fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ရာသီချိန်ခါ အေးလာသည့်အချိန်တွင်အဖြစ်များသည့် ချွဲကပ်ချောင်းဆိုးခြင်း

909
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/06/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ရာသီဥတုအပြောင်းအလဲကာလများတွင် လူအများစုကြုံတွေ့ရလေ့ရှိသည့် ဝေဒနာများအနက်တစ်ခုမှာ ချောင်းဆိုးချွဲကပ်ခြင်း ဖြစ်ပါသည်။

ရာသီဥတုအပြောင်းအလဲကာလမှာ ကလေးလူကြီးမရွေး ချောင်းဆိုးလည်ချောင်းနာခြင်းတို့ အတွေ့ရများလာပါသည် ။

အေးသောရာသီဥတုကာလများတွင် များသောအားဖြင့် Sesonal Flu (ရာသီတုပ်ကွေး) ကူးစက်ခံရ၍ ဖျားပြီးချွဲကပ်ချောင်းဆိုးခြင်း ဖြစ်ပွားတတ်ပါသည်။

ဗိုင်းရပ်စ်(Virus)တုပ်ကွေးကြောင့် မဟုတ်ဘဲ ရာသီချိန်ခါချမ်းအေးသည့် ဆောင်းတွင်းတွင် အအေးဓါတ်ကြောင့်  လေပြွန်ကျဥ်းပြီး အချွဲများဖြင့်ပိတ်ကာ ချောင်းဆိုးချွဲကြပ်နိုင်ပါသည်။ အထူးသဖြင့် ဆောင်းတွင်းမနက်စောစော အေးသည့်အချိန်များတွင် ပန်းနာရင်ကြပ်ခြင်း၊ နှာရည်ယို နှာခေါင်းပိတ်ပြီး  ချွဲကပ်ချောင်းဆိုးခြင်းတို့ အဖြစ်များလေ့ရှိပါသည်။

နာတာရှည် လေပြွန်ရောင်ရောဂါရှိသူများတွင်လည်း ရာသီဥတု အအေးဓါတ်ကြောင့် ချောင်းဆိုးချွဲကပ်ဖြစ်နိုင်သည်။ သောက်သုံးရသော အချို့ဆေးဝါးများကြောင့်လည်း ချောင်းဆိုးချွဲကြပ် ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ချောင်းဆိုးချွဲကြပ်လျှင် အခြားသော လက္ခဏာများကိုလည်း စောင့်ကြည့်ရပါမည်။ ဖျားခြင်း। အသက်ရှူရခက်ခဲခြင်း। တရွှီရွှီမြည်ပြီး ရင်ကြပ်ခြင်း। ရင်ဘတ်အောင့်ခြင်း စသောလက္ခဏာများနှင့်လည်း တွဲတတ်ပါသည်။

ရာသီတုပ်ကွေး (Senson flu) ကူးစက်ခံရလျှင် ဖျားခြင်း। ခေါင်းကိုက်ခြင်း। ချောင်းဆိုးသလိပ်ထွက်ပြီး အဆုတ်ရောင်ရမ်းခြင်းထိ ခံစားရတတ်ပါတယ်။ လက်ရှိကာလမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ်ရှိနေသည့် Covid -19 ကိုဗစ်ရောဂါခံစားရသူများတွင်လည်း ချောင်းဆိုးသည့် လက္ခဏာရှိနိုင်သော်လည်း ၎င်းမှာချောင်းခြောက် (သလိပ်မပါ) ပဲ ဆိုးခြင်းဖြစ်သည်။

Covid-19 ရောဂါတွင် အခြားလက္ခဏာများဖြစ်သည့် ဖျားခြင်း। နုံးခြင်း। အနံ့ အရသာ ပျောက်ခြင်းနှင့် Pneumonnia (အဆုတ်ရောင်) ခြင်းကြောင့် အဓိကအားဖြင့် အသက်ရှူခက်ခဲခြင်းတို့ရှိတတ်ပြီး အသက်ဆုံးရှုံးရသည်အထိ ရှိနိုင်ပါသည်။

 

ကလေးများချွဲကပ်ချောင်းဆိုးခြင်း

ကလေးများတွင်ချောင်းဆိုးလျှင် အရေးကြီးသော အန္တရာယ်လက္ခဏာ Danger signs များကို ဂရုပြုသင့်သည်။ အဖျားကြီးခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း-အသက် ၂ လအောက်ကလေးမှာ အကြိမ်ခြောက်ဆယ်အထက်। ၂ လ-၁ နှစ်ကြားတွင် ငါးဆယ်အထက်၊ ၁-၅ နှစ်ကြားတွင် အကြိမ်လေးဆယ်အထက်မြန်လျှင်। အသက်ရှူစဥ် ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်လျှင်। ပြာနှမ်းလာလျှင်। နို့/အစာကောင်းကောင်းမဝင်လျှင် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ရပါမည်။

ချွဲကပ်ချောင်းဆိုးခြင်းသက်သာစေမည့်နည်းများ

၁။ ရေများများသောက်ပါ။ ချွဲသလိပ်ကိုပျော်စေနိုင်တဲ့ ရေခပ်နွေးနွေးသောက်ပါ၊ ရေခဲရေရှောင်သင့်ပါတယ်။

၂။ ဆီကြော်နှင့် ဆီမသန့်သော အစားအစာတွေရှောင်ပါ။

၃။ ဖုန်မှုန့်। သဲမှုန့်များသောနေရာ। လူထူထပ်သောနေရာများကို တတ်နိုင်သမျှရှောင်ပါ။ ရနံ့ပြင်းသော အမွှေးနံ့သာများ ရှောင်ပါ။ ဆေးလိပ်သောက်ခြင်း ရှောင်ပါ။

၄။ အိမ်တွင်လေဝင်လေထွက် ကောင်းမွန်အောင်ထားရှိပါ။ အမွှေးတိုင်। ခြင်ဆေး। မီးသွေးမီးတို့ကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုမဖြစ်အောင် ဂရုပြုပါ။  စိုထိုင်းဆကို ထိန်းထားပေးသည့် လေသန့်စင်စက်। အစိုဓါတ်ထိန်းစက် humidifier များသုံးပါ။

၅။ ရာသီချိန်ခါ အေးလာသည့်အချိန်တွင် နွေးနွေးထွေးထွေးနေပါ။ ရေနွေးစိမ်ခြင်း। ချိုးခြင်းပြုလုပ်ပါ။

၆။  အပြင်က ပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။

၇။ ဗီတာမင်စီဓါတ် Vitamin C ကြွယ်ဝသော အစားအစာ। vitamin ဆေးများ မှီဝဲပါ။

၈။ ငုံဆေးနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသည့် ချောင်းဆိုးပျောက်ဆေးများ သောက်သုံးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

အကယ်၍ ချွဲကပ်ချောင်းဆိုးခြင်းအပြင် ချွဲများ ပမာဏများစွာထွက်ခြင်း। အနံ့ဆိုးခြင်း। ချွဲအရောင် ပုံမှန်မဟုတ်ဘဲ ပန်းရောင်သမ်းခြင်း। နှစ်ပတ်ထက်ကြာအောင် ရက်ရှည်ချောင်းဆိုးပြီး ချောင်းဆိုးသွေးပါ।ရက်ရှည်ဖျားခြင်း। အစားအသောက်ပျက်ကာ ကိုယ်အလေးချိန်ကျဆင်းခြင်း। ရင်ဘတ်အောင့်ခြင်း। အသက်ရှူရခက်ခဲခြင်းစသော လက္ခဏာများခံစားလာရပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင် တိုင်ပင်ကုသမှုခံယူရန်လိုအပ်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်ရှင်……,

Author: Dr.Yee Mon

Previous Post

အရေပြားပွေးယားနာရောဂါဆိုတာ

Next Post

ကလေးများဦးနှောက်ဖွံ့ဖြိုးမှုနှင့် DHA

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
372
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
670

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

2 years ago
682
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
845
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများဦးနှောက်ဖွံ့ဖြိုးမှုနှင့် DHA

အမာရွတ်ကင်းစင်ပြီး ကြည်လင်လှပတဲ့အသားအရေ ရရှိဖို့ဆိုရင်

Omega-3 Fatty Acids ရရှိဖို့ စားသုံးသင့်တဲ့အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.