fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/01/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် ရင်ဘတ်၏ ဘယ်ဘက်ခြမ်းတွင် အောင့်ခြင်း) ဝေဒနာ ခံစားရခြင်းသည် အစာအိမ်အက်ဆစ်ဆန်တက်ခြင်း အကြောင်းရင်းကြောင့် ဖြစ်နိုင်သကဲ့သို့ နှလုံးသွေးကြောကျဉ်းရောဂါကြောင့်လည်း ဖြစ်နိုင်ပါသည်။

အစာအိမ်အက်ဆစ် ဆန်တက်ခြင်းကြောင့် ရင်ပူခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်းတွင် မအီမသာခံစားရခြင်းတို့သည် အလွန်ခွဲခြားရန် ခက်ခဲကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် ၎င်းလက္ခဏာများဖြစ်ပေါ်လာလျှင် အထက်ပါ ရောဂါအကြောင်းရင်းနှစ်မျိုးကို ခွဲခြားနိုင်ရန်အတွက် အရေးပေါ်စမ်းသပ်ကုသသည့်အခန်းတွင် အမြန်ဆုံး စမ်းသပ်စစ်ဆေးခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။

 

အစာအိမ်ရောဂါကြောင့် ရင်ပူခြင်း (Heart burn ) ၏ ရောဂါလက္ခဏာများ။

            အစာအိမ်ရင်ပူခြင်းရောဂါဆိုသည်မှာ အစာအိမ်မှနေ၍ အစာခြေရည် အက်ဆစ်များသည် အစာရည်မျိုပြွန်အတွင်းသို့ ဆန်တက်ခြင်းကြောင့် ရင်ဘတ်ထဲတွင် ပူလောင်သည့်ခံစားချက်ဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းဝေဒနာတို့ကို ခံစားရခြင်းကို ဆိုလိုပါသည်။

၎င်းတွင် တွေ့ရှိရသော ထင်ရှားသည့် ရောဂါလက္ခဏာများမှာ

– ကနဦးအစပိုင်း၌ ဝမ်းဗိုက်၏အထက်ပိုင်းတွင် ပူလောင်သည့် ခံစားချက်များကို ခံစားရပြီး နောက်ပိုင်းတွင် ရင်ဘတ်ပိုင်းသို့ ရွေ့လျားလာခြင်း

– အများအားဖြင့် အစာစားပြီး သို့မဟုတ် လဲလျောင်းနေစဉ် သို့မဟုတ် ခန္ဓာကိုယ် ခါးကိုင်းထားသည့် အနေအထားတွင် ခံစားရခြင်း

– အိပ်ပျော်နေရာမှ ဝေဒနာကြောင့် နိုးထလာခြင်းကို ဖြစ်စေခြင်း ( အထူးသဖြင့် အစာစားပြီး နှစ်နာရီအတွင်း အိပ်စက်သည့်အချိန်မျိုးတွင် ပို၍ဖြစ်တတ်ပါသည်)

– အစာအိမ်လေဆေးများကိုသောက်သုံးလိုက်လျှင် ရောဂါလက္ခဏာများ သက်သာသွားခြင်း

– ပါးစပ်တွင် ချဉ်သည့် ခံစားချက်ကို ခံစားရခြင်း (အထူးသဖြင့် လဲလျောင်းနေသည့် အချိန်တွင် ပို၍ဖြစ်တတ်ကြောင်း တွေ့ရှိရပါသည်)

-အစာအိမ်မှအစာအချို့သည် လည်ချောင်းဆီသို့ ဆန်တက်ခြင်း ဝေဒနာ (Regurgitation) နှင့်လည်း တွဲ၍ တွေ့ရှိရတတ်ပါသည်။

 

နှလုံးရုတ်တရက် ရပ်ခြင်းတွင် ခံစားရသည့် ရင်ဘတ်အောင့်ခြင်း ရောဂါလက္ခဏာများ။

နှလုံးရုတ်တရက်ရပ်ခြင်းဖြစ်လျှင်  ခံစားရသည့် ရင်ဘတ်အောင့်ခြင်းဝေဒနာသည် လူတစ်ဦးနှင့် တစ်ဦးမတူညီဘဲ ကွဲပြားကြောင်း တွေ့ရှိရပါသည်။

အောက်ပါတို့သည် နှလုံးရောဂါအကြောင်းရင်းကြောင့်ဖြစ်လျှင် ကြုံတွေ့ခံစားရနိုင်သည့် ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။

– ကနဦးအစပိုင်းတွင် ရင်ဘတ်နှင့် လက်မောင်း၌ တင်းကြပ်ခြင်း၊ အောင့်ခြင်း၊ နာကျင်ခြင်းစသည့် ခံစားချက်များ သို့မဟုတ် လက်နှင့် ဖျစ်ညှစ်ထားသကဲ့သို့သော ခံစားချက်များဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် လည်ပင်း၊ မေးရိုးနှင့် ကျောဘက်သို့ ပျံ့နှံ့သွားခြင်း

– ပျို့ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း

– အသက်ရှူမ၀ခြင်း

– ခန္ဓာကိုယ်အေး၍ ချွေးစေးများထွက်ခြင်း

– ပင်ပန်းနုံးချိခြင်း

– ရုတ်တရက်ခေါင်းမူးခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။

နှလုံးရုတ်တရက်ရပ်ခြင်းဖြစ်သည့် အမျိုးသား၊ အမျိုးသမီးအားလုံးတွင် တွေ့ကြုံရသည့် အဖြစ်အများဆုံး ရောဂါလက္ခဏာမှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်တွင် မအီမသာဖြစ်ခြင်း တို့ဖြစ်ပါသည်။

သို့သော် အမျိုးသမီးများသည် အမျိုးသားများထက် မေးရိုးနာခြင်း ၊ ကျောအောင့်ခြင်းစသည့် ရောဂါလက္ခဏာများ ပို၍ဖြစ်ပေါ်ခံစားရတတ်ကြောင်း တွေ့ရှိရပါသည်။

 

နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်းရောဂါလက္ခဏာ ဖြစ်နိုင်ခြေများသောသူများ။

– သွေးတိုးရောဂါရှိသောသူများ

– ဆီးချိုသွေးချိုရောဂါရှိသောသူများ

– သွေးတွင်းအဆီဓာတ်မြင့်တက်နေသောသူများ

– ဆေးလိပ်သောက်သည့်သူများ

-အ၀လွန်သူများ

– အသက် ၆၅ နှစ်နှင့် အထက်ရှိသောသူများ ( သို့သော် အမျိုးသားများတွင် အသက် ၄၅နှစ် မှ စတင်၍ ဖြစ်နိုင်ခြေများပြီး အမျိုးသမီးများတွင် အသက် ၅၅ နှစ်မှ စ၍ နှလုံးရောဂါဖြစ်နိုင်ခြေ များကြောင်း တွေ့ရပါသည်။ )

– မျိုးရိုးတွင် နှလုံးရောဂါရှိသည့် ကျန်းမာရေးရာဇဝင်ရှိသောသူများ

– ချိုလွန်းသော၊ ငန်လွန်းသော၊ အဆီဓာတ်များသော အစားအစာများကို စားသုံးသည့် အလေ့အထ ရှိသောသူများ

– ခန္ဓာကိုယ်လှုပ်ရှားမှု နည်းပါးသောသူများ

– စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများသောသူများ စသည့် သူများသည် နှလုံးရောဂါကြောင့် နှလုံးရုတ်တရက် ရပ်ခြင်း ဖြစ်နိုင်သောသူများ ဖြစ်ကြပါသည်။

 

အစာအိမ်အက်ဆစ်ဆန်တက်ခြင်းကြောင့် ရင်ပူခြင်း (Heart burn) ရောဂါ ဖြစ်စေနိုင်သည့် သို့မဟုတ် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စေနိုင်သည့် အချက်များမှာ

– ပူစပ်သော အစားအစာများ

– ကြက်သွန်နီ

– အချဉ်ဓာတ်များသော အစားအစာများ

– ခရမ်းချဉ်သီးမှရရှိသည့် အစားအစာများ ( ဥပမာ Ketchup )

– ဆီကြော်အစားအစာများ (အဆီဓာတ်များသည့် အစားအစာများ)

– ငရုတ်ကောင်းမှုန့်

– ချောကလက်

– အရက်၊ ကော်ဖီ၊ ကဖင်းဓာတ်ပါဝင်သည့် အဖျော်ယမကာများ

– အ၀လွန်သောသူများ

– ကိုယ်ဝန်ဆောင်မိခင်များ

– အစားအစာများကို တစ်ကြိမ်တည်းတွင် ပမာဏများများစားတတ်သည့် အလေ့အထရှိသောသူများ စသည်တို့ဖြစ်ကြပါသည်။

Author : Dr. မွန်

Previous Post

ဆယ်ကျော်သက်များပိုမိုအရပ်ရှည်လာနိုင်စေသည့် ထိရောက်သည့်နည်းလမ်းများ။

Next Post

အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်သော DHA အကြောင်း သိကောင်းစရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်သော DHA အကြောင်း သိကောင်းစရာများ

မပေါ့ဆသင့်သော သွေးအားနည်းရောဂါ

ကလေးများ၏အစာစားချင်စိတ်ကို DHA ကအကျိုးသက်ရောက်မှုရှိပါသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.