fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

About the unknown symptoms of lung cancer
878
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

အဆုတ်ကင်ဆာဟာ စဖြစ်ဖြစ်ချင်းကာလတွေမှာ လက္ခဏာရယ်လို့ မပြသလောက်ကို ရှားပါတယ်။ နောက်ပိုင်းမှာတော့ ချောင်းဆိုးတာ အသက်ရှုကြပ်တာ ရင်ဘတ်အောင့်တာတွေ စဖြစ်လာပါတယ်။ အဆုတ်ကင်ဆာရယ်လို့ ရောဂါအမည်တပ်လိုက်နိုင်ချိန်မှာတော့ ရောဂါကကျွမ်းသလောက် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ မထင်ထားတဲ့နေရာမျိုး တွေမှာ မသိမသာ သူ့ရဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။

တခုသိထားဖို့က ခုပြောပြမယ့်လက္ခဏာတွေဟာ အဆုတ်ကင်ဆာတခုထဲကြောင့် ဖြစ်နိုင်တာတော့ မဟုတ်ဘူးဆိုတာကိုပါ။ ဒါပေမယ့် အဆုတ်ကင်ဆာဟာ ကြောက်မက်ဖွယ်ရာရောဂါတခုဖြစ်ပြီး သေဆုံးနှုန်းလည်း မြင့်မားတာကြောင့် တချို့လက္ခဏာတွေကို သိရှိထားတာဟာ မမှားတဲ့အပြင် အကူအညီတောင်ဖြစ်နိုင်တဲ့အတွက် ဒီဆောင်းပါးကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁) လက်ချောင်းထိပ်များ ပြည့်ဖောင်းလာခြင်း

တချို့ အဆုတ်ကင်ဆာတွေဟာ ဟော်မုန်းပုံစံဓာတုဗေဒပစ္စည်းအချို့ ကို ထွက်စေပြီး အဲ့ဒီပစ္စည်းတွေက လက်ချောင်းထိပ်တွေကို သွေးနဲ့အရည်တွေ ပိုပြီးရောက်ရှိစေပါတယ်။ ဒီအခါမှာ လက်ထိပ်တွေဟာ နဂိုထက်ပိုပြီး ဖောင်းဖောင်းတုတ်တုတ်တွေဖြစ်လာပါတယ်။ လက်သည်းခွံနဲ့ကပ်ရက်က အရေပြားဟာ သိသိသာသာအရောင်တောက်နေတတ်တယ်။ လက်ချောင်းတွေကို ဘေးတိုက်ကြည့်ရင် မူလထက်ပိုပြီး ခုံးနေတာမျိုးတွေ တွေ့ရနိုင်ပါတယ်။ အင်္ဂလိပ်လို finger clubbing လို့ ခေါ်ပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်ခဲ့ပြီဆိုရင်တော့ ၈၀ % လောက်ဟာ အဆုတ်ကင်ဆာနဲ့တွဲလေ့ရှိပါတယ်။

 

၂) ဝမ်းဗိုက် မကြာခဏ မအီမသာဖြစ်ခြင်း

ကင်ဆာဖြစ်တဲ့လူဆယ်ယောက်အနက် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်မှာ သွေးတွင်း ကယ်လ်ဆီယမ်ပမာဏ မြင့်မားနေတာတွေ့ရတတ်ပါတယ်။ သွေးထဲမှာ ကယ်လ်ဆီယမ်များနေတာဟာ ဗိုက်ကို မကြာခဏအောင့်စေပြီး ဗိုက်ရစ်တာ ဝမ်းချုပ်တာတွေလည်း ဖြစ်စေပါတယ်။ စားချင်သောက်ချင်စိတ်မရှိပဲ ရေခဏခဏ ငတ်နေတတ်ပါတယ်။

 

၃) စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

ကင်ဆာကြောင့် သွေးထဲမှာ ကယ်လ်ဆီယမ်တက်နေတဲ့အခါ စိတ်မငြိမ်တာ ပူပန်သောကရောက်နေတာ စိတ်ဓာတ်ကျဆင်းနေတာ အစရှိတာတွေ ခံစားရတတ်ပါတယ်။ မကြာမကြာဆိုသလို ဖြစ်နေရင် ရှင်းရှင်းလင်းလင်းသိရအောင် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။

 

၄) ပခုံးနှင့်နောက်ကျော မကြာခဏ အောင့်ခြင်း

Pancoast tumour လို့ခေါ်တဲ့ အဆုတ်ကင်ဆာတစ်မျိုးဟာ အဆုတ်ရဲ့ အပေါ်ဘက်အပိုင်းမှာ ဖြစ်ပြီး နံရိုးတွေ ကျောရိုးတွေ အာရုံကြောတွေနဲ့ သွေးကြောတွေဆီ ပျံ့နှံ့တတ်ပါတယ်။ ဒီကင်ဆာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ သိပ်မပြတတ်ပဲ ပခုံး လက်မောင်း နဲ့ နောက်ကျောတွေသာ မကြာခဏ ကိုက်ခဲနာကျင်စေတတ်ပါတယ်။

 

၅) မောပန်းလွယ်ခြင်း

အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့သက်ရောက်မှုတစ်ခုက သွေးနီဥ ပမာဏကို သိသိသာသာနည်းသွားစေတာပါ။ ဒါကြောင့် သွေးအားနည်းလာပြီး မလှုပ်ချင်မရှားချင် တစ်စုံတစ်ခုက ဆွဲထားသလို ခံစားရတတ်ပါတယ်။ အလွယ်တကူ မောပန်းလာတတ်ပါတယ်။

 

၆) အထိုင်အထမလွယ်ခြင်း

အဆုတ်ကင်ဆာဟာ အာရုံကြောအဖွဲ့အစည်းကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကြွက်သားတွေအလုပ်လုပ်တဲ့ပုံစံ မမှန်ဖြစ်လာပါတယ်။ ထိုင်ရာကနေ အလွယ်တကူ မထနိုင်တာမျိုး မတ်တပ်ရပ်နေရင်း ယိုင်ယိုင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

၇) ကိုယ်အလေးချိန်အပြောင်းအလဲ

အချို့အဆုတ်ကင်ဆာသမားတွေမှာ Cushion’s syndrome ဆိုတဲ့အခြေအနေတမျိုး ဖြစ်တတ်ပါတယ်။ အဲ့အခါ ခန္ဓာကိုယ်မှာ Cortisol ဟော်မုန်းပမာဏများလာပြီး ဖောလာတာ အလေးချိန်တွေတက်လာတာတွေ ဖြစ်စေပါတယ်။ အလွယ်တကူ သွေးခြေဥတတ်သလို အမြဲငိုက်မြည်းနေတတ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ နောက်တခုကတော့ ကယ်လ်ဆီယမ်များလာတာကြောင့် ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကကျတော့ စားချင်သောက်ချင်စိတ်လျော့လာပြီး အလိုလိုနေရင်း ပိန်လာတတ်ပါတယ်။

 

၈) အမျိုးသားတွေမှာ ရင်သားအရမ်းကြီးလာခြင်း

ရှားတော့ရှားပေမယ့် ဖြစ်နိုင်ပါတယ်။ရင်သားတွေကြီးလာပြီး ထိလိုက်ရင်တောင် နာနေတတ်ပါတယ်။

 

၉) ခေါင်းမကြာခဏ ကိုက်တတ်ခြင်း

အဆုတ်ညာဘက်ခြမ်းမှာ အကျိတ်ဖြစ်တဲ့အခါ ခေါင်းပေါ်ကဆင်းလာတဲ့ သွေးပြန်ကြောမကြီးတစ်ချောင်းကို ဖိထားမိသလိုဖြစ်ပြီး သွေးမစီးဆင်းနိုင်ဖြစ်စေပါတယ်။ အဲဒီသွေးတွေအပေါ်ပြန်တက်တဲ့အခါ ခေါင်းအရမ်းကိုက်တော့တာပါပဲ။ ကယ်လ်ဆီယမ်ပမာဏများနေတာကလည်း ခေါင်းကိုက်စေပါသတဲ့။

 

အခုပြောခဲ့တဲ့အချက်တွေရှိနေရင် အဆုတ်ကင်ဆာဖြစ်ပြီလို့ ပြောလို့မရပေမယ့် အဆုတ်ကင်ဆာရောဂါသည်တွေစောစောပိုင်းမှာ ခံစားတတ်ကြရတဲ့လက္ခဏာတွေထဲမှာ ဒါတွေ ပါဝင်နေတာမို့ မကြာခဏဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပေးလိုက်ပါရစေ။

 

Author: Dr.KG

Previous Post

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့

Next Post

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

3 weeks ago
183

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 months ago
285
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

8 months ago
399
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

8 months ago
571

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

9 months ago
1.1k
To strengthen the lungs

အဆုတ်အား​ကောင်းဖို့

9 months ago
864

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

About sleep deprivation and skin health

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေးအကြောင်း

To correct the menstrual cycle

ရာသီစက်ဝန်းလေးမှန်ကန်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.