fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စိတ်ကျခြင်းကို သက်သာစေမည့် အစားအသောက်များ

63
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

(Unicode)

ကြက်ဆင်သား
ကြက်ဆင်သားတွင် ထရိုတိုဖန်ပါဝင်ပြီး ဦးနှောက်ဓာတုပစ္စည်းတစ်ခုဖြစ်ကာ ဦးနှောက်တွင်း ဆီရိုတိုနင် လုပ်ဆောင်မှု၌ အဓိကကူညီပေးနိုင်သည်။ ဆီရိုတိုနင်သည် စိတ်ခံစားမှုကောင်းမွန်ခြင်းကို လွှမ်းမိုးပေးသည်။ ကြက်ဆင်သားကဲ့သို့ပင် ထရိုတိုဖန် ပေါကြွယ်ဝစွာပါဝင်သော အစားအသောက်များမှာ ကြက်သား၊ တူနာငါး၊ ပဲပိစပ်၊ ငှက်ပျောသီး၊ ဆီးသီးခြောက်၊ ပေါင်မုန့်၊ မြေပဲ၊ နွားနို့ နှင့် ချိစ့် စသည်တို့ ဖြစ်သည်။

ဘရာဇီးအခွံမာသီး
ဘရာဇီးအခွံမာသီးတွင် ဆီလီနီယမ် များစွာပါဝင်ပြီး စိတ်ခံစားမှုကောင်းစေသော အစွမ်းရှိသည်။ ၎င်းသတ္ထုဓာတ်သည် ကျန်းမာရေး အကျိုးကျေးဇူးရှိသော Antioxidant တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သည်။ ဘရာဇီးအခွံမာသီးတွင် ဆီလီနီယမ် ပါဝင်မှု မြင့်မားပြီး အလွန်အကျွံစားသုံးသင့်ပါသည်။ ဆီလီနီယမ်ပါဝင်သော အခြား အစားအသောက်များမှာ  သစ်ကြားသီး၊ နေကြာစေ့၊ ဆန်လုံးညို၊ နို့ နှင့် နို့ထွက်ပစ္စည်း၊ ပင်လယ်စာအစားအစာများ ဖြစ်ကြသည်။

မုန်လာဥနီ
မုန်လာဥနီသည် ဘီတာ- ကာရိုတင်း ပါဝင်မှုကြောင့် လိမ္မော်ရောင်အဆင်းရှိပြီး အစွမ်းထက်သော Antioxidant တစ်မျိုးဖြစ်သည်။ သုတေသနများအရ ကာရိုတနွိုက် ပါဝင်မှု ပမာဏများပြားသောကြောင့် စိတ်ကျလက္ခဏာများ ဖြစ်နိုင်ခြေကို လျော့နည်းနိုင်ကြောင်း သိရသည်။ အနီရောင်၊ အဝါရောင် နှင့် လိမ္မော်ရောင် အဆင်းရှိသော ဟင်းသီးဟင်းရွက်၊ သီးနှံများတွင် ကာရိုတနွိုက်မှာ သဘာဝအတိုင်း ပါရှိသည်။ ရွှေဖရုံသီး၊ သခွားမွေး၊ ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ဟင်းနုနွယ်၊ ကန်စွန်းဥတွင် ဘီတာကာရိုတင်း ပါဝင်သည်။

ကမာကောင်
ဗီတာမင် ၁၂ သည် ခန္ဓာကိုယ်ရှိ သွေးကြောနှင့် အာရုံကြောဆဲလ်များကို ကောင်းမွန်စေရန် ကူညီပေးသည်။ ဘီတာမင် ၁၂ ပေါကြွယ်ဝစွာ ပါဝင်သော အစားအစာများကို စားသုံးပေးသူသည် စိတ်ကျခြင်းဖြစ်နိုင်ခြေ လျော့နည်းနိုင်ပါသည်။ အခွံပါငါးများ (ကမာကောင်၊ ယောက်ကောင်)၊ ငါး၊ အမဲသား၊ နို့ နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုးတွင် ဘီတာမင် ၁၂ များပြားစွာ ပါဝင်သည်။

ကော်ဖီ
လူအများစုသည် ကော်ဖီကို လန်းဆန်းတက်ကြွစေရန် သောက်သုံးကြလေ့ရှိပြီး အမှန်မှာ ၎င်းထက်ပင် အကျိုးကျေးဇူး ပိုရစေနိုင်သည်။ ကော်ဖီသည် အားအင်ရရှိစေနိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ စိတ်ကျခြင်းကို သက်သာစေနိုင်သည်။ ကော်ဖီတွင် ပါဝင်သော Antioxidant များသည် စိတ်ကျခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သော အစွမ်းရှိသည်။ စိတ်ကျရောဂါအပေါ် ကော်ဖီ၏ ရေရှည်သက်ရောက်မှုကိုမူ တိကျစွာ မသိရှိရသေးပေ။ ကော်ဖီသည် ကလေးမွေးဖွားပြီး စိတ်ကျရောဂါ ခံစားနေရသူများ၊ ရင်ပူ၊ ရင်တုန်နေသူများတွင် သောက်သုံးပေးပါက ပိုဆိုးစေသောကြောင့် သတိထားသင့်ပါသည်။

အစိမ်းရောင်အဆင်းရှိသော ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် ဖောလိတ်ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်ဆဲလ်များ ကျန်းမာစေရန် ကူညီပေးသည်။ ခန္ဓာကိုယ်တွင် ဖောလိတ်ပမာဏ နည်းပါးပါက စိတ်ပူပန်ခြင်း၊ သတိမေ့ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်ကျခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဖောလိတ်ကို စိတ်ကျရောဂါကုသရာ၌ အသုံးပြုလေ့ရှိကြပြီး အစွမ်းထက်လှသည့် ဟင်းနုနွယ်၊ ကိုက်လန်၊ ပဲတောင့်ရှည်၊ ကညွတ်၊ အခွံမာသီး၊ ပဲများတွင် ဖောလိတ်ဓာတ် ပါဝင်သည်။

ဆယ်လ်မွန်ငါး
ဆယ်လ်မွန်၊ တူနာ နှင့် ပင်လယ်ငါးသလောက်များတွင် အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပေါကြွယ်ဝစွာ ပါဝင်ပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် နည်းပါးပါက စိတ်ကျခြင်းကို ဖြစ်စေနိုင်သည်။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါဝင်သည့် အစားအစာများကို စားသုံးပေးခြင်းဖြင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သည်။ ဆယ်လ်မွန်ငါးသည် နှလုံးရောဂါနှင့် ရောင်ရမ်းခြင်းကို ကူညီပေးနိုင်သည်။ တူနာငါးနှင့် နှုတ်သီးရှည် ပင်လယ်ငါးများတွင် ခဲဓာတ် ပါဝင်သောကြောင့် သတိထားစားသုံးသင့်ပါသည်။

နွားနို့
နွားနို့တွင် ဗီတာမင်ဒီ ပါဝင်ပြီး ဗီတာမင်ဒီ နည်းပါးလျှင် စိတ်ကျရောဂါကို ဖြစ်စေနိုင်ပါသည်။ ဗီတာမင်ဒီသည် ဦးနှောက်ရှိ မိုနီအေမင်း ကို တိုးပွားစေပြီး စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါသည်။ နေရောင်ခြည်မှ ဗီတာမင်ဒီ ကို အဓိကရရှိပြီး နို့ နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၏ အနှစ်များမှလည်း ရရှိစေနိုင်ပါသည်။

ဘယ်ရီသီးများ
ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးပေးခြင်းဖြင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပြီး စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါသည်။ ဘယ်ရီသီးများတွင် ဆဲလ်ပျက်စီးမှု၊ ကြီးရင့်မှု၊ လုပ်ငန်းဆောင်တာများ ထိခိုက်မှုကို ဖြစ်စေနိုင်သော Free radicas များကို တိုက်ထုတ်ပေးနိုင်သည့် Antioxidants ပေါကြွယ်ဝစွာ ပါဝင်ပါသည်။ ဘယ်ရီသီးတွင် ဗီတာမင်စီဓာတ် ပါဝင်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့်အပြင် ကျန်းမာရေး အကျိုးကျေးဇူးများစွာလည်း  ရှိနိုင်သည်။

အရက်နှင့် စိတ်ကျခြင်း
လူအများစုသည် စိတ်ပူပန်စိတ်ညစ်မှုကို ဖြေဖျောက်ရန်အတွက် အရက်ကို သောက်သုံးကြလေ့ရှိပြီးု ထိုသို့ပြုလုပ်ခြင်းက စိတ်ကျခြင်းကို ဖြစ်စေနိုင်သည်။ အရက် အလွန်အကျွံသောက်သုံးခြင်းသည် စိတ်ကျခြင်း ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်ပြီး ဦးနှောက်နှင့် အသည်းကို ထိခိုက်စေနိုင်သည်။ သုတေသနများအရ စိတ်ကျခြင်းနှင့် အရက်သောက်သုံးမှု ပြဿနာ ဆက်စပ်နေကြောင်းသိရသည်။ အရက်ကိုယ်တိုင်ကပင် စိတ်ကျစေနိုင်ပြီး စိတ်ကျရောဂါကို ကုသသည့် ဆေးဝါးများ၏ အစွမ်းအာနိသင်ကိုပင် လျော့နည်းစေနိုင်သည်။ ထို့ကြောင့် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါက စိတ်ကျခြင်းဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါသည်။

Author: ဒေါက်တာဖြူစင်;Healthcare Journal,vol 8,no 13

(Zawgyi)

ၾကက္ဆင္သား
ၾကက္ဆင္သားတြင္ ထ႐ိုတိုဖန္ပါဝင္ၿပီး ဦးေႏွာက္ဓာတုပစၥည္းတစ္ခုျဖစ္ကာ ဦးေႏွာက္တြင္း ဆီ႐ိုတိုနင္ လုပ္ေဆာင္မႈ၌ အဓိကကူညီေပးႏိုင္သည္။ ဆီ႐ိုတိုနင္သည္ စိတ္ခံစားမႈေကာင္းမြန္ျခင္းကို လႊမ္းမိုးေပးသည္။ ၾကက္ဆင္သားကဲ့သို႔ပင္ ထ႐ိုတိုဖန္ ေပါႂကြယ္ဝစြာပါဝင္ေသာ အစားအေသာက္မ်ားမွာ ၾကက္သား၊ တူနာငါး၊ ပဲပိစပ္၊ ငွက္ေပ်ာသီး၊ ဆီးသီးေျခာက္၊ ေပါင္မုန႔္၊ ေျမပဲ၊ ႏြားႏို႔ ႏွင့္ ခ်ိစ့္ စသည္တို႔ ျဖစ္သည္။

ဘရာဇီးအခြံမာသီး
ဘရာဇီးအခြံမာသီးတြင္ ဆီလီနီယမ္ မ်ားစြာပါဝင္ၿပီး စိတ္ခံစားမႈေကာင္းေစေသာ အစြမ္းရွိသည္။ ၎သတၳဳဓာတ္သည္ က်န္းမာေရး အက်ိဳးေက်းဇူးရွိေသာ Antioxidant တစ္မ်ိဳးျဖစ္ၿပီး ခႏၶာကိုယ္ကို က်န္းမာေစႏိုင္သည္။ ဘရာဇီးအခြံမာသီးတြင္ ဆီလီနီယမ္ ပါဝင္မႈ ျမင့္မားၿပီး အလြန္အကြၽံစားသုံးသင့္ပါသည္။ ဆီလီနီယမ္ပါဝင္ေသာ အျခား အစားအေသာက္မ်ားမွာ  သစ္ၾကားသီး၊ ေနၾကာေစ့၊ ဆန္လုံးညိဳ၊ ႏို႔ ႏွင့္ ႏို႔ထြက္ပစၥည္း၊ ပင္လယ္စာအစားအစာမ်ား ျဖစ္ၾကသည္။

မုန္လာဥနီ
မုန္လာဥနီသည္ ဘီတာ- ကာ႐ိုတင္း ပါဝင္မႈေၾကာင့္ လိေမၼာ္ေရာင္အဆင္းရွိၿပီး အစြမ္းထက္ေသာ Antioxidant တစ္မ်ိဳးျဖစ္သည္။ သုေတသနမ်ားအရ ကာ႐ိုတႏြိဳက္ ပါဝင္မႈ ပမာဏမ်ားျပားေသာေၾကာင့္ စိတ္က်လကၡဏာမ်ား ျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းႏိုင္ေၾကာင္း သိရသည္။ အနီေရာင္၊ အဝါေရာင္ ႏွင့္ လိေမၼာ္ေရာင္ အဆင္းရွိေသာ ဟင္းသီးဟင္း႐ြက္၊ သီးႏွံမ်ားတြင္ ကာ႐ိုတႏြိဳက္မွာ သဘာဝအတိုင္း ပါရွိသည္။ ေ႐ႊဖ႐ုံသီး၊ သခြားေမြး၊ ပန္းမုံလာ၊ ေဂၚဖီထုတ္၊ ဟင္းႏုႏြယ္၊ ကန္စြန္းဥတြင္ ဘီတာကာ႐ိုတင္း ပါဝင္သည္။

ကမာေကာင္
ဗီတာမင္ ၁၂ သည္ ခႏၶာကိုယ္ရွိ ေသြးေၾကာႏွင့္ အာ႐ုံေၾကာဆဲလ္မ်ားကို ေကာင္းမြန္ေစရန္ ကူညီေပးသည္။ ဘီတာမင္ ၁၂ ေပါႂကြယ္ဝစြာ ပါဝင္ေသာ အစားအစာမ်ားကို စားသုံးေပးသူသည္ စိတ္က်ျခင္းျဖစ္ႏိုင္ေျခ ေလ်ာ့နည္းႏိုင္ပါသည္။ အခြံပါငါးမ်ား (ကမာေကာင္၊ ေယာက္ေကာင္)၊ ငါး၊ အမဲသား၊ ႏို႔ ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား၊ ဥအမ်ိဳးမ်ိဳးတြင္ ဘီတာမင္ ၁၂ မ်ားျပားစြာ ပါဝင္သည္။

ေကာ္ဖီ
လူအမ်ားစုသည္ ေကာ္ဖီကို လန္းဆန္းတက္ႂကြေစရန္ ေသာက္သုံးၾကေလ့ရွိၿပီး အမွန္မွာ ၎ထက္ပင္ အက်ိဳးေက်းဇူး ပိုရေစႏိုင္သည္။ ေကာ္ဖီသည္ အားအင္ရရွိေစႏိုင္ၿပီး စိတ္ခံစားမႈ ေကာင္းမြန္ေစကာ စိတ္က်ျခင္းကို သက္သာေစႏိုင္သည္။ ေကာ္ဖီတြင္ ပါဝင္ေသာ Antioxidant မ်ားသည္ စိတ္က်ျခင္း ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ေသာ အစြမ္းရွိသည္။ စိတ္က်ေရာဂါအေပၚ ေကာ္ဖီ၏ ေရရွည္သက္ေရာက္မႈကိုမူ တိက်စြာ မသိရွိရေသးေပ။ ေကာ္ဖီသည္ ကေလးေမြးဖြားၿပီး စိတ္က်ေရာဂါ ခံစားေနရသူမ်ား၊ ရင္ပူ၊ ရင္တုန္ေနသူမ်ားတြင္ ေသာက္သုံးေပးပါက ပိုဆိုးေစေသာေၾကာင့္ သတိထားသင့္ပါသည္။

အစိမ္းေရာင္အဆင္းရွိေသာ ဟင္းသီးဟင္း႐ြက္မ်ား
အစိမ္းေရာင္ရွိေသာ ဟင္းသီးဟင္း႐ြက္မ်ားတြင္ ေဖာလိတ္ဓာတ္ပါဝင္ၿပီး ခႏၶာကိုယ္ဆဲလ္မ်ား က်န္းမာေစရန္ ကူညီေပးသည္။ ခႏၶာကိုယ္တြင္ ေဖာလိတ္ပမာဏ နည္းပါးပါက စိတ္ပူပန္ျခင္း၊ သတိေမ့ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိတ္ရႈပ္ေထြးျခင္းႏွင့္ စိတ္က်ျခင္းတို႔ကို ျဖစ္ေစႏိုင္သည္။ ေဖာလိတ္ကို စိတ္က်ေရာဂါကုသရာ၌ အသုံးျပဳေလ့ရွိၾကၿပီး အစြမ္းထက္လွသည့္ ဟင္းႏုႏြယ္၊ ကိုက္လန္၊ ပဲေတာင့္ရွည္၊ ကၫြတ္၊ အခြံမာသီး၊ ပဲမ်ားတြင္ ေဖာလိတ္ဓာတ္ ပါဝင္သည္။

ဆယ္လ္မြန္ငါး
ဆယ္လ္မြန္၊ တူနာ ႏွင့္ ပင္လယ္ငါးသေလာက္မ်ားတြင္ အိုမီဂါ-၃ ဖက္တီးအက္ဆစ္ ေပါႂကြယ္ဝစြာ ပါဝင္ၿပီး စိတ္က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္သည္။ အိုမီဂါ-၃ ဖက္တီးအက္ဆစ္ နည္းပါးပါက စိတ္က်ျခင္းကို ျဖစ္ေစႏိုင္သည္။ အိုမီဂါ-၃ ဖက္တီးအက္ဆစ္ ပါဝင္သည့္ အစားအစာမ်ားကို စားသုံးေပးျခင္းျဖင့္ စိတ္က်ေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္သည္။ ဆယ္လ္မြန္ငါးသည္ ႏွလုံးေရာဂါႏွင့္ ေရာင္ရမ္းျခင္းကို ကူညီေပးႏိုင္သည္။ တူနာငါးႏွင့္ ႏႈတ္သီးရွည္ ပင္လယ္ငါးမ်ားတြင္ ခဲဓာတ္ ပါဝင္ေသာေၾကာင့္ သတိထားစားသုံးသင့္ပါသည္။

ႏြားႏို႔
ႏြားႏို႔တြင္ ဗီတာမင္ဒီ ပါဝင္ၿပီး ဗီတာမင္ဒီ နည္းပါးလွ်င္ စိတ္က်ေရာဂါကို ျဖစ္ေစႏိုင္ပါသည္။ ဗီတာမင္ဒီသည္ ဦးေႏွာက္ရွိ မိုနီေအမင္း ကို တိုးပြားေစၿပီး စိတ္ခံစားမႈ ေကာင္းမြန္ေစႏိုင္ပါသည္။ ေနေရာင္ျခည္မွ ဗီတာမင္ဒီ ကို အဓိကရရွိၿပီး ႏို႔ ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား၊ ဥအမ်ိဳးမ်ိဳး၏ အႏွစ္မ်ားမွလည္း ရရွိေစႏိုင္ပါသည္။

ဘယ္ရီသီးမ်ား
ဟင္းသီးဟင္း႐ြက္ႏွင့္ အသီးအႏွံမ်ား စားသုံးေပးျခင္းျဖင့္ စိတ္က်ေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ၿပီး စိတ္ခံစားမႈကို ေကာင္းမြန္ေစႏိုင္ပါသည္။ ဘယ္ရီသီးမ်ားတြင္ ဆဲလ္ပ်က္စီးမႈ၊ ႀကီးရင့္မႈ၊ လုပ္ငန္းေဆာင္တာမ်ား ထိခိုက္မႈကို ျဖစ္ေစႏိုင္ေသာ Free radicas မ်ားကို တိုက္ထုတ္ေပးႏိုင္သည့္ Antioxidants ေပါႂကြယ္ဝစြာ ပါဝင္ပါသည္။ ဘယ္ရီသီးတြင္ ဗီတာမင္စီဓာတ္ ပါဝင္ၿပီး စိတ္ဖိစီးမႈကို ေလ်ာ့က်ေစႏိုင္သည့္အျပင္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားစြာလည္း  ရွိႏိုင္သည္။

အရက္ႏွင့္ စိတ္က်ျခင္း
လူအမ်ားစုသည္ စိတ္ပူပန္စိတ္ညစ္မႈကို ေျဖေဖ်ာက္ရန္အတြက္ အရက္ကို ေသာက္သုံးၾကေလ့ရွိၿပီးု ထိုသို႔ျပဳလုပ္ျခင္းက စိတ္က်ျခင္းကို ျဖစ္ေစႏိုင္သည္။ အရက္ အလြန္အကြၽံေသာက္သုံးျခင္းသည္ စိတ္က်ျခင္း ေရာဂါလကၡဏာမ်ားကို ပိုဆိုးေစႏိုင္ၿပီး ဦးေႏွာက္ႏွင့္ အသည္းကို ထိခိုက္ေစႏိုင္သည္။ သုေတသနမ်ားအရ စိတ္က်ျခင္းႏွင့္ အရက္ေသာက္သုံးမႈ ျပႆနာ ဆက္စပ္ေနေၾကာင္းသိရသည္။ အရက္ကိုယ္တိုင္ကပင္ စိတ္က်ေစႏိုင္ၿပီး စိတ္က်ေရာဂါကို ကုသသည့္ ေဆးဝါးမ်ား၏ အစြမ္းအာနိသင္ကိုပင္ ေလ်ာ့နည္းေစႏိုင္သည္။ ထို႔ေၾကာင့္ အရက္ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါက စိတ္က်ျခင္းျဖစ္ႏိုင္ေျခ နည္းပါးေစႏိုင္ပါသည္။

Author: ေဒါက္တာျဖဴစင္;Healthcare Journal,vol 8,no 13

Previous Post

အိုင်အိုဒင်းဓာတ်၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

Next Post

ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်

အမျိုးသားခွန်အားတိုးစေမည့် အစားအစာများ

အမျိုးသမီးများ၏ အဝတ်အစားနှင့် အလှအပ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.