fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဆယ်ကျော်သက်များပိုမိုအရပ်ရှည်လာနိုင်စေသည့် ထိရောက်သည့်နည်းလမ်းများ။

2.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/01/2021
in ကျန်းမာစေသော အစားအစာ
1 min read
A A

          ဆယ်ကျော်သက်များ ပိုမို၍အရပ်ရှည်လာစေနိုင်ရန်အတွက် အောက်ပါနည်းလမ်းများအတိုင်း နေထိုင်စားသောက်သင့်ပါသည်။

( ၁ )     ကျန်းမာရေးနှင့် ညီညွတ်ရန်အတွက်  နံနက်စာကို နေ့စဉ်ပုံမှန်စားသုံးပါ။

နံနက်စာကို နေ့စဉ်ပုံမှန်မပျက်မကွက် စားသောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် ကောင်းမွန်သော အလေ့အထတစ်ခု ဖြစ်ပါသည်။

နံနက်စာကို ပုံမှန်မစားသုံးသောသူများသည် အစာအိမ်အက်ဆစ်များကို ပို၍ထွက်စေသဖြင့် အစာအိမ်အနာရောဂါနှင့် အခြားအစာအိမ်ဆိုင်ရာရောဂါ ပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။

ထိုသို့နံနက်စာကို စားသုံးခြင်းကြောင့် ခန္ဓာကိုယ်၏ဇီ၀ကမ္မဖြစ်စဥ်များကို ကောင်းစွာလုပ်ဆောင် စေနိုင်သည့်အပြင် အာဟာရဓာတ်များစုပ်ယူခြင်းအားလည်း အားပေးကူညီနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့်  ၎င်းကောင်းမွန်သည့် အလေ့အထသည် ဆယ်ကျော်သက်များ၏အရပ်ကို ပိုမိုရှည်လာစေနိုင်သည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပါသည်။

 

( ၂ )      အာဟာရဓာတ်ပြည့်၀စွာ စားသုံးပါ။

အာဟာရဓာတ်များမျှတလုံလောက်စွာ စားသောက်ခြင်းသည် ဆယ်ကျော်သက်များ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပုံသဏ္ဍာန်နှင့် အရပ်အမောင်းနှစ်မျိုးလုံးအတွက် အလွန်အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါသည်။

အာဟာရဓာတ်များ လုံလောက်စွာ မရရှိခြင်းကြောင့် ဆယ်ကျော်သက်အရွယ် ကလေးများအား အရပ်ထွက်ခြင်းအား နှောင့်နှေးစေသည့် ရလဒ်ကို ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် စားသုံးသည့် အစားအစာအာဟာရများတွင် ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသော Zinc, Manganese, Phosphorous ဓာတ်များ လုံလောက်စွာပါဝင်ရန် လိုအပ်ပါသည်။

ထို့ပြင် ခန္ဓာကိုယ်၏ ဖွံ့ဖြိုးကြီးထွားခြင်းနှင့် အရပ်ထွက်ခြင်းတို့အတွက် အရေးပါသည့် ပရိုတင်းအသားဓာတ်များကိုလည်း ပြည့်၀စွာ စားသုံးစေရန် လိုအပ်ပါသည်။

 

( ၃ )     အချိန်လုံလောက်စွာ အိပ်စက်အနားယူပါ။

ခန္ဓာကိုယ်၏ တစ်ရှူးများသည် ဖွံ့ဖြိုးကြီးထွားခြင်းနှင့် ဆဲလ်အသစ်များပြန်လည်တည်ဆောက် ခြင်းတို့ကို အိပ်စက်သည့်အချိန်များတွင်သာ လုပ်ဆောင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားစေရန်အတွက် တစ်နေ့လျှင် ရှစ်နာရီမှ ဆယ်နာရီအထိ အိပ်စက်ချိန် ပြည့်၀စွာရရှိရန် လိုအပ်ပါသည်။

ထိုသို့ အချိန်မှန် လုံလောက်စွာ အိပ်စက်အနားယူခြင်းဖြင့် အရပ်ထွက်ခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်း တို့အတွက် လိုအပ်သည့် ဟော်မုန်းဓာတ်များကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

 

( ၄ )       အစာစားရာတွင် ပမာဏနည်းနည်းနှင့် မကြာခဏစားပေးပါ။

အစားအစာများကို ပမာဏနည်းနည်းနှင့် အကြိမ်များများစားပေးခြင်း (တစ်နေ့လျှင် ၆ ကြိမ်ခန့် စားပေးခြင်း) ဖြင့် ခန္ဓာကိုယ်၏ ဇီ၀ကမ္မဖြစ်စဉ်လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန် ကူညီပေးနိုင်ပါသည်။

ထိုသို့စားသုံးပေးခြင်းဖြင့် အာဟာရဓာတ်များကို စုပ်ယူရာတွင်လည်းများစွာ အထောက်အပံ့ ပေးနိုင်ပါသည်။

၎င်းအစာအာဟာရဓာတ်များသည် ဟော်မုန်းဓာတ်များထုတ်လုပ်ခြင်းကို အားပေးသည့်အတွက် ကြီးထွားဖွံ့ဖြိုးခြင်းအတွက် လိုအပ်သည့် ဟော်မုန်းဓာတ်များကိုလည်း ပိုမိုထွက်ရှိစေနိုင်ကြောင်း တွေ့ရှိရပါသည်။

( ၅ )       ကိုယ်လက်လေ့ကျင့်ခန်းနှင့် ယောဂလေ့ကျင့်ခန်းများကို ပြုလုပ်ပါ။

လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများနှင့် ခြေလက်များကို ရှည်ထွက်စေနိုင်သည့် အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။

အမြင့်တက်ခြင်း၊ ဘတ်စကတ်ဘောကစားခြင်း၊ ရေကူးခြင်း ၊ တင်းနစ်ကစားခြင်း နှင့် ဘောလုံးကန်ခြင်းစသော အားကစားများသည် အရပ်ရှည်စေနိုင်သည့် အားကစားလေ့ကျင့်ခန်းများ ဖြစ်ကြပါသည်။

ထို့ပြင် အချို့သော ယောဂလေ့ကျင့်ခန်းများသည်လည်း အရပ်ရှည်ခြင်းကို အားပေးနိုင်သဖြင့် ဆယ်ကျော်သက်အရွယ်များ လုပ်ဆောင်သင့်ပါသည်။

 

( ၆ )       အ၀မလွန်စေရန် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

အ၀လွန်ခြင်းသည် အရပ်ဖွံ့ဖြိုးခြင်းကို ရပ်တန့်နှောင့်နှေးသွားစေနိုင်သည့် အကြောင်းရင်း တစ်ရပ် ဖြစ်သောကြောင့် ဆယ်ကျော်သက်များသည် ခန္ဓာကိုယ်အလေးချိန် အလွန်အမင်းတက်ခြင်းမှ ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်ပါသည်။

 

( ၇ )       ရေများများသောက်ပါ။

ရေသောက်ခြင်းသည် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို သန့်စင်ဖယ်ရှားပေးနိုင်သဖြင့် အာဟာရဓာတ်များအား ကောင်းစွာစုပ်ယူနိုင်စေသော ဂုဏ်သတ္တိရှိပါသည်။

၎င်းအာနိသင်သည် ကလေးများနှင့် ဆယ်ကျော်သက်များ အရပ်ပို၍ရှည်စေရန် များစွာ ကူညီထောက်ပံ့ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် ရေများများသောက်ပေးခြင်းသည်လည်း ဆယ်ကျော်သက်များ ဆောင်ထားသင့်သည့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါသည်။

 

( ၈ )       အရက် နှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

အရပ်ထွက်ခြင်းကို နှောင့်နှေးစေနိုင်သော အမူအကျင့်များဖြစ်သည့် အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း စသောမကောင်းသည့် အလေ့အထများကို ရှောင်ကြဉ်သင့်ပါသည်။

ထို့ပြင် မူးယစ်ဆေးဝါးများ နှင့် ပဋိဇီ၀ဆေးဝါးများသည်လည်း အရပ်ဖွံ့ ဖြိုးခြင်းကို နှောင့်နှေးစေနိုင်သည့် အရာများဖြစ်ကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။

 

( ၉ )       မှန်ကန်သည့် ခန္ဓာကိုယ်အနေအထားဖြင့် နေထိုင်သည့် အလေ့အကျင့်ကို ပြုလုပ်ပါ။

ဆယ်ကျော်သက်များ အရပ်ပို၍ရှည်လာစေရန်အတွက် မှန်ကန်သည့် ကိုယ်နေဟန်ထားဖြင့် နေထိုင်တတ်သည့် အလေ့အကျင့်ကို ပြုလုပ်သင့်ပါသည်။ ထိုသို့လေ့ကျင့်နေထိုင်ခြင်းဖြင့်လည်း အရပ်ရှည်ခြင်းကို ကူညီအားပေးနိုင်ကြောင်းတွေ့ရှိရပါသည်။

မတ်တပ်ရပ်သည့်အခါ လက်ပြင်ကုန်း၍နေခြင်း ၊ ထိုင်သည့်အခါ မတ်မတ်မထိုင်ဘဲ ပျင်းရိပျင်းတွဲ ထိုင်ခြင်းစသည့် မမှန်ကန်သည့် ကိုယ်အနေအထားများကို ရှောင်ကြဉ်သင့်ပါသည်။

Author : Dr. မွန်

Previous Post

ကလေးများ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအာဟာရဓာတ်များ။

Next Post

ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
464
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
210
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
386
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
394
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
451
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
328

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်သော DHA အကြောင်း သိကောင်းစရာများ

မပေါ့ဆသင့်သော သွေးအားနည်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.