fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လည်ချောင်းထဲချွဲကျပ်နေတာကြာနေပြီ၊ ဘာကြောင့်မပျောက်သေးတာလဲ

4.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/12/2021
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

လေလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးမွှားများအပါအဝင် ပြင်ပမှာအရာများ ဝင်ရောက်ခြင်းမရှိစေရန်အတွက် ကာကွယ်ပေးထားသော ခံတပ်များစွာရှိပါသည်။ ထိုခံတပ်များထဲမှ အရေးပါသည့်ခံတပ်တစ်ခုမှာ ချွဲသလိပ်များ ဖြစ်ပါသည်။

လေလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးမွှားများ၊ ဖုန်မှုန့်များ စသည့်ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အရာများဝင်ရောက်လာကြသောအခါ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ချွဲသလိပ်များနှင့် ထိတွေ့ ကပ်ငြိသွားကြပါသည်။ ထို့နောက် ထိုအရာများကို ချွဲသလိပ်များနှင့် အတူတကွ ခန္ဓာကိုယ်အပြင်ဘက်သို့ ပြန်လည် စွန့်ထုတ်လိုက်ကြပါသည်။ ဤနည်းအားဖြင့် ချွဲသလိပ်များသည် အသက်ရှူအဖွဲ့အစည်းနှင့် ခန္ဓာကိုယ်ကို ကာကွယ်ပေးပါသည်။

သို့သော် ချွဲသလိပ်များ ပုံမှန်ထက်ပမာဏများပြားစွာ ထွက်ရှိပါက တစ်နည်းအားဖြင့် ချွဲကျပ်ခြင်း ဖြစ်ပွားပါက ထိုချွဲသလိပ်များကြောင့် အသက်ရှူဆိုင်ရာလုပ်ငန်းများ ထိခိုက်လာတတ်ပါသည်။ ထို့ပြင် ထိုသို့ပမာဏများစွာ ထွက်ရှိလာခြင်းသည် အသက်ရှူအဖွဲ့အစည်းတွင် ပြဿနာတစ်ရပ်ရပ် ရှိနေပြီဖြစ်ကြောင်း ပြသနေခြင်းလည်းဖြစ်ပါသည်။

ပုံမှန်အားဖြင့် အဆိုပါ ချွဲသလိပ် အထွက်များခြင်းကို ဖြစ်စေသော အကြောင်းရင်းကို ဂရုပြု ရှာဖွေ၍ ဖယ်ရှားလိုက်သောအခါ ချွဲကျပ်ခြင်း ပြန်လည်သက်သာသွားတတ်ပါသည်။ အောက်ပါတို့သည် ချွဲသလိပ် ပုံမှန်ထက် ပမာဏများစွာ ထွက်ရှိခြင်း တစ်နည်းအားဖြင့် ချွဲကျပ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများထဲမှ အချို့ဖြစ်ပါသည်။

 

ရောဂါပိုး

အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင် ရောဂါပိုးများ ဝင်ရောက်ကူးစက်ခံရပါက ချွဲသလိပ်များ ပုံမှန်ထက်ပို၍ ထွက်လာတတ်ပါသည်။ ခန္ဓာကိုယ်၏ ခုခံအားစနစ်အရ ဝင်ရောက်လာသော ရောဂါပိုးများကို ချွဲသလိပ်များတွင်ကပ်ငြိစေကာ ခန္ဓာကိုယ်၏ ပြင်ပသို့ ပြန်လည် စွန့်ထုတ်ရန် ကြိုးစားခြင်းဖြစ်စဉ်ကြောင့် ထွက်လာခြင်းဖြစ်ပါသည်။

ဤသို့သောဖြစ်စဉ်မျိုးတွင် ရောဂါပိုးများကို အမြစ်ပြတ်အောင် နှိမ်နင်းနိုင်ခြင်း မရှိသ၍ ချွဲသလိပ်များပမာဏ များစွာထွက်ခြင်း၊ ချွဲကျပ်ခြင်းများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ပါသည်။

 

မီးခိုးငွေ့များ

မီးခိုးငွေ့များကို မကြာခဏ ရှူရှိုက်နေရပါကလည်း လည်ချောင်းထဲတွင် ချွဲသလိပ်အထွက်များ၍ ချွဲကျပ်စေတတ်ပါသည်။ အထူးသဖြင့် ဆေးလိပ်မီးခိုးငွေ့ကဲ့သို့သော အရာများသည် ချွဲသလိပ်များကို ပိုမို ထွက်ရှိစေသည်သာမက လည်ချောင်းကိုလည်း ယားယံစေပါသည်။

ဆေးလိပ်မီးခိုးငွေ့ထဲတွင် အမှုန်အမွှားလေးများ သန်းနှင့်ချီကာ ပါဝင်ပါသည်။ ဆေးလိပ်ကို ရှိုက်ကာ သောက်သုံးလိုက်မည်ဆိုပါက လေလမ်းကြောင်းနှင့် အဆုတ်ထဲတွင် ထိုအမှုန်အမွှားများ များစွာ ကျန်ရှိခဲ့ပါသည်။ အဆိုပါ အမှုန်အမွှားများသည် ယားယံစေအောင် လှုံ့ဆွပေးသဖြင့် ချွဲသလိပ်များ များပြားစွာထွက်ခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပွားတတ်ပါသည်။

စက်ရုံ၊ အလုပ်ရုံမှထွက်သော မီးခိုးငွေ့များ၊ ထင်း၊ အမှိုက်တို့ကို မီးရှို့ခြင်းမှ ထွက်ပေါ်လာသော မီးခိုးငွေ့များ၊ မော်တော်ကား အိပ်ဇောပိုက်မှထွက်သော မီးခိုးငွေ့များသည်လည်း ချောင်းဆိုးခြင်း၊ ချွဲသလိပ်ထွက်ခြင်းများကို ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် ဆေးလိပ်သောက်သုံးနေသမျှ ကာလပတ်လုံး၊ မီးခိုးငွေ့များကို ရှူရှိုက်နေသမျှ ကာလပတ်လုံး ချွဲသလိပ်များ ပုံမှန်ထက်များစွာထွက်နေခြင်း၊ ချွဲကျပ်ခြင်းများ ဆက်လက် ဖြစ်ပွားနေမည် ဖြစ်ပါသည်။

 

ဓာတ်မတည့်စေသော ပစ္စည်းများ

တစ်ခါတစ်ရံ ခန္ဓာကိုယ်နှင့် ဓာတ်မတည့်စေသော ပစ္စည်းများကြောင့်လည်း ချွဲသလိပ်များစွာထွက်ခြင်း ဖြစ်တတ်ပါသည်။
အဆိုပါဓာတ်မတည့်စေသော ပစ္စည်းများသည် တိရစ္ဆာန်တို့၏ အမွှေးအမှင်များ၊ ပန်းဝတ်မှုန်များ၊ ဖုန်မှုန့်များ၊ ဓာတုဗေဒပစ္စည်းများ ဖြစ်နေတတ်ပါသည်။

တစ်ခါတစ်ရံ အခြားသူများနှင့် ဓာတ်မတည့်ခြင်း ဖြစ်ပွားမှု မရှိသော်လည်း မိမိတစ်ဦးတည်းနှင့် ဓာတ်မတည့်သော အရာများလည်း ရှိတတ်ပါသည်။ အဆိုပါ ပစ္စည်းများ၊ အရာများကို သတိပြု မှတ်သား၍ ရှောင်ရှားသင့်ပါသည်။အဆိုပါ ဓာတ်မတည့်သော ပစ္စည်းများနှင့် ထိတွေ့မိနေသမျှ ကာလပတ်လုံး ချွဲသလိပ်များစွာထွက်ခြင်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပါသည်။

ထို့ကြောင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေသော အရာများကို သတိပြု၍ ရှောင်ရှားခြင်းအားဖြင့် ပုံမှန်ထက် ချွဲသလိပ်များစွာထွက်ခြင်း တစ်နည်းအားဖြင့် ချွဲကျပ်ခြင်းကို ပျောက်ကင်းစေနိုင်မည် ဖြစ်ပါသည်။

 

Cystic fibrosis ရောဂါ

Cystic fibrosis ဆိုသည်မှာ အချွဲအကျိများကို ထုတ်လုပ်သော ဆဲလ်များ၊ ချွေးထုတ်လုပ်သော ဆဲလ်များ၊ အစာခြေရည်ထုတ်လုပ်သော ဆဲလ်များ စသည်တို့မှ စစ်ထုတ်လိုက်သော အရာများအား ပုံမှန်ထုတ်လုပ်နေကျ အရည်ကျဲသောပုံစံမှ ချွဲပျစ်စေးကပ်သော ပုံစံသို့ ပြောင်းလဲထုတ်လုပ်စေသော ရောဂါတစ်မျိုး ဖြစ်ပါသည်။

အသက်ရှူလမ်းကြောင်းတွင်ရှိသော ဆဲလ်များမှ ချွဲသလိပ်များကို ပိုမိုစေးကပ်ချွဲပျစ်စေရန် ထုတ်လုပ်လိုက်သောအခါ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကို ဖြစ်စေခြင်း၊ ချွဲကပ်ခြင်းများ ဖြစ်ပွားတတ်သည့်အပြင် ချောင်းဆိုးခြင်း၊ အသက်ရှူသည့်အခါ ရွှီရွှီသံများ ထွက်ပေါ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည်တို့ပါ ဖြစ်ပွားတတ်ပါသည်။ အဆိုပါရောဂါသည် မျိုးရိုးလိုက်တတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ရောဂါကို သက်သာစေနိုင်သည့် နည်းလမ်းများ၊ နေထိုင်နည်းများကို ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

 

နာတာရှည်လေပြွန်ကျဉ်းရောဂါ

နာတာရှည်လေပြွန်ကျဉ်းရောဂါ ဖြစ်ပွားသောအခါတွင်လည်း ချွဲသလိပ်များ များစွာထွက်လာတတ်ကာ ချွဲကျပ်ခြင်းကို ဖြစ်စေတတ်ပါသည်။ နာတာရှည်လေပြွန်ကျဉ်းရောဂါကို လေပြွန်ရောင်သောရောဂါအမျိုးအစားနှင့် လေအိတ်ငယ်လေးများ ပျက်စီးသော ရောဂါအမျိုးအစားဟူ၍ အမျိုးအစားခွဲခြားနိုင်ပါသည်။

မည်သည့်ရောဂါအမျိုးအစားဖြစ်ပွားနေကြောင်း သေချာစွာ စမ်းသပ်စစ်ဆေးပြီး ပျောက်ကင်းအောင် ကုသမှသာလျှင် ချွဲသလိပ်များစွာထွက်ခြင်း၊ ချွဲကျပ်ခြင်းသက်သာ ပျောက်ကင်းနိုင်မည် ဖြစ်ပါသည်။

 

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

ကိုယ်လက်တွေညောင်းညာကိုက်ခဲနေပြီဆိုရင် ဒါလေးတွေလုပ်ပါ

Next Post

ခေါင်းတစ်ခြမ်းကိုက်ကိုက်နေရတဲ့ အကြောင်းရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
383
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
684

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
687
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
853
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခေါင်းတစ်ခြမ်းကိုက်ကိုက်နေရတဲ့ အကြောင်းရင်း

အိုမီခရွန်က ယခင်မျိုးကွဲဗိုင်းရပ်စ်တွေထက် ပိုဆိုးသလား၊ ဘာတွေကွာလဲ

ခါးနာတာသက်သာပျောက်ကင်းဖို့ ဒါလေးတွေလုပ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.