fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နေ့တိုင်းအပြေးလေ့ကျင့်ခန်းလုပ်ရင် ဘာကောင်းကျိုးတွေရမလဲ

158
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်ပြီး အသားအ​ရေလှ အရွယ်တင်နုပျိုစေနိုင်သည့်အပြင် ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၂၅-၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်သည်ဟု သုတေသနများအရ တွေ့ရှိရသည်။ ထို့ကြောင့် နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်ပါသည်။ ထိုသို့လေ့ကျင့်ခန်းပြုလုပ်ရာတွင် အားကစားခန်းမ Gym ထိသွားစရာမလိုဘဲ မိမိကိုယ်တိုင်အလွယ်တကူ ပြုလုပ်နိုင်သည့် လှုပ်ရှားမှုတစ်ခုမှာ အပြေးလေ့ကျင့်ခန်းဖြစ်ပါသည်။

အပြေးလေ့ကျင့်ခန်းသည် ခန္ဓာကိုယ်အလေးချိန်ကို အလွယ်တကူထိန်းသိမ်းပေးပြီး၊ အဆီဓာတ်ကိုယ်လက်စထရောကို လျှော့ချပေးခြင်းနှင့် ကယ်လိုရီလောင်ကျွမ်းစေသော လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ အရှိန်နှေးနှေး အပြေးလေ့ကျင့်ခန်း Jogging  ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ရှိ ကယ်လိုရီ ၂၀၀ ကျော်ခန့်ကို လောင်ကျွမ်းစေနိုင်ပါသည်။ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်မိုင်ပြေးလျှင် ပျမ်းမျှ ၁၀၀ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါသည်။

နေ့တိုင်း တစ်နေ့လျှင် မိနစ်၃၀ခန့် ပုံမှန်အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန်နှင့် ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။ နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများကြောင့် သေဆုံးနိုင်​ခြေကို ၂၇ % ထိလျှော့ချပေးနိုင်ပါသည်။ မိနစ် ၃၀ ခန့် ပုံမှန်အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားများ အလွန်အကျွံ ကျုံ့ဆန့်အသုံးမပြုရသည့်အတွက် အရိုးအဆစ်၊ အရွတ်နှင့်ကြွက်သားများ ဒါဏ်ရာရနိုင်ချေကို လျော့စေပါသည်။ ထို့ပြင် အပြေးလေ့ကျင့်ခန်းသည် ကျောရိုးနှင့်ဒူးအရိုးအဆစ်များ ကြံ့ခိုင်အောင် လေ့ကျင့်ပေးနိုင်ပါသည်။

အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ အောက်ဆီဂျင်ပိုမို ရရှိစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေသည့်အပြင် အဆုတ်၏ ဇီဝလုပ်ငန်းဆောင်ရွက်မှုကို ကောင်းမွန်စေနိုင်ပါသည်။ ထို့ပြင် တုတ်ကွေးဗိုင်းရပ်စ် Influenza နှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်နိုင်ခြင်းကို လျှော့ချနိုင်စွမ်းရှိပါသည်။ နေ့တိုင်း အပြေးလေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည့် အကျိုးကျေးဇူးလည်း ရရှိနိုင်ပါသည်။

ပုံမှန်ပြေးခြင်းသည် ခန္ဓာကိုယ်၏ ခုခံအားတုံ့ပြန်မှု Antibody Response နှင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်သည့်အပြင် အစာအိမ်အူလမ်းကြောင်းရှိ အကျိုးပြုပိုးမွှားများ ဖွဲ့စည်းမှုကို ကောင်းမွန်စေနိုင်ပါသည်။ သုတေသန လေ့လာချက်များအရ နေ့တိုင်း အပြေးလေ့ကျင့်ခန်း လုပ်ခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ပိုနည်းစေနိုင်သည့်အပြင် ကင်ဆာရောဂါကုသမှု ခံယူနေသူများတွင် ကင်ဆာဆေး၏ ဘေးထွက်ဆိုးကျိုးများ လျော့စေနိုင်ပြီး ကိုယ်ရောစိတ်ပါ ကြံ့ခိုင်အောင် ထောက်ပံ့ပေးပါသည်။

အပြေးလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဖြင့် ဦးနှောက်စွမ်းရည် ကောင်းမွန်စေပြီး၊ မှတ်ဥာဏ်စွမ်းရည် ကျဆင်းလာခြင်းနှင့် သူငယ်ပြန်ရောဂါခေါ် ဦးနှောက်ကျုံ့ရောဂါ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ပုံမှန်အပြးလေ့ကျင့်ခြင်းက စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကုသမှု အထူးသဖြင့် စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ကြောင်း သုတေသနများတွင် ဖော်ပြထားပါသည်။ ပုံမှန်ပြေးခြင်းဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု၊လေးစားမှုများ ပို၍တိုးတက်စေနိုင်ပါသည်။

ခန္ဓာကိုယ်၏ သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အတွက် ဆီးချိုအကြို Prediabetes နှင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ သွေးပေါင်ကိုထိန်းညှိပေးပြီး သွေးတိုးနှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ အဝလွန်ခြင်းမဖြစ်အောင် တားဆီးပေးခြင်း စသည်ကဲ့သို့ ကောင်းကျိုးများစွာကို နေ့တိုင်းအပြေးလေ့ကျင့်ခန်း လုပ်ခြင်းဖြင့်ရရှိနိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားတွေနာကျင်ရင် ဒါလေးတွေလုပ်ပါ

Next Post

အိမ်မှာနေရင်း ဗိုက်အဆီချနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Prevent Cold Flu

အအေးမိတုပ်ကွေးမဖြစ်အောင် ဘာတွေဆင်ခြင်လိုက်နာရမလဲ

2 weeks ago
1k
beautiful and healthy banana

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

3 weeks ago
107
OnDoctor Good Fall Asleep

ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်စေဖို့

1 month ago
352
OnDoctor Health Problems Caused by Heat

အပူဒဏ်ကြောင့်ဖြစ်ရသော ကျန်းမာရေးပြဿနာ

1 month ago
797
ondoctor-dealing-with-anger

ထိန်းချုပ်သင့်သည့် ဒေါသထွက်ခြင်း

1 month ago
202

အရေပြားတွင် ယားယံခြင်း

1 month ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

အိမ်မှာနေရင်း ဗိုက်အဆီချနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

စားပြီးရင်းစားချင်နေတဲ့စိတ်ကို ဘယ်လိုထိန်းမလဲ

ဖျားနာခြင်းနှင့်ပတ်သက်သည့် အယူအဆ အလွဲများ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.