fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း

277
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/11/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်လေ့ရှိသည့် အားကစားသမားများသည် အစာအိမ်ချဉ်ရည်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်ခြင်း ပြဿနာကိုတွေ့ကြုံရလေ့ရှိပါသည်။

ထိုသို့ အစာအိမ်မှ အက်စစ်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်စေနိုင်သည့် အကြောင်းရင်းများစွာ ရှိပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ထိုအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါသည်။

ဝမ်းဗိုက်ဖိအားများကို မြင့်တက်စေနိုင်သည့် မည်သည့်လေ့ကျင့်ခန်းမဆို အစာရေမျိုပြွန်နှင့် အစာအိမ်အကြားတွင် ကာဆီးပိတ်ပင်ထားသည့် ရှုံ့ကြွကြွက်သားကို ပွင့်သွားစေ၍ အစာအိမ်အတွင်းမှ အက်စစ်များကို အစာရေမျိုပြွန်တစ်လျှောက် ဆန်တက်လာစေကာ ရင်ပူခြင်းကို ဖြစ်စေတတ်ပါသည်။

အောက်ပါအချက်များသည် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဖြစ်စေနိုင်သော ထိုသို့ရင်ပူခြင်းအား လျော့နည်းသက်သာစေသည့် နည်းလမ်းများဖြစ်ပါသည်။

 

လေ့ကျင့်ခန်းမပြုလုပ်ခင် အစာစားခြင်းကိုရှောင်ကြဉ်ပါ

လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတောအတွင်း အစာအိမ်ထဲတွင် အစားအစာပမာဏနည်းပါးလေလေ ပိုမိုကောင်းမွန်လေလေဖြစ်ပါသည်။

ထို့ကြောင့် အစာစားပြီး အနည်းဆုံး ၂ နာရီခန့်ခြားပြီးမှ လေ့ကျင့်ခန်းပြုလုပ်သင့်ပါသည်။

ထိုသို့ အချိန်ခြားပြီး စားသောက်သော်လည်း ထိုစားသောက်သည့် အစားအစာများတွင် အစာခြေဖျက်ရန်ခက်ခဲသည့် အဆီဓါတ်ကြွယ်ဝသော အစားအစာများ၊ အသားဓါတ်ကြွယ်ဝသော အစားအစာများကိုပါဝင်ခြင်းကို ရှောင်ရှားသင့်ပါသည်။ ထိုကဲ့သို့ အစာခြေဖျက်ရန်ခက်ခဲသည့် အစားအစာများကို အများအပြားစားသုံးပါက အချိန် ၂ နာရီခန့်ကြာပြီးသည့်တိုင်အောင် အစာခြေဖျက်ခြင်းဖြစ်စဉ်များ ပြီးဆုံးမည်မဟုတ်သေးဘဲ အစာအိမ်ထဲတွင် အစာပမာဏ အများအပြား ကျန်ရှိနေဦးမည် ဖြစ်ပါသည်။

ကစီဓါတ် ကြွယ်ဝသောအစားအစာများကိုမူ အစာအိမ်မှ လျင်မြန်စွာခြေဖျက်နိုင်သည့်အတွက်ကြောင့် ထိုကဲ့သို့သောအစားအစာများကို လေ့ကျင့်ခန်းမလုပ်ခင်စားသုံးခြင်းသည် အစာချဉ်ရည်ဆန်တက်ခြင်းပြဿနာကို ပိုမိုအဆင်ပြေစေမည်ဖြစ်ပါသည်။

ဤနည်းအားဖြင့် အစာအိမ်ထဲမှ အက်စစ်များ အစာရေမျိုပြွန်အတွင်းသို့ လျှံတက်ခြင်းပြဿနာများကို လျော့နည်းစေနိုင်ပါသည်။

 

အစားအစာများကို ဖြည်းညင်းစွာစားသုံးပါ

အစာကိုလျင်မြန်စွာစားသုံးခြင်းသည်လည်း အစာအိမ်အတွင်းမှ အက်စစ်ဓါတ်များကို အစာရေမျိုပြွန်အတွင်းသို့  လျှံတက်မှုကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဖြည်းညင်းစွာ စားသုံးခြင်းအားဖြင့် ရင်ပူခြင်းကို သက်သာစေနိုင်ပါသည်။


လဲလျောင်းခြင်းကိုရှောင်ကြဉ်ပါ

ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်သည့်အခါ လဲလျောင်း၍ပြုလုပ်ခြင်းသည် အစာအိမ်အတွင်းမှ အက်စစ်များကို အစာရေမျိုပြွန်အတွင်းသို့ လျှံထွက်စေနိုင်ပါသည်။

ထို့အပြင် ကမ္ဘာ့ဆွဲအားကိုဆန့်ကျင်၍ ပြောင်းပြန်ဇောက်ထိုး ပြုလုပ်ရသည့် လေ့ကျင့်ခန်းများသည်လည်း အစာအိမ်ချဉ်ရည် ဆန်တက်ခြင်းများကို ပိုမိုဆိုးရွားစေပါသည်။

ထို့ကြောင့် လဲလျောင်း၍ပြုလုပ်သော လေ့ကျင့်ခန်းများ၊ ပြောင်းပြန်ဇောက်ထိုးပြုလုပ်ရသည့် လေ့ကျင့်ခန်းများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး ခန္ဓာကိုယ်ကို မတ်ရပ်အနေအထားဖြင့် ပြုလုပ်သော လေ့ကျင့်ခန်းများ၊ ခပ်စောင်းစောင်း အနေအထားဖြင့် ပြုလုပ်သော လေ့ကျင့်ခန်းများကိုသာ ပြုလုပ်သင့်ပါသည်။

 

လေ့ကျင့်ခန်း၏ ပြင်းအားများကို ပြန်လည်ချိန်ညှိပါ

ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း စသည့်ပြင်းထန်သည့် လေ့ကျင့်ခန်းများသည် ရင်ပူခြင်းကိုပိုမိုဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် ပြင်းထန်သည့်လေ့ကျင့်ခန်းများကို မပြုလုပ်သေးဘဲ ဖြည်းညင်းသက်သာသည့် လေ့ကျင့်ခန်းများဖြင့်သာ စတင်သင့်ပါသည်။

 

ပိုက်များ၊ ပီကေများကို ရှောင်ရှားပါ

အရည်များကိုပိုက်ဖြင့်သောက်ခြင်းသည် လေအမြောက်အမြားကို မျိုချမိသကဲ့သို့ ဖြစ်စေသဖြင့် ရင်ပူခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။

ထို့အတူပီကေဝါးခြင်းသည်လည်း ထိုသို့သောပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။

ထို့ကြောင့် ပိုက်ဖြင့်အရည်များအားသောက်ခြင်း၊ ပီကေဝါးခြင်းများကိုလည်း လေ့ကျင့်ခန်းပြုလုပ်သည့်အချိန်တစ်ဝိုက်တွင် ရှောင်ရှားသင့်ပါသည်။

 

အင်္ကျီပွပွချောင်ချောင်များကို ဝတ်ဆင်ပါ

တင်းကျပ်သည့်အင်္ကျီများ၊ အားကစားဝတ်စုံများသည် ဝမ်းဗိုက်ကို နောက်ထပ်ဖိအားများ ထပ်မံသက်ရောက်စေသဖြင့် အစာခြေရည်များ ဆန်တက်စေရန် တွန်းအားပေးနိုင်ပါသည်။ ထို့ကြောင့် အင်္ကျီပွပွချောင်ချောင်များကိုသာ ဝတ်ဆင်၍ အားကစား ပြုလုပ်သင့်ပါသည်။

 

မှန်ကန်သောရေပမာဏကိုသောက်သုံးပါ

ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်သည့်အခါ ရေဓါတ်မခန်းခြောက်စေရန် ထိန်းသိမ်းရမည်ဖြစ်သော်လည်း ရေအမြောက်အမြားကို ကြိုတင်သောက်သုံးခြင်းသည်လည်း ရင်ပူခြင်းကိုပိုမိုဖြစ်စေနိုင်သည့် အလားအလာရှိပါသည်။

ထို့ကြောင့် အားကစားလေ့ကျင့်ခန်းများ မပြုလုပ်ခင် ရေအမြောက်အမြား ကြိုတင်သောက်သုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါသည်။

 

အကယ်၍ အထက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ခဲ့သော်လည်း ရင်ပူခြင်းမသက်သာခဲ့ပါက ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းစေရုံသာမက ခန္ဓာကိုယ်၏ကျန်းမာရေးကိုပါ ကောင်းမွန်စေနိုင်သည့်အတွက် မည်သည့်အခက်အခဲများရှိပါစေ ဖြေရှင်းကျော်ဖြတ်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းကို မဖြစ်မနေပြုလုပ်သင့်ပါသည်။

Author: Dr. မိုး (ဆေး ၁)

Previous Post

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ

Next Post

LcFOS က ကျန်းမာရေးအတွက် အရေးပါပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

LcFOS က ကျန်းမာရေးအတွက် အရေးပါပုံ

ဝိတ်ကျအောင် လမ်းလျှောက်ရအောင်

ဝက်ခြံကင်းစင်ပြီးလှပတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ လိုအပ်သော ဗီတာမင်များ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.