fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူ့ခန္ဓာကိုယ်အတွက် အသည်းကျန်းမာရေး ဘာကြောင့်အရေးကြီးလဲ

606
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/10/2021
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လူတိုင်း နေ့စဉ်နဲ့အမျှ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အသည်းကျန်းမာရေးက အဓိကကျပါတယ်။ အသည်းဟာ ခန္ဓာကိုယ်တွင်းလုပ်ငန်းဆောင်တာတွေ ပုံမှန်ဖြစ်စေဖို့ နေ့စဉ် ၂၄ နာရီပတ်လုံး လုပ်ဆောင်နေပါတယ်။

အသည်းရဲ့ အဓိကကျတဲ့ လုပ်ငန်းဆောင်တာတွေအနေနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဓာတုဗေဒအဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ ဆေးဝါးအမျိုးမျိုးကို ဖြိုခွဲပေးခြင်း၊ အစာခြေဖျက်ရာမှာလိုအပ်တဲ့ အင်ဇိုင်းဓာတ်တွေကို ထုတ်လွှတ်ပေးခြင်း၊ အဆီဓာတ်ခြေဖျက်ဖို့ သည်းခြေရည်ထုတ်လွှတ်ပေးခြင်း၊ အသားဓာတ်ဖွဲ့စည်းခြင်း၊ ကစီဓာတ်ကို သိုလှောင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း စတာတွေအပြင် ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ အခြားသောလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။

ဘယ်လိုအရာတွေက အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်သလဲ

အသည်းကျန်းမာရေးက လူတိုင်းရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံပေါ်မှာ မူတည်ပါတယ်။ အောက်ပါအချက်တွေက အသည်းကို ထိခိုက်စေနိုင်ပြီး အချိန်ကြာလာရင်တော့ အသည်းကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။

• အရက်အလွန်အကျွံသောက်သုံးခြင်း၊

• ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်း၊

• ဆေးဝါးတွေကို မဆင်မခြင်သောက်သုံးခြင်း၊

• ဆေးလိပ်သောက်ခြင်း၊

• အိပ်ရေးပျက်ခြင်း၊

• အဝလွန်ခြင်း စတာတွေအပြင်

• အသည်းကိုထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်လာခြင်း (ဥပမာ – အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး)နဲ့ အသည်းရောဂါအမျိုးမျိုးဖြစ်ခြင်း စတဲ့အချက်တွေကြောင့် အသည်းကျန်းမာရေးထိခိုက်ပျက်စီးလာနိုင်ပါတယ်။

အသည်းကျန်းမာရေး ကောင်းမွန်စေဖို့

အသည်းကျန်းမာရေး ကောင်းမွန်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ဒါ့ပြင် သာမန်လူတွေအပြင် အသည်းရောဂါအခံတစ်ခုခု ရှိနေသူတွေအနေနဲ့ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အသည်းကိုအားဖြည့်ပေးတဲ့ ဖြည့်စွက်အာဟာရဓာတ်တွေကိုလည်း မှီဝဲသောက်သုံးသင့်ပါတယ်။ ဒီလိုမျိုး အာဟာရဓာတ်တွေထဲမှာ အသည်းအတွက် ကောင်းကျိုးအမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ Milk Thistle ဆိုတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးကို ပြောပြချင်ပါတယ်။

Milk Thistle ဆိုတာ ဘာလဲ

Milk Thistle ဆိုဟာ မူရင်းနေရာအနေနဲ့ မြေထဲပင်လယ်ဒေသမှာ တွေ့ရပြီး ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိကနဲ့ သြစတြေးလျတို့မှာ ပေါက်ရောက်တဲ့ သဘာဝဆေးဘက်ဝင်ပန်းပင်တစ်မျိုးဖြစ်ပါတယ်။ Milk Thistle မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ Silymarin လို့ခေါ်တဲ့ ဓာတ်ပစ္စည်းပါဝင်ပြီး အသည်းကျန်းမာရေးအတွက် ကောင်းကျိုးအမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။

GNC ကနေ ထုတ်လုပ်တဲ့ Milk Thistle အသည်းအားဖြည့်ဆေးက သဘာဝဆေးဖက်ဝင်အပင်ကနေတစ်ဆင့် ဖော်စပ်ထားပြီး Silymarin ဓာတ် ၈၀ % ပါဝင်တဲ့ FDA အသိအမှတ်ပြု အသည်းအတွက် အားဆေးတစ်လက်လည်း ဖြစ်ပါတယ်။

Milk Thistle က ပေးစွမ်းနိုင်တဲ့ အသည်းကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေက

(၁) အသည်းဆဲလ်တွေ ထိခိုက်ခြင်းကိုကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ Glutathione ဓာတ်ကို တိုးမြှင့်ပေးခြင်း

(၂) အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းရောင်ရောဂါအမျိုးမျိုးနဲ့ အစားအသောက်နဲ့ဆေးဝါးတွေကြောင့် အသည်းထိခိုက်တာ စတာတွေမဖြစ်ပွားအောင်ကာကွယ်ပေးခြင်း

(၃) အသည်းဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်စေဖို့အတွက် အထောက်အကူပြုခြင်း

(၄) အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူတွေမှာ ပုံမှန်သောက်နေတဲ့ ဆေးဝါးရဲ့အာနိသင်ကို ပိုမိုထိရောက်စေပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာမဖြစ်ပွားအောင် ကာကွယ်လျှော့ချပေးနိုင်ခြင်း၊ ပုံမှန်သောက်သုံးမယ်ဆိုရင် အသည်းရောင်အသားဝါ စီပိုးကောင်ရေကို လျှော့ချပေးနိုင်ခြင်း

(၅) အသည်းရောဂါအမျိုးမျိုးကြောင့် ခံစားနေရတဲ့ မောပန်းနွမ်းနယ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတဲ့ဝေဒနာတွေကို သက်သာစေခြင်း

(၆) အရက်ကြောင့် အသည်းထိခိုက်မှုကို လျှော့ချပေးခြင်းအပြင် အသည်းဆဲလ်တွေကို အရက်ရဲ့အဆိပ်အတောက် သက်ရောက်မှုနည်းအောင် ကာကွယ်အားဖြည့်ပေးခြင်း စတာတွေဖြစ်ပါတယ်။

အထက်က အကြံပြုခဲ့တဲ့အတိုင်း အသည်းကျန်းမာစေဖို့ မှန်ကန်တဲ့စားသောက်နေထိုင်မှုပုံစံကို ပြုပြင်ထိန်းသိမ်းတာအပြင် အသည်းကို ရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးနိုင်တဲ့ ဖြည့်စွက်အာဟာရဓာတ်ဖြစ်တဲ့ ဆေးဖက်ဝင် အသည်းအားဖြည့်ဆေး Milk Thistle ကို ပုံမှန်မှီဝဲမယ်ဆိုရင် အသည်းကျန်းမာရေးကို ပိုမိုတိုးတက်စေနိုင်ပြီး မိသားစုနဲ့အတူ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

 

Author: ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

အောက်ဆီဂျင်ကျခဲ့တဲ့ ၁၀ ရက်အတွေ့အကြုံကို ပြောပြလာတဲ့ မချိုမာ

Next Post

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

ခါးနာခြင်းသက်သာစေမယ့် နည်းလမ်းများ

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါတဲ့ ကော်လဂျင်ဓာတ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.