း ကုသပုံနည်းလမ်းများကွာခြားပါသည်။ ထို့ကြောင့် ဓာတ်မတည့်ချောင်းဆိုးခြင်း အကြောင်းကို ပိုမိုသိရှိနိုင်စေရန် ဆွေးနွေးတင်ပြပေးသွားပါမည်။

 

ဓာတ်မတည့်ချောင်းဆိုးခြင်းကို ဖြစ်စေသောအရာများ

ဓာတ်မတည့်ချောင်းဆိုးခြင်းသည် ပတ်ဝန်းကျင်တွင်ရှိသော ပန်းဝတ်မှုန်များ၊ တိရစ္ဆာန်များ၏ အမွေးအမှင်များ၊ ဖုန်မှုန့်များ၊ ဆေးလိပ်မီးခိုးငွေ့များ စသည်တို့နှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာလေ့ရှိသော ချောင်းဆိုးခြင်း ဖြစ်ပါသည်။

ထိုသို့ဓာတ်မတည့်ခြင်းကို ဖြစ်စေသော အရာဝတ္ထုများသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သောအခါ အသက်ရှူလမ်းကြောင်းကို အနှောင့်အယှက်ပြု နှိုးဆွခြင်းအားဖြင့် ချောင်းခြောက်ဆိုးခြင်းများကို ဖြစ်လာစေပါသည်။

သို့သော် မည်သည့်အရာက မိမိ၏ခန္ဓာကိုယ်နှင့် ဓာတ်မတည့်ခြင်း ဖြစ်စေသည်ဟု ခွဲခြားရန်နှင့် ထိုဓာတ်မတည့်သည့်အရာကို ရှောင်ရှားရန်သည် အနည်းငယ် ခက်ခဲသည့် ပြဿနာတစ်ခုပင်ဖြစ်ပါသည်။

 

ဓာတ်မတည့်ချောင်းဆိုးခြင်း၏ ရောဂါလက္ခဏာများ

ဓာတ်မတည့်ချောင်းဆိုးခြင်းကို ပုံမှန်အအေးမိချောင်းဆိုးခြင်းနှင့် ခွဲခြားရန်အတွက် သာမန်အားဖြင့် ခက်ခဲတတ်ပါသည်။

သို့သော် အောက်ပါအချက်များသည် ဓာတ်မတည့်ချောင်းဆိုးခြင်း၏ ထူးခြားသော လက္ခဏာများဖြစ်ပါသည်။

  • ချောင်းဆိုးခြင်းသည် ရုတ်တရက်စတင်တတ်၍ ၂ မိနစ်မှ ၄ မိနစ်ခန့် ကြာပြီးနောက်တွင် ရုတ်တရက် ရပ်သွားတတ်ပါသည်။
  • သလိပ်မထွက်သော ချောင်းခြောက်ဆိုးခြင်းဖြစ်လေ့ရှိပါသည်။
  • လည်ချောင်းယားယံတတ်ပါသည်။
  • ထို့ပြင် ထိုသို့ချောင်းဆိုးခြင်းသည် နှာစေးခြင်း၊ နှာခေါင်းယားယံခြင်း၊ နှာချေခြင်း၊ မောခြင်းနှင့် အသက်ရှူကျပ်ခြင်းများကိုပါ ပူးတွဲဖြစ်ပေါ်စေနိုင်ပါသည်။
  • ဓာတ်မတည့်ခြင်းကြောင့် နှာချေ၊ ချောင်းဆိုးခြင်း၏ ထူးခြားသည့် လက္ခဏာတစ်ရပ်မှာ ကိုယ်အပူချိန်မရှိခြင်းပင် ဖြစ်ပါသည်။

 

 

ဘယ်လိုကုသမလဲ

ဓာတ်မတည့်ခြင်းကြောင့် ချောင်းဆိုးခြင်းအား ကုသရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ဓာတ်မတည့်ခြင်းဖြစ်စေသည့် အရာဝတ္ထုများကို မထိတွေ့စေရန် ရှောင်ရှားခြင်းပင်ဖြစ်ပါသည်။

ထို့အပြင် Antihistamine ကဲ့သို့သော ဓာတ်မတည့်ခြင်းကို သက်သာပျောက်ကင်းစေသည့် ဆေးဝါးများကိုလည်း သောက်သုံးနိုင်ပါသည်။

ထို့ပြင် ချောင်းဆိုးပျောက်ငုံဆေးပြားနှင့် ဆေးရည်များကလည်း အတိုင်းတာတစ်ခုအထိ အကူအညီဖြစ်စေနိုင်ပါသည်။

ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း စသည်တို့ကို သောက်သုံးခြင်းအားဖြင့်လည်း သက်သာစေနိုင်ပါသည်။

ဓာတ်မတည့်ချောင်းဆိုးခြင်းသည် စောစီးစွာသိရှိ၍ ကုသမှုကို စတင်ခံယူခဲ့ပါက ကောင်းမွန်သော တိုးတက်ခြင်းများကို ဖြစ်စေကာ နာတာရှည်လေပြွန်ပိတ်ဆို့ရောင်ရမ်းခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါတို့ ကဲ့သို့သော ပိုမိုပြင်းထန်သည့်ရောဂါများကို မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးပေးနိုင်ပါသည်။

အထက်ပါ နည်းလမ်းများသည် ဓာတ်မတည့်ချောင်းဆိုးခြင်း၏ ရောဂါလက္ခဏာများကို ချက်ချင်းသက်သာစေသော နည်းလမ်းများသာဖြစ်ပြီး ဓာတ်မတည့်ခြင်းအကြောင်းရင်းများကို အပြီးတိုင် ပျောက်ကင်းအောင် ကုသခြင်းနည်းလမ်းများ မဟုတ်ပေ။

ထို့ပြင် အခြားပြင်းထန်သည့်ရောဂါများ၏ ကနဦးအစ လက္ခဏာတစ်ခု ဖြစ်နေတတ်သဖြင့် မကြာခဏ ဓာတ်မတည့်ချောင်းဆိုးခြင်း ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူရန်လိုအပ်ပါသည်။

Author: Dr. မိုး (ဆေး ၁)

Previous Post

အနာအတွင်းသို့ မေးခိုင်ရောဂါပိုးဝင်ခြင်း

Next Post

LcFos များစွာ ပါဝင်သော ရာကွန်းဥအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

LcFos များစွာ ပါဝင်သော ရာကွန်းဥအကြောင်းသိကောင်းစရာ

ဝိတ်ကျစေမဲ့ ရွှေဖရုံသီး

ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်စေသော ဗီတာမင်များနှင့်ဖြည့်စွက်စာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.