fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

စားပြီးရင်းစားချင်နေတဲ့စိတ်ကို ဘယ်လိုထိန်းမလဲ

153
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/01/2022
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကိုယ်အလေးချိန်လျှော့ချချင်တဲ့လူတွေအတွက် ခဏခဏအစာစားချစ်စိတ်ဟာ ထိန်းချုပ်ရခက်တဲ့ ပြသနာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ၄၀ ရာခိုင်နှုန်း လျော့ချနိုင်ပြီး ကျန်တဲ့ခြောက်ဆယ်ရာခိုင်နှုန်းကိုတော့ စနစ်တကျစားသောက်မှုပုံစံနဲ့ လျော့ချနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့နေ့စဉ် စားသောက်နေတဲ့အစားအစာ‌တွေကို စနစ်တကျနဲ့ဆင်ဆင်ခြင်ခြင်စားသောက်ဖို့အလွန်အရေးကြီးပါတယ်။ ဘယ်လိုအရာတွေကစားပြီးရင်းစားချင်နေတဲ့စိတ်ကို ထိန်းချုပ်ပေးနိုင်မလဲဆိုတာဆက်လက်ဖော်ပြပေးပါ့မယ်။

 

(၁) မနက်စာကိုပုံမှန်စားပေးပါ

လေ့လာတွေ့ရှိချက်တွေအရ မနက်စာပုံမှန်မစားတဲ့လူတွေမှာ အစာစားလိုစိတ်ပိုမိုပြင်းပြတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေစားသောက်နေတဲ့ မနက်စာစားသောက်မှုပုံစံက ကိုယ်အလေးချိန်လျှော့ချမှုကို ပိုမိုအဟန့်အတားဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီကြော်မုန့်တွေ၊ အချိုများလွန်းတဲ့လက်ဖက်ရည် ကော်ဖီနဲ့ မုန့်တီ၊ မုန့်ဟင်းခါးတွေကို အဓိကစားသုံးတာကြောင့်ပဲဖြစ်ပါတယ်။ ကဲ ဒါဆိုဘယ်လိုမနက်စာမျိုးကိုစားသောက်သင့်လဲဆိုတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဥ၊ အုတ်ဂျုံနဲ့ နို့ထွက်အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

 

(၂) အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာနဲ့အသီးအနှံတွေဖြစ်တဲ့ ဖီးကြမ်းငှက်‌ပျောသီး၊ ကန်စွန်းဥ၊ အုတ်ဂျုံ နဲ့ အဆီထုတ်ပြီးသားပေါင်မုန့်ကြမ်းတွေကို စားသုံးပေးခြင်းဖြင့် မကြာခဏအစာစားချင်စိတ်ကိုလျှော့ချပေးနိုင်ရုံသာမက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

 

(၃) အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ

ပုံမှန်အားဖြင့် ကျွန်တော်တို့မြန်မာတွေက တစ်ရက်ကို မနက်စာ၊ နေ့လယ်စာ နဲ့ ညစာဆိုပြီး သုံးကြိမ်ခွဲကာ အဝစားတတ်ကြပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်လျှော့ချင်တဲ့လူတွေအနေနဲ့ အဲဒီလိုမျိုး အဝစား ၃ကြိမ်ခွဲမစားဘဲ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများ (တစ်ရက်လျှင် ၅ ကြိမ်) လောက် ခွဲပြီးစားပေးမယ်ဆိုရင် အစာအိမ်ရဲ့အစာချေဖျက်အားကလည်း ပိုကောင်းလာပြီးတော့ မကြာခဏအစာစားချင်စိတ်ကိုလည်း ရပ်တန့်ပေးနိုင်ပါတယ်။

 

၄။ ရေများများသောက်ပါ

ကိုယ်အလေးချိန်လျှော့ချချင်တဲ့ လူတွေအနေနဲ့ ရေကို သာမန်လူတွေထက်ပိုမိုသောက်သုံးဖို့ လိုအပ်ပါတယ်။ တစ်ရက်လျှင်အနည်းဆုံး ရေ သုံးလီတာကနေ ငါးလီတာ သောက်သုံးရပါမယ်။ သောက်တဲ့အချိန်မှာလည်း အစာမစားခင် ရေကိုကြိုသောက်ပေးခြင်းက အစာစားချင်စိတ်ကို လျော့ချပေးနိုင်သလို စားမယ့်အစာပမာဏာကိုလည်း လျော့နည်းစေပါတယ်။

 

၅။ အရည်ရွှမ်းသော အသီးအနှံများစားပေးပါ

ဆီကြော်မုန့်နဲ့ အသင့်စားအစာများ စားမယ့်အတူတူ အရည်ရွမ်းပြီးလတ်ဆတ်တဲ့ အသီးအနှံတွေကို ပိုမိုစားသုံးပေးရပါမယ်။ ဒါမှသာ သင့်ရဲ့ မကြာခဏ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပြီး  သွေးတွင်းအဆီစုပုံခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

 

၆။ အစာစားချင်တဲ့အခါ အာရုံပြောင်းပေးပါ

အစာစားချင်စိတ်ပြင်းပြနေတဲ့အချိန်မှာ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ခြင်းက အစာစားချင်စိတ်ကို အာရုံပြောင်းပေးနိုင်ပါတယ်။ အမြန်စာနဲ့ ရယ်ဒီမိတ် အစားအစာတွေ စားချင်တဲ့စိတ် ပေါ်လာရင်လည်း အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖြည့်စွက်စာတွေစားသောက်ပြီး အာရုံလွှဲနိုင်ပါတယ်။

 

Dr. KTZ

 

 

 

 

Previous Post

အိမ်မှာနေရင်း ဗိုက်အဆီချနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

Next Post

ဖျားနာခြင်းနှင့်ပတ်သက်သည့် အယူအဆ အလွဲများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Cough due to high temperature

အပူများလို့​ ချောင်းဆိုးတာ

11 hours ago
36
Unlock Scientific secrets of Healthy Lifestyle with alternative protein for Muscle strengthen and immunity

ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတွက် ကြွက်သားအားနဲ့ ကိုယ်ခံစွမ်းအားတက်လာဖို့ ပရိုတင်း ရင်းမြစ်တွေနဲ့အတူ သိပ္ပံနည်းကျ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

1 day ago
171
Potato Nutrition and Benefits

အာလူး အာဟာရများနဲ့ အကျိုးကျေးဇူးများ

1 week ago
794
Why are people taking Type 1 collagen?

ဘာကြောင့် Type 1 collagen သောက်သုံး လာကြတာလဲ?

2 weeks ago
115
How to control overthinking?

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

3 weeks ago
166
About VitaminB Group

ဗီတာမင် (ဘီ) အုပ်စုအကြောင်း

3 weeks ago
104

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
Next Post

ဖျားနာခြင်းနှင့်ပတ်သက်သည့် အယူအဆ အလွဲများ

အရေပြားယားနာအတွက် စိတ်ညစ်နေရလား

ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးမယ်ဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.