fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်နှာပေါ်တွင် အရေပြားအမည်းစက်များ ပေါ်ပေါက်ခြင်းအကြောင်းအရင်းနှင့် သဘာဝကုထုံးများ

187
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/11/2020
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အရေပြားပေါ်တွင် မယ်လနင်ဟုခေါ်သော အမည်းရောင်ခြယ်များ အလွန်အကျွံထုတ်လုပ်သည့်အခါ အမည်းစက်များ၊ အမည်းကွက်များ ပေါ်ပေါက်လာတတ်ပါသည်။

ထို့အပြင် နေရောင်ခြည်နှင့် အလွန်အမင်းထိတွေ့သည့် အခြေအနေများတွင်လည်း ထိုအမည်းစက်များပေါ်ပေါက်လာလေ့ရှိပါသည်။ မျက်နှာတွင်သာမက ခြေထောက်နှင့် လက်များတွင်ပါ ပေါ်ပေါက်တတ်ပါသည်။

တစ်ခါတစ်ရံ ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းအချိုးအစားမညီမျှမှုကြောင့်လည်း ပေါ်ပေါက်လာလေ့ရှိပါသည်။

အချို့သော ဆေးဝါးအမျိုးအစားများသည်လည်း တစ်ခါတစ်ရံ အမည်းစက်၊ အမည်းကွက်များ ဖြစ်ပေါ်ခြင်းကို တွန်းအားပေးတတ်ပါသည်။

အောက်ပါနည်းလမ်းများသည် ထိုအမည်းစက်၊ အမည်းကွက်များကို လျော့ပါးသက်သာစေနိုင်သည့် သဘာဝနည်းလမ်းများဖြစ်ကြပါသည်။

 

သံပုရာရည်

သံပုရာရည်တွင် အမည်းစက်များကို သက်သာစေသော Flavonoids နှင့် အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝကြပါသည်။

ပြုလုပ်ရန်နည်းလမ်း

သံပုရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေဖြင့်ရောပါ။ ထို့နောက် ထိုအရည်ကို ဂွမ်းဖြင့်တို့ပြီး အမည်းစက်၊ အမည်းကွက်များပေါ်တွင် လိမ်းပေးပါ။ မိနစ် ၂၀၊ ၃၀ ခန့်ထားရှိပြီး ရေဖြင့်ဆေးချပါ။ တစ်နေ့တစ်ကြိမ် နေ့စဉ်ပြုလုပ်နိုင်ပါသည်။

 

နံနံပင်

ဗီတာမင်-စီ ကြွယ်ဝသောနံနံပင်သည် အရေပြားပေါ်တွင် အမည်းစက်များ အမည်းကွက်များကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။

ပြုလုပ်ရန်နည်းလမ်း

နံနံပင်လက်တစ်ဆုပ်ခန့်ကို ကြိတ်စက်ဖြင့်ကြိတ်ပါ။ ထို့နောက် ထိုကြိတ်ထားသောအနှစ်ကို မျက်နှာပေါ်တွင် လိမ်းကျံ၍ မိနစ် ၂၀၊ ၃၀ ခန့်ထားပြီး ရေဖြင့်ဆေးချပါ။ တစ်နေ့တစ်ကြိမ် သို့မဟုတ် တစ်ရက်ခြားတစ်ကြိမ် ပြုလုပ်နိုင်ပါသည်။

 

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်တွင် အမည်းစက်များအား လျော့ပါးသက်သာစေနိုင်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် Aloin ပါရှိပါသည်။

ပြုလုပ်ရန်နည်းလမ်း

ရှားစောင်းလက်ပပ်အနှစ်များကို ရယူပြီးမျက်နှာတွင်လိမ်းပါ။ မိနစ် ၂၀၊ ၃၀ ခန့်ထားပြီး ရေဖြင့်ဆေးချပါ။ တစ်နေ့တစ်ကြိမ်ပြုလုပ်နိုင်ပါသည်။

လိမ္မော်သီးအခွံ

လိမ္မော်သီးအခွံသည် အမည်းစက်များကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းထက် Hesperidin  ဓါတ်ပေါင်း ပါရှိပါသည်။

ပြုလုပ်ရန်နည်းလမ်း

လိမ္မော်သီးအခွံကို အခြောက်လှန်း၍ ပြုလုပ်ထားသော အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေဖြင့်ရော၍ ခပ်ပျစ်ပျစ်ဖြစ်အောင် ဖျော်ပါ။ ထို့နောက် ထိုအနှစ်ကို အမည်းစက်၊ အမည်းကွက်များပေါ်သို့ ဂွမ်းဖြင့်စွတ်၍ လိမ်းကျံပေးပါ။ မိနစ် ၂၀၊ ၃၀ ခန့်ထားပြီး ရေဖြင့်ဆေးချနိုင်ပါသည်။ တစ်နေ့တစ်ကြိမ် ပြုလုပ်နိုင်ပါသည်။

 

နနွင်း

နနွင်းတွင် အမည်းစက်များကို သက်သာစေသည့် Curcumin ဟုခေါ်သည့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပါသည်။

ပြုလုပ်ရန်နည်းလမ်း

နနွင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေအနည်းငယ်ဖြင့်ရောပြီး ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါ။ ထို့နောက် အမည်းစက်များပေါ်သို့ လိမ်းကျံပေးပါ။ မိနစ် ၂၀၊ ၃၀ ခန့်ထားရှိပြီး ရေဖြင့်ဆေးချပါ။ တစ်နေ့တစ်ကြိမ် ပြုလုပ်နိုင်ပါသည်။

 

သခွားသီး

သခွားသီးတွင် အမည်းစက်များကို လျော့ပါးသက်သာစေသည့် ဆီလီကာကြွယ်ဝသော ဒြပ်ပေါင်းများနှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အမြားပါဝင်ပါသည်။

ပြုလုပ်ရန်နည်းလမ်း

သခွားသီးတစ်လုံးကိုယူ၍ ကြိတ်စက်ဖြင့်ကြိတ်ပါ။ ထို့နောက် ထိုကြိတ်ထားသောအနှစ်ကို အမည်းစက်များပေါ်တွင် လိမ်းကျံပေးပါ။ မိနစ် ၂၀၊ ၃၀ ခန့်ထားရှိပြီး ရေဖြင့် ဆေးချပါ။ တစ်နေ့လျှင်တစ်ကြိမ်မှ နှစ်ကြိမ်ခန့်ပြုလုပ်နိုင်ပါသည်။

 

အထက်ပါနည်းလမ်းများထဲမှ အဆင်ပြေသည့်နည်းလမ်းများကို တစ်ခုချင်းစီသော်လည်းကောင်း ပေါင်းစပ်၍သော်လည်းကောင်း ပြုလုပ်ကြည့်နိုင်ပါသည်။ အကယ်၍ အထက်ပါနည်းလမ်းများပြုလုပ်သော်လည်း မသက်သာသည့် ပြင်းထန်သည့်အမည်းစက်၊ အမည်းကွက်များကို ကြုံတွေ့ရပါက အရေပြားအထူးကုရောဂါဆရာဝန်များနှင့် ပြသတိုင်ပင်သင့်ပါသည်။

 

အရေပြား အမည်းစက်၊ အမည်းကွက်များ မဖြစ်ပေါ်စေရန် ကာကွယ်နိုင်သည့်နည်းလမ်းများ

SPF 40 အနည်းဆုံးပါရှိသည့် နေရောင်ကာခရင်မ်များကို နေရောင်ခြည်ထဲသို့ မထွက်ခင်တိုင်း လိမ်းကျံပေးပါ။

နေရောင်ခြည်နှင့် ဆက်တိုက်ထိတွေ့နေရသည့် အခြေအနေမျိုးတွင် ၄ နာရီခြားတစ်ခါ နေရောင်ကာ ခရင်မ် ထပ်မံလိမ်းကျံပါ။

ထို့အပြင် နေရောင်ထဲသို့ထွက်တိုင်း နေရောင်ကာချပ်ပြား ကြီးမားကျယ်ပြန့်စွာပါဝင်သည့် ဦးထုပ်များနှင့် နေကာမျက်မှန်များကို ဝတ်ဆင်သွားပါ။

မျက်နှာပေါ်တွင် ဝက်ခြံ၊ နှင်းခူ၊ Psoriasis ကဲ့သို့သော အရေပြားပြဿနာများ ပေါ်ပေါက်လာပါက အမည်းစက်များ ဆင့်ပွားမပေါ်ပေါက်စေရန်အတွက် ချက်ချင်းကုသမှုခံယူပါ။

နေရောင်စူးရှပြင်းထန်သည့်အချိန်များဖြစ်သည့် မနက် ၁၀ နာရီနှင့် ညနေ ၄ နာရီအကြားတွင် နေရောင်ထဲသို့ထွက်ခြင်းကို ရှောင်ကြဉ်ပါ။

အထက်ပါကာကွယ်သည့်နည်းလမ်းများကို ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် အမည်းစက်၊ အမည်းကွက်များ ဖြစ်ပေါ်ခြင်းများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Author : Dr. မွန်

Previous Post

ဝက်ခြံကင်းစင်ပြီးလှပတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ လိုအပ်သော ဗီတာမင်များ။

Next Post

အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းအကြောင်းသိကောင်းစရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
809

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းအကြောင်းသိကောင်းစရာများ

အူလမ်းကြောင်းအတွင်းရှိ ခန္ဓာကိုယ်အကျိုးပြု အဏုဇီဝပိုးများ

ကလေးများတွင် တွေ့ရသော Covid – 19 ရောဂါလက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.