fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကလေးများတွင် တွေ့ရသော Covid – 19 ရောဂါလက္ခဏာများ

36
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/11/2020
in ကိုဗစ်ရောဂါ, မိခင်နှင့်ကလေးကျန်းမာရေး, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

မည်သည့် အသက်အရွယ်ရှိသောကလေးမဆို Corona virus ကူးစက်နိုင်ခြေရှိပါသည်။

သို့သော် ကလေးအများစုသည် လူကြီးများကဲ့သို့ Corona virus ကြောင့် ဖျားနာခြင်းမရှိသည့်အပြင် အချို့ကလေးများသည် ရောဂါလက္ခဏာများကိုပင် ပြသခြင်းမရှိကြပေ။

လေ့လာတွေ့ရှိချက်များအရ အသက် ၁၄ နှစ်ထက် ပိုငယ်သော ကလေးငယ်များသည် အသက် ၂၀ ထက်ပိုကြီးသော လူကြီးများနှင့် နှိုင်းယှဉ်လျှင် Corona virus ကူးစက်ခံရမှု ပိုမိုနည်းပါးကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် ဆေးရုံတက်ရောက် ကုသမှုခံယူရသည့် ကလေးများ၏ အရေအတွက်သည်လည်း လူကြီးများနှင့် နှိုင်းယှဉ်လျှင် ပိုမိုနည်းပါးကြပါသည်။

သို့သော် ကလေးများ ဆေးရုံတက်ရောက် ကုသမှုခံယူသောအခါ လူကြီးများကဲ့သို့ပင် အထူးကြပ်မတ် ကုသဆောင်များတွင် ကုသမှုခံယူရန် လိုအပ်တတ်ပါသည်။

ထို့အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှိခြင်း၊ မွေးရာပါ နှလုံးရောဂါရှိခြင်း၊ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများရှိခြင်း၊ အာရုံကြောစနစ်နှင့် ပတ်သက်သည့် ရောဂါများရှိခြင်း၊ ဇီဝကမ္မဖြစ်စဉ်များနှင့် ပတ်သက်သည့် ရောဂါများရှိခြင်း စသောရောဂါအခံရှိသော ကလေးများသည် Covid – 19 ရောဂါကြောင့် ပိုမိုပြင်းထန်စွာ ဖျားနာလေ့ရှိကြောင်းတွေ့ရှိရပါသည်။

 

ဘာကြောင့် ကလေးများတွင် Covid – 19 ရောဂါပြင်းထန်မှု နည်းပါးရပါသလဲ။

ကလေးများတွင် Covid-19 ရောဂါသည် အဘယ့်ကြောင့် ပြင်းထန်မှုနည်းပါးရသည်ဆိုခြင်း၏ တိကျသည့် အဖြေမတွေ့ရှိရသေးပါ။

ဖြစ်နိုင်သည့် အကြောင်းရင်းတစ်ခုမှာ ကလေးများ၏ ခုခံအားစနစ်က ဗိုင်းရပ်စ်များကို တုံ့ပြန်ပြုမူဆောင်ရွက်ပုံသည် လူကြီးများ၏ ခုခံအားစနစ်က တုံ့ပြန်ပြုမူဆောင်ရွက်ပုံနှင့် မတူညီသောကြောင့်ဟုယူဆကြပါသည်။

အသက်တစ်နှစ်အောက် ကလေးငယ်များသည် Covid-19 ရောဂါဖြစ်ပွားမှု နည်းပါးတတ်သော်လည်း အသက်ပိုကြီးသော ကလေးငယ်များထက် ပြင်းထန်စွာ ရောဂါခံစားရနိုင်ခြေ ပိုမိုမြင့်မားပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုတစ်နှစ်အောက်ကလေးငယ်များ၏ အသက်ရှူ လမ်းကြောင်း ပိုမိုကျဉ်းမြောင်းသေးငယ်ခြင်းနှင့် ခုခံအားစနစ်သည်လည်း ကောင်းစွာ ဖွံ့ဖြိုးရင့်ကျက်မှု မရှိသေးသောကြောင့် ဖြစ်ပါသည်။

မွေးပြီးစ ကလေးငယ်များသည်လည်း ကလေးမွေးဖွားချိန်တွင်သော်လည်းကောင်း၊ Corona virus ရောဂါရှိသော ပြုစုစောင့်ရှောက်ပေးသူများနှင့် ထိတွေ့မိသောကြောင့်သော်လည်းကောင်း ရောဂါကူးစက်နိုင်ခြေရှိပါသည်။

ထို့ကြောင့် ကလေးများအား ထိတွေ့ကိုင်တွယ်ခြင်းမပြုမီ လက်ကို သန့်စင်စွာဆေးကြောရန်နှင့် Mask နှာခေါင်းစည်းများကို စနစ်တကျ ဝတ်ဆင်ရန် အရေးကြီးလှပါသည်။

ဤသို့ပြုလုပ်ခြင်းအားဖြင့် ကလေးငယ်များအား Covid – 19 ရောဂါကူးစက်မှုနှုန်းထားများကို များစွာလျှော့ချနိုင်ကြောင်းတွေ့ရှိရပါသည်။

မှတ်တမ်းမှတ်ရာများအရ ကလေးမွေးဖွားခါနီးတွင် Covid – 19 ရောဂါ စမ်းသပ်တွေ့ရှိသော မိခင်များ၏ ၂% မှ ၅% အထိသာ ကလေးငယ်သို့ကူးစက်ကြောင်း  တွေ့ရှိရပါသည်။

သို့သော် မိခင်တွင် Covid – 19 ကြောင့် ပြင်းထန်သည့် နေထိုင်မကောင်းဖြစ်ခြင်းများ ကြုံတွေ့ခံစားခဲ့ရပါက ကလေးငယ်နှင့် ခေတ္တခဏ ခွဲခြားနေထိုင်ရန်လိုအပ်ပါသည်။

 

Covid – 19 ကလေးများတွင်ကူးစက်ခံခဲ့ရလျှင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ

ကလေးများတွင်တွေ့ရသော Covid – 19 ရောဂါလက္ခဏာများသည် ပြင်းထန်မှုပိုမို နည်းပါးတတ်ပြီး အအေးမိ၊ ဖျားနာခြင်းများနှင့် ပိုမိုဆင်တူတတ်ပါသည်။

ကလေးအများစုသည် တစ်ပတ်မှ နှစ်ပတ်အကြာတွင် ပြန်လည်ပျောက်ကင်းသွားတတ်ပါသည်။

ဖြစ်နိုင်သည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ နှာစေးခြင်း၊ သို့မဟုတ် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မောခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက်ပျက်ခြင်း၊ အရသာပျောက်ခြင်း၊ အနံ့ပျောက်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ မျက်ကြည်လွှာရောင်ရမ်းခြင်းကြောင့် မျက်လုံးနီရဲနေခြင်း စသည်တို့ဖြစ်ကြပါသည်။

ထို့ကြောင့် မိမိတို့၏ ကလေးတွင် အထက်ပါရောဂါ လက္ခဏာများတွေ့ရှိခဲ့ရပါက မပေ့ါဆဘဲ သေချာစွာ စောင့်ကြည့် ဂရုစိုက်ပြုစုသင့်ပါကြောင့် တင်ပြလိုက်ရပါသည်။

Author : Dr. CK

Previous Post

အူလမ်းကြောင်းအတွင်းရှိ ခန္ဓာကိုယ်အကျိုးပြု အဏုဇီဝပိုးများ

Next Post

ခွဲစိတ်ထားသော အနာအကျက်မြန်စေရန် အားပေးသော အစားအစာများ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
409
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
267

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
325

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
845

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

3 years ago
695

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခွဲစိတ်ထားသော အနာအကျက်မြန်စေရန် အားပေးသော အစားအစာများ။

ဗီတာမင် C က ခန္ဓာကိုယ်၏ ကျန်းမာရေးကို အကျိုးပြုပုံ

ASEAN Think Tanks Network Virtual Summit

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.