ကိုယ်အလေးချိန်တက်လာပြီဆိုရင် ပထမဦးဆုံးပြောင်းလဲလာတာကတော့ ဝမ်းဗိုက်ကအဆီတွေပဲဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီတွေစုနေခြင်းဟာ အလှအပကိုအနှောက်အယှက်ဖြစ်စေရုံသာမက ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ အဆီများနေခြင်းဟာ နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါစတာတွေကို ဖြစ်လာစေနိုင်ပါတယ်။
အချိန်ကာလကြာမြင့်စွာ စုဆောင်းထားခဲ့တဲ့ ဝမ်းဗိုက်အဆီတွေကို တစ်ခဏတာအတွင်း လျင်မြန်စွာချနိုင်ဖို့တော့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့လည်း ဝမ်းဗိုက်အဆီကျနိုင်မယ့်လွယ်ကူတဲ့နည်းလမ်းလေးတွေကို မိမိအိမ်မှာနေစဥ်ပုံမှန်ကျင့်သုံးပေးသွားမယ်ဆိုရင်တော့ ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။
အိမ်မှာနေရင်း ဗိုက်အဆီချနိုင်ဖို့ဆိုရင် အစားအသောက်၊ အားကစား၊ နေထိုင်မှုပုံစံစသဖြင့် အရာရာဆင်ခြင်နေထိုင်ဖို့လိုအပ်ပါတယ်။ ဗိုက်အဆီကျပြီးသွယ်လျလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ဖို့ အိမ်မှာနေရင်းအလွယ်တကူလိုက်နာရမယ့်အချက်တွေကတော့-
၁။ အမျှင်ဓာတ်ပါတဲ့အစားအစာတွေများများစားပါ
နေ့စဥ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ထောပတ်သီးကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို များများစားပေးဖို့လိုပါတယ်။ စားသုံးလိုက်တဲ့အမျှင်ဓာတ်တွေက ရေကိုစုပ်ယူနိုင်စွမ်းရှိပြီး ကယ်လိုရီစုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါ့ပြင် အစာခြေစနစ်ကိုလည်းနှေးကွေးစေတာကြောင့် ဗိုက်မကြာခဏဆာခြင်းမှကင်းဝေးစေပါတယ်။ ဗိုက်မဆာတဲ့အခါ အစားတွေအများကြီးမစားဖြစ်တော့ဘဲ ဝမ်းဗိုက်အဆီပိုတွေတက်မလာနိုင်အောင် ထိန်းထားပေးနိုင်ပါတယ်။
၂။ အဆီများတဲ့အစားအစာတွေကိုရှောင်ပါ
အားလုံးသိကြတဲ့အတိုင်း အဆီများတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်မှာအဆီပိုတွေအဖြစ် စုဆောင်းစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ရောဂါတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီကျဖို့ဆိုရင် အဆီများတဲ့အစားအစာတွေကို ဆင်ခြင်စားသုံးဖို့ လိုအပ်ပါတယ်။
၃။ အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ပါ
အရက်ကို တစ်နေ့နည်းနည်းစီသောက်ခြင်းဟာ တစ်ခါတလေမှအရက်အလွန်အကျွံသောက်ခြင်းထက် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်စေပါတယ်။ အရက်အလွန်အကျွံသောက်မိရင် အသည်းရောဂါဖြစ်လာနိုင်တဲ့အပြင် ဝမ်းဗိုက်နဲ့ခါးတစ်ဝိုက်မှာ အဆီပိုတွေများစွာ စုဆောင်းလာစေနိုင်ပါတယ်။
၄။ ပရိုတင်းဓာတ်များများစားပါ
ပရိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ ပရိုတင်းဓာတ်များများစားခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဗိုက်ပြည့်စေတဲ့ဟော်မုန်းထွက်စေတဲ့အတွက် ဗိုက်မကြာခဏဆာခြင်းမှကင်းဝေးစေပါတယ်။ အသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုးစတာတွေကနေ ပရိုဓာတ်ရရှိစေနိုင်ပါတယ်။
၅။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ချပါ
စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ Stress ဟော်မုန်းတွေဟာ ဗိုက်နဲ့ခါးတစ်ဝိုက်မှာ အဆီပိုတွေကိုစုဆောင်းများပြားလာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီကျဖို့ဆိုရင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတာတွေပြုလုပ်ကာ စိတ်ဖိစီးမှုတွေကို လျှော့ချသင့်ပါတယ်။
၆။ သကြားအလွန်အကျွံစားခြင်းကို ရှောင်ပါ
သကြားအလွန်အကျွံစားခြင်းဟာ ဝမ်းဗိုက်အဆီနဲ့ ကိုယ်အလေးချိန်ကိုသိသိသာသာတက်စေနိုင်ပါတယ်။ ဒါ့ပြင် နောက်ဆက်တွဲအနေနဲ့ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ အသည်းအဆီဖုံးရောဂါတွေပါဖြစ်လာစေနိုင်ပါတယ်။
၇။ ချိုလွန်းတဲ့အအေးတွေကို ရှောင်ပါ
သကြားအလွန်အကျွံပါတဲ့ Soda, Milk Tea, အအေးနဲ့သစ်သီးဖျော်ရည်တွေဟာ ကယ်လိုရီအလွန်တက်စေသလို ဝမ်းဗိုက်မှာလည်း အဆီတွေစုဆောင်းလာစေနိုင်ပါတယ်။
၈။ ငါးကြီးဆီ စားပါ
ငါးကြီးဆီကို ပုံမှန်သောက်သုံးရင် ဝမ်းဗိုက်ကအဆီပိုတွေကို သိသိသာသာကျစေနိုင်သလို အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၉။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ
အေရိုးဗစ်ပုံမှန်ကစားခြင်းဟာ ဝမ်းဗိုက်ကအဆီတွေကို လောင်ကျွမ်းစေနိုင်သလို ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ ဗိုက်အဆီကျစေဖို့နဲ့ သွယ်လှလှပတဲ့ခါးလေးကို ပိုင်ဆိုင်ဖို့အတွက်ဆိုရင်တော့ အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ အထိရောက်ဆုံးကိုယ်လက်လှုပ်ရှားမှုတစ်မျိုးပဲ ဖြစ်ပါတယ်။
၁၀။ အလေးမပါ
အလေးမခြင်းဟာ ကြွက်သားတည်ဆောက်နိုင်ဖို့အတွက် အရေးပါသလို ဝမ်းဗိုက်အဆီချဖို့အတွက်လည်း ထိရောက်တဲ့အားကစားတစ်မျိုးဖြစ်ပါတယ်။ အေရိုးပစ်လေ့ကျင့်ခန်းနဲ့အတူ အလေးမခြင်းဟာ ဝမ်းဗိုက်အဆီတွေကို လျင်မြန်စွာကျဆင်းလာစေမှာဖြစ်ပါတယ်။
၁၁။ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဘက်ဘက်ကနေအရေးပါပါတယ်။ အိပ်ရေးဝဝမအိပ်တဲ့သူဟာ ကိုယ်အလေးချိန်ပိုတက်လာနိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီကျပြီး ကျန်းမာချင်တယ်ဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်အနားယူပေးသင့်ပါတယ်။
၁၂။ Apple Cider Vinegar သောက်သုံးပါ
Apple Cider Vinegar သောက်ခြင်းက သွေးတွင်းသကြားဓာတ်နဲ့ အဆီဓါတ်တွေကို လျော့ကျစေကာ ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်။
၁၃။ Probiotics ပါဝင်တဲ့အစားအစာသို့မဟုတ် ဆေးလုံးလေးတွေသောက်သုံးပါ
Probiotics တွေဟာ ကိုယ်အလေးချိန်ကိုမျှတအောင်ထိန်းသိမ်းပေးနိုင်ပြီး ဝမ်းဗိုက်ကအဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၁၄။ လက်ဖက်စိမ်းသောက်ပါ
လက်ဖက်စိမ်းမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ Antioxidant တစ်မျိုးဟာ ခန္ဓာကိုယ်တွင်းချေဖျက်မှုဖြစ်စဥ်တွေကိုမြန်ဆန်စေပြီး အဆီပိုတွေကို လျော့ကျစေနိုင်ပါတယ်။ လက်ဖက်စိမ်းကိုနေ့စဥ်ပုံမှန်သောက်သုံးပြီး အားကစားပါတွဲပြီးပြုလုပ်ပေးပါက ဝမ်းဗိုက်ကအဆီပိုတွေကို သိသိသာသာလျော့ကျလာစေမှာဖြစ်ပါတယ်။
၁၅။ ကျန်းမာသောနေထိုင်မှုပုံစံကိုကျင့်သုံးပါ
တစ်နေ့တာအတွင်းမှာ အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ အစားကိုအချိန်မှန်မှန်စားပြီး အလွန်အကျွံမစားတာ၊ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေများများစားတာ၊ အသင့်စားခေါက်ဆွဲတွေအသင့်စားအစားအစာတွေရှောင်တာ စသဖြင့် ကျန်းမာတဲ့နေထိုင်မှုပုံစံကလည်း ဗိုက်အဆီကျစေဖို့အတွက် အလွန်အရေးပါလှပါတယ်။
အိမ်မှာနေရင်းဗိုက်အဆီတွေကို သိသိသာသာလျော့ကျစေဖို့အတွက် အထက်ပါနည်းလမ်းတွေအပြင် GNC Burn 60 plus ဒါမှမဟုတ် GNC CLA 2000mg တစ်မျိုးမျိုးကိုပါတွဲပြီးသောက်သုံးနိုင်ပါတယ်။
GNC burn 60plus ရဲ့ပါဝင်ပစ္စည်းနဲ့ကောင်းကျိုးလေးတွေကတော့-
- Thermogenic Effect ရှိတဲ့ Black Tea Leaves နဲ့ Ginger Root Extract တို့ကြောင့် ခန္ဓာကိုယ်ရှိပိုလျှံနေသော အဆီပိုတွေကို ချွေးကနေတစ်ဆင့် 60% အထိ လောင်ကျွမ်းစေပါတယ်။
- Guarana Seed က Caffeine ဓာတ်တိုးစေပြီး မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။
- Garcinia နှင့် Apple Cider Vinegar တို့အဓိကပါဝင်တာကြောင့် အစားစားချင်စိတ်ကိုထိန်းပေးပြီး ခန္ဓာကိုယ်တွင်း အဆီပိုတွေစုခြင်းမှ ကာကွယ်ပေးပါတယ်။
- Grape Seed Extract ပါဝင်တာကြောင့် ခန္ဓာကိုယ်အဝလွန်ခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။
- ဒါ့ပြင် Vitamin, Antioxidant နဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် အသားရေကို စိုပြေချောမွေ့စေပြီး သွေးတွင်းအဆီဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။
GNC burn 60 plus ကို တစ်ခါသောက်နှစ်လုံး တစ်နေ့တစ်ကြိမ် အားကစားမလုပ်မီ မိနစ် ၃၀-၆၀အလို (သို့မဟုတ်) အားကစားမလုပ်သူတွေအနေနဲ့ မနက်စာမစားခင်နှစ်လုံး တစ်နေ့တစ်ကြိမ် သောက်သုံးနိုင်ပါတယ်။ Burn 60 plus သောက်သုံးနေစဉ် ကိုယ်လက်လှုပ်ရှားမှုများပါ လုပ်ဆောင်ပါက ခန္ဓာကိုယ်ရှိအဆီပိုတွေကို လျင်မြန်စွာလောင်ကျွမ်းစေမှာဖြစ်ပါတယ်။ သတိထားစရာကတော့ Burn 60 Plus Tablet ၂ လုံးမှာ Coffee ၁ခွက်ခွဲစာနဲ့ညီမျှတဲ့ ကဖင်းဓာတ် 180 mg ပါဝင်တာကြောင့် ညဘက်သောက်မိတဲ့အခါ အိပ်မပျော်တာမျိုးတွေ ရှိနိုင်ပါတယ်။
GNC CLA 2000 mg ရဲ့ကောင်းကျိုးလေးတွေကတော့-
- CLA မှာဆိုရင် သဘာဝ Safflower မှ တိုက်ရိုက်ထုတ်ယူထားတဲ့ Conjugated Linoleic Acid (CLA) 2000mg ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အဆီပိုတွေကို ဖယ်ရှားပေးပြီး သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ကျစ်လစ်တဲ့ကြွက်သားများရရှိစေပါတယ်။
- ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်တွေကို များစွာအထောက်အကူဖြစ်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို အဆီအဖြစ်မစုအောင် ကာကွယ်ပေးပါတယ်။
- ဒါ့ပြင် သွေးတွင်းအဆီဓာတ်ကို လျော့ကျစေပြီး အဝလွန်ခြင်းဆိုင်ရာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
- ခန္ဓာကိုယ်အတွင်းရှိ Free Radicals အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် လှပနုပျိုပြီးကျန်းမာသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်စေပါတယ်။
CLA ကတော့ ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချချင်သူများ၊ အစားအစာ (Diet) ဖြင့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေနဲ့ ကိုယ်ခန္ဓာကျစ်လျစ်သွယ်လျလိုသူတွေအတွက် အထူးသင့်တော်ပါတယ်။ CLA 2000mg ကို တစ်ခါသောက်နှစ်လုံး အစာစားပြီးတိုင်းနှစ်ကြိမ် သောက်သုံးနိုင်ပါတယ်။
အားလုံး အဆီကျသွယ်လျပြီး ကျန်းမာကြပါစေ။
Author: Dr. Aye Myat