fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

how can ginger be used to prevent colds and coughs
571
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/05/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ချင်း (ဂျင်း) ဟာ မြန်မာဟင်းအများစုမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ပါတတ်သလို ရှေးခေတ်အခါကတည်းက မြန်မာများဟာ ကျန်းမာရေး ကောင်းဖို့အတွက် ချင်း (ဂျင်း) ပြုတ်ရည်ကို ‌ သောက်သုံးလေ့ရှိကြပါတယ်။ အထူးသဖြင့် အအေးမိ ချောင်းဆိုးဖြစ်ကြတဲ့အခါ အများဆုံးသောက်သုံးကြပါတယ်။ နိုင်ငံတကာမှ ပညာရှင်တွေ လေ့လာခဲ့ကြတဲ့အခါမှာတော့ ချင်း (ဂျင်း) ဟာ တုပ်ကွေးကို သက်သာစေနိုင်တယ်ဆိုတဲ့အချက်ကို မတွေ့ရှိကြသေးပါဘူး။ ဒါပေမယ့်  ချင်း (ဂျင်း) ဟာ တုပ်ကွေးနဲ့ လည်ချောင်းနာ၊ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ကြပါတယ်။

ချင်း (ဂျင်း) ဟာ ဘာကြောင့် ဆေးဖက်ဝင်ရသလဲ?

ချင်း (ဂျင်း) မှာ ပါဝင်တဲ့ gingerols နဲ့ shogaols လို့ခေါ်တဲ့ ဒြပ်ပေါင်းနှစ်မျိုးကို ဆေးဖက်ဝင်တယ်လို့ လေ့လာသူတွေက ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ချင်း (ဂျင်း) ဟာ –

  • ပိုးမွှားများကို သေစေနိုင်ခြင်း

ချင်း (ဂျင်း) က လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားမျိုးစိတ်‌တွေဖြစ်တဲ့ Staphylococcus Aureus နဲ့ Streptococcus Aureus ကို သေစေနိုင်ခြင်း (Anti – bacterial action)

တုပ်ကွေး ရောဂါဖြစ်စေတဲ့ အသက်ရှူလမ်းကြောင်းမှဝင်ရောက်တတ်သော ဗိုင်းရပ်စ်ပိုးမွှားများ (COVID-19 ဖြစ်စေသောဗိုင်းရပ်စ်ပိုး မပါဝင်ပါ) ကို သေစေနိုင်ခြင်း (Anti – viral action)

  • အရောင်ကျစေသော အစွမ်းသတ္တိရှိခြင်း (Anti-inflammatory action)

ချင်း (ဂျင်း) ဟာ အရောင်ကျစေသော အစွမ်းရှိတဲ့အတွက် အာသီးရောင်ခြင်း၊

လည်ချောင်းနာခြင်း (pharyngitis)၊ ဖျားခြင်း၊ ချောင်းဆိုးခြင်းများကို သက်သာစေခြင်း

  • ဓာတ်တိုးဆန့်ကျင်မှုကို အားပေးခြင်း (Anti-oxidant action)

ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဆဲလ်တွေပျက်စီးလာတတ်ပါတယ်။ ချင်း (ဂျင်း) ဟာ သည်လို ဆဲလ်တွေမပျက်စီးအောင် ထိန်းသိမ်းပေးနိုင်တဲ့ Anti-oxidant action ရှိတယ်လို့ လေ့လာချက်အရ တွေ့ရှိရပါတယ်။

  • ခုခံအားကို မြှင့်တင်ပေးခြင်း

ချင်း (ဂျင်း) မှာပါဝင်တဲ့ ဒြပ်ပေါင်းများဟာ ခုခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကောင်းစေတာမို့ အအေးမိတုပ်ကွေးကို ကာကွယ်နိုင်ပါတယ်။

 

ဒါကြောင့် အအေးမိချောင်းဆိုးခြင်းကို ကာကွယ်ဖို့အတွက် ချင်း (ဂျင်း) ကို ဘယ်လိုအသုံးပြုရမလဲ?

  • ချင်း (ဂျင်း) ကို အစိမ်းလိုက်စားခြင်း

အစိမ်းလိုက်ဝါးစားရတာဟာ ပါးစပ်ကို သက်တောင့်သက်သာ မရှိစေပေမယ့် ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ချင်း (ဂျင်း) ကို ပါးပါးလေး လှီးပြီး ဝါးစားပေးမယ်ဆိုရင် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

  • ချင်း (ဂျင်း) ပြုတ်ရည် သောက်ခြင်း

ချင်း (ဂျင်း) ကို အတုံးလေးတွေ လှီးပြီး ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးမိချောင်းဆိုးတဲ့အခါ သောက်ပေးရင် လက္ခဏာတွေကို သက်သာစေမှာပါ။ ချင်း (ဂျင်း) ပြုတ်ရည်ကို ဒီအတိုင်းသောက်ရတာ အဝင်ဆိုးရင်

  • ချင်း (ဂျင်း) ပြုတ်ရည်ထဲ သံပုရာသီးညှစ်ပြီး သောက်ခြင်း
  • ပျားရည်နှင့် ရောပြီး သောက်ခြင်း
  • စပါးလင်နှင့် ရောပြုတ်ပြီး သောက်ခြင်း
  • ထန်းလျက်ထည့်ပြုတ်သောက်ခြင်း

စသဖြင့် မိမိနှစ်သက်သလို သောက်သုံးပေးနိုင်ပါတယ်။

  • ချင်း (ဂျင်း) အမှုန့် စားသုံးခြင်း

ဟင်းချက်ရာမှာ အသုံးပြုလို့ရတဲ့ အသင့်ထုတ် ချင်း (ဂျင်း) ပေါင်ဒါမှုန့်ကို သုံးပြီး မိမိစားတဲ့ဟင်းထဲ ထည့်ချက်ပြီး စားရင် အရသာလည်းကောင်းတဲ့အပြင် ခုခံအားလည်း တက်စေလို့ တုပ်ကွေးကို ကာကွယ်နိုင်ပါတယ်။

  • ချင်း (ဂျင်း) အရသာ ငုံဆေးပြားများ စားသုံးခြင်း

ချောင်းဆိုး လည်ချောင်းနာခြင်းအတွက် ထုတ်ထားတဲ့ ချင်း (ဂျင်း) ပါဝင်သော ငုံဆေး (lozenges) တွေကို ချင်း (ဂျင်း) အစိမ်း သို့မဟုတ် ချင်း (ဂျင်း) ပြုတ်ရည်ကို မကြိုက်ရင် စားသုံးနိုင်ပါတယ်။

ချင်း (ဂျင်း) ဟာ အအေးမိ ချောင်းဆိုး‌ လက္ခဏာများကို ကာကွယ်ပေးနိုင်တဲ့အပြင်

  • သွေးတွင်းကိုလက်စရောကို လျော့ကျစေခြင်း
  • သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေခြင်း
  • နှလုံးရောဂါကို ကာကွယ်ပေးခြင်း
  • သွေးခဲခြင်းကို ကာကွယ်ခြင်း
  • အရိုးဆစ်ရောင်ရောဂါများကြောင့် နာကျင်ခြင်းကို သက်သာစေခြင်း
  • ဓမ္မတာလာစဉ် နာကျင်ခြင်းကို လျော့ကျစေခြင်း

စတဲ့ အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ချင်း (ဂျင်း) ဟာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေပေမယ့် အလွန်အကျွံစားသုံးမိရင် ဗိုက်အောင့်ခြင်း၊ ပျို့တက်ခြင်း၊ အန်ခြင်းတွေဖြစ်စေနိုင်လို့ အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်များ အနေနဲ့ သတိနှင့်ယှဉ်ကာ စားသုံးသင့်ပါတယ်။

 

Author: Dr. Aye Myat Mon

 

Previous Post

မိုးတွင်းနဲ့ဝဲ

Next Post

ကလေးတီဘီရောဂါအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

3 weeks ago
183

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 months ago
285
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

4 months ago
878
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

8 months ago
399

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

9 months ago
1.1k
To strengthen the lungs

အဆုတ်အား​ကောင်းဖို့

9 months ago
864

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
about pediatric tb

ကလေးတီဘီရောဂါအကြောင်း

why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.