fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူငယ်လူရွယ်များ အရပ်ရှည်ထွက်ခြင်းကို လွှမ်းမိုးသော အချက်များနှင့် Mega Teen

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/12/2020
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယနေ့ခေတ်တွင် ခေတ်ရေစီးကြောင်းအရ အရပ်မြင့်ခြင်းသည် ဆွဲဆောင်မှုတစ်ရပ်ဖြစ်သည်ဟု ယူဆလက်ခံ လာကြပါသည်။ ယောကျ်ားလေးများသာမက၊ မိန်းကလေးများပါ အရပ်မြင့်ခြင်းသည် ဂုဏ်ယူစရာကိစ္စတစ်ခုအဖြစ် လက်ခံလာကြပါသည်။

နည်းပညာများ တိုးတက်ထွန်းကားသည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးတစ်ခုကဲ့သို့ ဖြစ်သွားချိန်တွင်  နိုင်ငံတကာစံနှုန်းများ၊ ရေစီးကြောင်းများသည် လူငယ်များနှင့် မစိမ်းသည့် အရာတစ်ခုဖြစ်လာပါသည်။ ထိုသို့ နိုင်ငံတကာ စံနှုန်းများကို လက်ခံအသိအမှတ်ပြုလာသည့် အားလျော်စွာ အရပ်အမောင်းမြင့်မားခြင်းကို ပိုမို သတိပြု၊ အသိအမှတ်ပြုလာကြပါသည်။ ထို့ကြောင့် အရပ်အမောင်းမြင့်မားစေသော အချက်များ၊ အယူအဆများ၊ နည်းလမ်းများ၊ ဖြည့်စွက်အာဟာရများသည် လူငယ်များကြားတွင် ရေပန်းစားလျက်ရှိပါသည်။

အရပ်အမောင်းကို လွှမ်းမိုးထိန်းချုပ်သောအချက်များတွင် DNA ဟုခေါ်သည့် မျိုးရိုးဗီဇက အဓိကကျသော အချက်တစ်ချက်အဖြစ် ပါဝင်နေပါသည်။

သို့သော် ကလေးဘဝနှင့် မြီးကောင်ပေါက်အရွယ်တွင် အရပ်ပိုမိုမြင့်မားမှုဖြစ်စေရန် လုပ်ဆောင်နိုင်သည့် အချက်တစ်ချို့ ရှိပါသေးသည်။ ထိုသို့ရှိသော အချက်များအနက် အာဟာရပြည့်ဝအောင် လုပ်ဆောင်ခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပါသည်။

အာဟာရဓါတ်သည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ အာဟာရဓါတ်များ ကောင်းစွာမရရှိသောကလေးများသည် လုံလောက်ပြည့်စုံစွာ ရရှိသောကလေးများလောက် အရပ်မြင့်မားမှုမရှိကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အာဟာရပညာရှင်များသည် ကလေးများနှင့် လူငယ်များအား လုံလောက်ပြည့်မီသော အာဟာရဓါတ်ကို ရရှိစေရန်အတွက် အစားအစာများကို ညီညွတ်မျှတစွာ စားသုံးရန် အကြံပြုကြပါသည်။

ညီညွတ်မျှတစွာ စားသုံးခြင်းဆိုသည်မှာ မိမိစားသော အစားအစာတွင် အစားအစာ အုပ်စုအားလုံး မှန်ကန်သော အချိုးအဆနှင့် လုံလောက်သော ပမာဏ ပါဝင်ခြင်းကို ဆိုလိုပါသည်။

အထူးသဖြင့် အရပ်မြင့်မား ကြီးထွားဖွံ့ဖြိုးမှုကို ပိုမိုအလိုရှိသော လူငယ်လူရွယ်များအနေဖြင့်  ကယ်လ်ဆီယမ်၊ Phosphorus၊ သံဓါတ်၊ ဗီတာမင် D တို့ကို လုံလောက်ပြည့်စုံအောင် ပိုမိုဂရုစိုက် စားသုံးပေးရမည် ဖြစ်ပါသည်။

 

Calcium

Calcium သည် အရိုးများကြီးထွား ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသော အာဟာရဓါတ်တစ်မျိုးဖြစ်ပါသည်။ Calcium ချို့တဲ့သောအခါ အရပ်အမောင်းမြင့်မားခြင်းကို အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ကြောင့် အရပ်မြင့်မားလိုသော လူငယ်လူရွယ်များအနေဖြင့် Calcium ပမာဏ လုံလောက်ပြည့်မီစွာ ရရှိနိုင်ရန် အထူးလိုအပ်ပါသည်။

 

Phosphorus

Phosphorus ဓါတ်သည် ခန္ဓာကိုယ်အတွင်းတွင် ရှိသော ဆဲလ်တိုင်းတွင် ပါဝင်သော သတ္တုဓါတ်တစ်မျိုးဖြစ်ပါသည်။ Phosphorus အများစုသည် အရိုးများနှင့် သွားများ အတွင်းတွင် တည်ရှိပါသည်။ ထို့ကြောင် Phosphorus ဓါတ်ကို လုံလောက်အောင် ရရှိခြင်းသည်လည်း အရပ်မြင့်မားစေရန် အထောက်အကူပြုနိုင်စွမ်း ရှိပါသည်။ ထို့အပြင် Phosphorus ဓါတ်သည် စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အရေးပါသည့် ဓါတုဖြစ်စဉ်များစွာကို လုပ်ဆောင်ရန်အတွက်လည်း လိုအပ်ပါသည်။


သံဓါတ်

သံဓါတ်သည် ကော်လာဂျင်များ ဖွဲ့စည်းတည်ဆောက်ရာတွင် ပါဝင်သော အင်ဇိုင်းများအတွက် ကူညီပေးသော အချက်များထဲမှ တစ်ချက်ဖြစ်ပါသည်။ စမ်းသပ်လေ့လာမှုများအရ သံဓါတ်ချို့တဲ့နည်းပါးမှုသည် အရိုးသန်မာ ကြံ့ခိုင်မှုကို လျော့နည်းစေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ အရိုးကြံ့ခိုင်မှု လျော့နည်းခြင်းသည် အရပ်မြင့်မားစေရန်အတွက် အနှောင့်အယှက်ဖြစ်နိုင်ပါသည်။

 

ဗီတာမင် D

ဗီတာမင် D သည် ခန္ဓာကိုယ်၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် နောက်ထပ် မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်တစ်မျိုးဖြစ်ပါသည်။ ထို့အပြင် ဗီတာမင် D သည် အူလမ်းကြောင်းအတွင်းတွင် ကယ်လ်ဆီယမ်များကို စုပ်ယူရာတွင်လည်း အထောက်အကူပြု ကူညီပေးပါသည်။ ထို့ကြောင့် ဗီတာမင် D ချို့တဲ့သောအခါ အရိုးများ ချို့တဲ့အားနည်းလာကာ အရပ်မြင့်မားရေးအတွက် အနှောက်အယှက် ဖြစ်လာစေပါတော့သည်။

ထို့ကြောင့် အထက်ပါ သတ္တုဓါတ်များနှင့် ဗီတာမင်များပါဝင်သော အစားအစာများကို ဆယ်ကျော်သက်များ၊ လူငယ်လူရွယ်များအနေဖြင့် ပြည့်စုံလုံလောက်အောင် အထူးဂရုပြု စားသောက်ခြင်းအားဖြင့် မြင့်မားသော အရပ်အမောင်းများ ရရှိပိုင်နိုင်လာစေရန် လုပ်ဆောင်နိုင်ပါသည်။

အကယ်၍ မိမိတို့ စားသောက်သော အစားအစာများတွင် အဆိုပါ ဓါတ်များ လုံလောက်ပြည့်မီစွာ ပါဝင်ရန် သေချာခြင်းမရှိပါက GNC ၏ Mega Teen အားဆေးကို သောက်သုံးနိုင်ပါသည်။

Mega Teen တွင် သဘာဝ အစားအစာများမှ ထုတ်လုပ်ပြီး  လူငယ်လူရွယ်များ အရပ်အမောင်းမြင့်မားစေရန်အတွက် အရိုးများ ကြီးထွား မြင့်မား သန်စွမ်းမှုကို အထောက်အကူပြုသော Calcium၊ Phosphorus၊ သံဓါတ်နှင့် ဗီတာမင် D တို့ ပြည့်စုံလုံလောက်စွာ ပါဝင်ပါသည်။ ထို့ကြောင့် လူငယ်လူရွယ်များ ပိုမိုမြင့်မားသော အရပ်အမောင်းကို ပိုင်ဆိုင်နိုင်စေရန်အတွက် များစွာ အထောက်အကူပေးနိုင်ပါသည်။

ထို့အပြင် Mega Teen တွင် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးတက်စေသည့်အပြင် ဝက်ခြံများဖြစ်ပေါ်ခြင်းကို တားဆီးကာကွယ်ပေးကာ ဝက်ခြံ ဒဏ်ရာ၊ အနာများကို လျင်မြန်စွာ သက်သာ အနာကျက်စေသည့် Zinc ဓါတ်နှင့် Carotenoids ဓါတ်များလည်း ပါဝင်ပါသည်။ Carotenoids ဓါတ်သည် အရိုးခိုင်မာ သန်စွမ်းရေးကိုလည်း များစွာ အထောက်အကူပြုပါသည်။

ထို့အပြင် Mega Teen တွင်ပါဝင်သော Choline, Inositol, Chromium နှင့် B complex တို့ကလည်း ဉာဏ်ရည် မြင့်မားစေခြင်း၊ အရပ်ရှည်ခြင်းတို့ကို အထောက်အကူပြုသည့်အပြင် လန်းဆန်းတက်ကြွစွာဖြင့် ပညာရပ်များကို သင်ကြားနိုင်စေရန် အထောက်အကူပြုနိုင်ပါသည်။

ထို့ကြောင့် ခေတ်ရေစီးကြောင်းနှင့်အညီ အရပ်မြင့်မြင့် ကောင်လေးချောချော၊ ကောင်မလေး ချောချောများ ဖြစ်နိုင်စေဖို့ အာဟာရပြည့်ဝသော အစားအစာများအပြင် Mega Teen ကို မှီဝဲခြင်းဖြင့်  ကြိုးစားကြပါစို့ဟု ဆိုလိုက်ချင်ပါတော့သည်။

Author: Dr.Thant

 

.

Previous Post

မျက်နှာအရေပြားတွန့်ခြင်းမှ ကာကွယ်ဖို့ဆိုရင်

Next Post

ဝက်ခြံကင်းစင်၍ ကြည်လင်လှပတဲ့အသားအရေဖြစ်ဖို့ ဘယ်လိုစားသောက်သင့်သလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်ခြံကင်းစင်၍ ကြည်လင်လှပတဲ့အသားအရေဖြစ်ဖို့ ဘယ်လိုစားသောက်သင့်သလဲ။

ပြစ်မျိုးမှဲ့မထင်အသားအရေ ရဖို့ဆိုရင်။

ချောင်းဆိုးနေတဲ့ကလေးကို ပြုစုဂရုစိုက်မယ်ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.