fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကူးစက်မဟုတ်သောရောဂါများ

25
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကူးစက်မဟုတ်သောရောဂါများတွင် ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို သွေး ချိုရောဂါ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သော အဆုတ်ပွပန်းနာရောဂါများ ပါဝင်ပါသည်။ ရောဂါများသည် မည်သည့်အသက်အရွယ်များတွင် ဖြစ်တတ်သည်ကို သေချာစွာပြောရခက်ပါသည်။ များသောအားဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများတွင် ကင်ဆာရောဂါအဖြစ်များပါသည်။
သို့ရာတွင်အသက်ငယ်ငယ်နှင့် ဖြစ်လာသည်ကို တွေ့ရှိနေရပါသည်။ သွေးတိုးရောဂါသည်လည်း ကျန်းမာရေးနှင့် မညီညွတ်သောဘ၀ နေထိုင်မှု ပုံစံကြောင့် ယခင်ကထက် အသက်ပိုငယ်သောအရွယ်တွင် ဖြစ်လာကြပါသည်။ နှလုံးသွေးကြော ကျဉ်းရောဂါသည် အမျိုးသားများတွင် အသက်၃၅နှစ်အရွယ်ခန့်နှင့် အမျိုးသမီးများတွင် သွေးဆုံးသောအချိန် တွင်ဖြစ်သော်လည်း သွေးတိုးရောဂါကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် ဖြစ်လာပါသည်။ အမျိုးအစား(၂) ဆီးချိုသွေး ချိုရောဂါသည် သက်လတ်ပိုင်းအရွယ်တွင် ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် အသက်ငယ်ငယ်နှင့် ဖြစ်လာပါ သည်။ အသက်အရွယ်မရွေး ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ပွပန်းနာ ရောဂါများလည်း အဖြစ်များလာပါ သည်။ ကူးစက်မဟုတ်သောရောဂါအဖြစ်များသည့်လူများကိုယ်အလေးချိန်များသောသူများ၊အဝလွန်ကဲသူများ၊ ဆေးလိပ်သောက်သောသူများ၊ အရက်ကို အလွန်အကျွံ သောက်သူများ၊ ကွမ်းယာစားသူများ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ မစားသောသူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ မြို့နေလူတန်းစားများ၊ အိမ်ထဲတွင်ထင်းမီး၊ မီးသွေးဖိုနှင့် မီးစက်များမှ ထွက်ကျလာသော မကောင်းသောအခိုးအငွေ့များ ရှုရှိုက်သောသူများတွင် ကူးစက်မဟုတ်သော ရောဂါများ အဖြစ်များတတ်ပါသည်။ကူးစက်မဟုတ်သောရောဂါများဖြစ်ရသောအကြောင်းအရင်းများအသက်အရွယ်ကြီးလာခြင်းကြောင့် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများ ယိုယွင်းလာခြင်း၊ မျိုးရိုးဗီဇနှင့် ဆက်နွယ်ခြင်းနှင့် လူ့ဘဝနေထိုင်စားသောက်မှု ပုံစံကြောင့် ဖြစ်တတ်ပါသည်။

ကူးစက်မဟုတ်သောရောဂါများသိရှိစေရန်ဆောင်ရွက်ခြင်း

ကူးစက်မဟုတ်သော ရောဂါများနှင့် ပတ်သက်ပြီး ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် လွန်စွာ အရေးပါနေပါသည်။ အထူးသဖြင့် အသက်၄၀နှင့် ၄၀နှစ်အထက် ကျော်လာသည်နှင့် တစ်ပြိုင်နက် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up) ပြုလုပ်သင့်ပါသည်။ စစ်ဆေးသောရလဒ်တွင် ပုံမှန် မဟုတ်သော အဖြေများရရှိပါက လည်းစိုးရိမ်ပူပန်စရာမလိုပါ။

တတ်ကျွမ်းနားလည်သော ဆရာဝန်များမှသင့်တော်သော ဆေးဝါးများဖြင့်ကုသပါက သက်သာပျောက် ကင်းနိုင်ပါမည်။ ပုံမှန်မဟုတ်သောအကြောင်းအရင်းများကိုဆင်ခြင်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုလိုက်နာရပါမည်။ ခြောက်လတစ်ခါ ဆေးစစ်ခြင်းများ ဆောင်ရွက်ရပါမည်။ ကူးစက်မဟုတ်သောရောဂါများအားကာကွယ်ခြင်း ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် အဆုတ်ပွပန်းနာရောဂါများကို ကာကွယ်ရန် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြောင်းလဲနေထိုင်ရပါမည်။ နေ့စဉ်ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုများကို လျှော့ချရပါမည်။ပန်းချီဆွဲ ခြင်း၊စာရေးခြင်း၊တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ ကွမ်းစားခြင်းတို့ကို မပြုလုပ်သင့်ပါ။ အရက်ကိုလည်း မသောက် သင့်ပါ။ မဖြတ်နိုင်ပါက ကျန်းမာရေးနှင့်ညီညွတ်သော ပမာဏအတိုင်းကို ကန့်သတ်သောက်ရပါမည်။ မိမိနေထိုင်သော ပတ်ဝန်းကျင်မှလေထုကို သန့်ရှင်းအောင်ထားရပါမည်။ မိမိသွားလာနေသောနေရာ များနှင့်လမ်းများတွင် ညစ်ညမ်းသောလေကို ရှောင်ရပါမည်။ မိမိအိမ်တွင်လည်း ထင်းမီးဖို၊ မီးသွေးမီးဖိုနှင့် မီးစက်မှ ထွက်လာသော အခိုးအငွေ့များကို ရှောင်ကြဉ်ရပါမည်။ မိမိနှင့်သင့်လျော်သော လေ့ကျင့်ခန်းကို နေ့စဉ်ဆောင်ရွက်ရပါမည်။ လူတစ်ဦးသည် တစ်နေ့ကို မိနစ် ၃၀နှင့် တစ်ပတ်ကို ငါးရက်ခန့်လမ်းလျှောက်ခြင်း၊ ရွရွလေးပြေးခြင်း၊ အေရိုးဗစ်ကစားခြင်း စသည်တို့ကို ပြုလုပ်ရ ပါမည်။ လတ်ဆတ်သော အသီးအရွက်၊ အသီးအနှံများများစားရပါမည်။ ကျန်းမာနုပျိုစွာ အသက်ရှည်စေရန် အခွံမာ သောအစေ့အဆန်များကို စားသုံးရပါမည်။ အချိုဓာတ်နှင့် ကစီဓာတ်များ အစားအသောက်များကို လျော့စားရ ပါမည်။ အဆီအဆိမ့်များသော အစားအစာများကို ရှောင်ကြဉ်ရပါမည်။ လွယ်လွယ်ကူကူ စားရသော စည်သွပ် ဗူးများ၊ အချိုရည်ပုလင်းများနှင့် အမြန်စား အစားအသောက်များကို ကလေးဘဝကတည်း က မစားသင့်ပါ။ အကြံပြုချက်ကူးစက်မဟုတ်သော ရောဂါသည်ကာကွယ်၍ရသော ရောဂါများဖြစ်ကြပါသည်။ ထိုရောဂါများသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်အဖြစ်များသော်လည်း ယခုအခါစက်မှုလက်မှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ တွင် နေရာယူလာကြပါသည်။ ကူးစက်မဟုတ်သော ရောဂါများမဖြစ်ပွားစေရန် အထက်ပါကာကွယ်နည်းများကို အပြည့်အဝလိုက်နာသင့်ကြောင်း အကြံပြုအပ်ပါသည်။

 

Author – ဒေါက်တာမြင့်သိန်းထွန်း (ပြည်သူ့ကျန်းမာရေး)

Previous Post

သွေးလွန်တုပ်ကွေး ပညာပေး

Next Post

ဒေါင်းကလေးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဒေါင်းကလေးများ

အပင်းလုံး အပင်းသွင်းခြင်း

Honeymoon မှာပျော်ရွှင်ကြပါစေ…

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.