fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သတိပြုစရာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာ

433
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/02/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ၏ ဖော်ပြချက်များအရ ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၂၆၀ ကျော်သည် ပန်းနာရင်ကျပ်ရောဂါကို ခံစားနေရသည်။ ပန်းနာရင်ကျပ်ရောဂါသည် မကူးစက်နိုင်သော Noncommunicable Disease နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်။ အသက်ရှူလမ်းကြောင်းတွင် ချွဲများပိတ်ဆို့ခြင်း၊ လေပြွန်များရောင်ရမ်းမှုကြောင့် ကျဉ်းသွားပြီး အသက်ရှူမဝ တရွှီရွှီမြည်ပြီး ရင်ကျပ်ခြင်းကို ဖြစ်ပေါ်စေသောရောဂါဖြစ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ အမျိုးအစားများမှာ ကလေးဘဝကစဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ၊ လူကြီးတွင်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ၊အဖြစ်များဆုံးဖြစ်သည့် ဓာတ်မတည့် ပန်းနာရင်ကျပ် ရောဂါ၊ လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ Occupational Asthma၊ လှုပ်ရှားမှုကြောင့်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ Exercise Induced Asthma စသည်တို့ဖြစ်ပါသည်။

ပန်းနာရင်ကျပ်၏ လက္ခဏာများသည် ရောဂါအခြေအနေ ပြင်းထန်ပုံကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်ပါသည်။ ပန်းနာရင်ကျပ်ရောဂါသည် ရုတ်တရက်ထဖြစ်တတ်ပြီး အလျင်အမြန် အခြေအနေဆိုးနိုင်သည့်အတွက် သတိပြုရမည့် လက္ခဏာများကို သိရှိထားရန်လိုအပ်ပါသည်။ နိုင်ငံတကာ ပန်းနာရင်ကျပ်ရောဂါ ပညာပေးနှင့်ကာကွယ်ရေးစီမံချက်အရ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာအခြေအနေများကို Intermittent, Mild Persistent, Moderate Persistent or Severe Persistent  ဟု၍ အဆင့် ၄ ဆင့် ခွဲခြားသတ်မှတ်ထားပါသည်။

ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအချို့တွင် ရောဂါလက္ခဏာ သိသိသာသာမပြဘဲလည်း ရှိနေတတ်ပါသည်။ အချို့သူများတွင် ဓာတ်မတည့်မှုကြောင့် နှာရည်ယိုနှာပိတ်ခြင်း၊ လှုပ်ရှားမှုပြုလုပ်လျှင် ပင်ပန်းလွယ်ခြင်း၊ အိပ်လျှင် ချောင်းဆိုးခြင်း၊ ညအိပ်မပျော်ခြင်းစသည့် အခြားအအေးမိချောင်းဆိုး ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများကိုသာ ခံစားရလေ့ရှိသည်ကို တွေ့ရပါသည်။

ချောင်းဆိုးခြင်း၊အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှုရန်ခက်ခဲခြင်းကဲ့သို့  လက္ခဏာများကို တစ်ပတ်လျှင်၂ရက်ထက် မပိုဘဲခံစားရခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ခြင်း၊ ညဘက်တွင် ပန်းနာရင်ကျပ်လက္ခဏာ တစ်လ ၂ ရက်အောက်သာ ခံစားရသူများ၊ အဆုတ်လုပ်ငန်းဆောင်ရွက်နိုင်မှု စစ်ဆေးခြင်း Lung Function Test ၈၀% နှင့်အထက်ရှိသူများကို Intermittent Asthma ဟုသတ်မှတ်ပါသည်။ အထက်ပါ Lung Function Test ရလဒ်နှင့်လက္ခဏာများကို တစ်ပတ်လျှင်၂ရက်ထက် ရှိသောသူများ( နေ့တိုင်းလက္ခဏာမရှိသူ)၊ ညဘက်တွင် ပန်းနာရင်ကျပ်လက္ခဏာ ၁ လလျှင် ၃-၄ ကြိမ် ရှိသူများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုကို အနည်းငယ်ထိခိုက်မှုရှိလျှင် Mild Persistent Asthma ဟု သတ်မှတ်ပါသည်။

အကယ်၍ ပန်းနာရင်ကျပ်လက္ခဏာများကို နေ့စဉ်ခံစားရခြင်း၊ ရင်ကျပ်သက်သာ ရှူဆေးပုံမှန်သုံးစွဲနေရခြင်း၊ ညဘက်တွင် ပန်းနာရင်ကျပ်လက္ခဏာ ၁ ပတ် ၁ ကြိမ်အထက်ရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ဘဲ Lung Function Test ၈၀% အောက်လျော့နည်းနေလျှင် Moderate Persistent Asthma ဖြစ်ပါသည်။ ပန်းနာရင်ကျပ်လက္ခဏာများသည် နေ့ဘက်ရောညဘက်ပါ နိစ္စဓူဝ လုပ်ငန်းဆောင်တာများ မလုပ်နိုင်အောင် ပြင်းထန်ပြီး Lung Function Test ၆၀% အောက်လျော့နည်းနေလျှင် Severe Persistent Asthma ဟုသတ်မှတ်ပြီး ကူသမှုလျှင်မြန်စွာ ခံယူရပါမည်။

အထက်ပါ ပန်းနာရင်ကျပ် လက္ခဏာများခံစားရမှုအဆင့်တွင် Mild/ Moderate/ Severe Persistent အဆင့်ရှိသူများအနေဖြင့် ရုတ်တရက်ပန်းနာရင်ကျပ်ဝေဒနာ Asthmatic Attack ရနိုင်ပြီး အခြေအနေပြင်းထန်လာနိုင်သဖြင့် ဆရာဝန်၊ အဆုတ်နှင့်ရင်ခေါင်းသမားတော်တို့နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့်စစ်ဆေးကုသမှုများ ခံယူခြင်း၊ Intermittent Asthma ရှိသူများအနေဖြင့် အရေးပေါ် ရှူဆေးအသုံးပြုမှုနည်းလမ်းများကို တိုင်ပင်ဆွေးနွေးခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။

Author: Dr. Yee Mon

Previous Post

မနက်အိပ်ရာထရင် နှာခေါင်းပိတ်ပိတ်နေတာ ဘာကြောင့်လဲ ?

Next Post

ကော်ဖီအလွန်အကျွံသောက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
394
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
686

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
688
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
854
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကော်ဖီအလွန်အကျွံသောက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါ

အူရောင်ငန်းဖျားရောဂါ (Typhoid) လက္ခဏာနဲ့ ကုသရေးနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.