(Zawgyi)
ေဒါက္တာျဗဴတီကို႔ကို ပ်ိဳေမတို႔ ေမးၾကတဲ့အထဲမွာ “ေဒါက္တာေရ ၊ညီမ မနက္အိပ္ရာထဆို မ်က္ခြံေတြ မို႔မို႔ေနတယ္” ၊ “ထိမိခိုက္မိတာမ်ိဳးလည္း မရွိ
ဘဲ ညီမ့ မ်က္ခြံေတြ အစ္အစ္ေနတယ္ ။နာက်င္ျပဳျခင္းေတာ့ မရွိေပမယ့္ အလွေတာ့ပ်က္တာမို႔ ဘယ္လိုလုပ္ရမလဲ ၊ေဒါက္တာ ။” ဒီအေမးေတြကို ေဒါက္တာျဗဴတီကိုအေနနဲ႔ စာဖတ္သူေတြလည္း ဗဟုုသုတရေအာင္ ဒီေဆာင္းပါးေလးနဲ႔ ျပန္ေျဖေပးပါရေစ ။
မနက္ မိုးလင္း အိပ္ရာထ မ်က္ခြံ မို႔ရျခင္းမွာ အမ်ားအားျဖင့္ အိပ္ေနစဥ္ ဦးေခါင္းနဲ႔ မ်က္ႏွာ အေနအထားမမွန္လို႔ပါ ။အိပ္တဲ့အခါ ဦးေခါင္းဟာႏွလုံးရွိတဲ့ေနရာထက္ နိမ့္ေနရင္ ေသြးလည္ပတ္မႈဟာ ေတာင္တက္ရသလို ျဖစ္တာမို႔ မ်က္ဝန္းတစ္ဝိုက္မွာ အရည္ေတြ စုေနတတ္ပါတယ္ ။တစ္ခါတစ္ေလ ေခါင္းငုံ႔ၿပီးလုပ္ရတဲ့အလုပ္ေတြ စာရင္းကိုင္ ၊ၿခံရွင္းျခင္း ၊အဝတ္ေလွ်ာ္ျခင္းစတာေတြ အၾကာႀကီးလုပ္ၿပီးရင္လည္း မ်က္ခြံ အစ္တတ္ပါေသးတယ္ ။ဒါေၾကာင့္ ေခါင္းအၾကာ ႀကီးငုံ႔ၿပီး အလုပ္လုပ္ျခင္းမ်ိဳးေရွာင္ပါ ။အိပ္ရင္ ခုတင္ေခါင္းရင္းဘက္ကို အနည္းငယ္ျမင့္ထားပါ ။ဒါ့အျပင္ အိပ္ေနစဥ္ မ်က္ႏွာေမွာက္ၿပီး အိပ္ကလည္း မ်က္ခြံမို႔တတ္ပါေသးတယ္ ။ဒါေၾကာင့္ အိပ္ရင္ ေဘးတေစာင္း အိပ္ပါ ၊ေမွာက္လ်က္ မအိပ္ပါနဲ႔ ။ေနာက္ၿပီး အစားအေသာက္ေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္ ။
အစားအေသာက္စားတဲ့အခါ အငန္ဓာတ္ ၊ဆားဓာတ္မ်ားတာေတြ စားခဲ့က ေရဓာတ္ျပန္လည္ျဖည့္တင္းရသျဖင့္ မ်က္ခြံတဝိုက္ ေဖာေရာင္တတ္ပါတယ္ ။ဒါေၾကာင့္မ်က္ခြံ မို႔ေနစဥ္ အငန္ေလွ်ာ့စားပါ ။ဆားဓာတ္ေလ်ာ့စားပါ ။တခ်ိဳ႕သူေတြက်ေတာ့ အသက္ကေလးရလာလို႔ျဖစ္ေစ ၊အ႐ြယ္မတိုင္ခင္ မ်က္ခြံတဝိုက္ ၾကြက္သား က်ဳံ႔ႏိုင္ ဆန႔္ႏိုင္အား ေလ်ာ့နည္းလာလို႔ျဖစ္ေစမ်က္ခြံမို႔ေမာက္တတ္ပါေသးတယ္ ။ဒီလိုအျဖစ္မ်ိဳးျဖစ္ရင္ေတာ့ အလွအပေရးရာဆရာဝန္ေတြနဲ႔ တိုင္ပင္သင့္ပါတယ္ ။
တခ်ိဳ႕က်ေတာ့လည္း cosmetic ပစၥည္းေတြသုံးၿပီးမွ ျဖစ္တယ္လို႔ေျပာၾကတယ္ ။ဘာေၾကာင့္လဲဆိုရင္ မိမိတို႔ သုံးတဲ့ အလွကုန္ေတြ ၊eye shadows ေတြမွာပါတဲ့ ဓာတုပစၥည္းတစ္မ်ိဳးမ်ိဳးနဲ႔ မတည့္လို႔ျဖစ္ေစ ၊အလွကုန္ေတြ သက္တမ္းလြန္ေနလို႔ ျဖစ္ေစ ျဖစ္တတ္ပါတယ္ ။ဒါေၾကာင့္ ပ်ိဳေမတို႔ အလွကုန္ ဝယ္တဲ့အခါ
သက္တမ္းလြန္ ၊မလြန္ ေသခ်ာၾကည့္ဝယ္ပါ ။မိမိနဲ႔ တည့္ ၊မတည့္ ေသခ်ာ စမ္းၿပီးမွသုံးေစခ်င္ပါတယ္ ။ညအိပ္ရင္လည္း မိတ္ကပ္ေတြ eye shadows ေတြ ေသခ်ာေဆးေၾကာၿပီးမွ အိပ္ပါ ။
အထက္ပါအတိုင္း လိုက္နာရဲ႕သားနဲ႔ မသက္သာလို႔ျဖစ္ေစ ၊ႏွလုံးေရာဂါ ၊ဆီးနဲ႔ ေက်ာက္ကပ္ေရာဂါအခံ ရွိက မိမိတို႔ မိသားစုဆရာဝန္နဲ႔ ျပသ တိုင္ပင္သင့္ပါတယ္ ။
Author; ေဒါက္တာ ျဗဴတီကို
(Unicode)
ဒေါက်တာဗြူတီကို့ကို ပျိုမေတို့ မေးကြတဲ့အထဲမှာ “ဒေါက်တာရေ ၊ညီမ မနက်အိပ်ရာထဆို မျက်ခွံတွေ မို့မို့နေတယ်” ၊ “ထိမိခိုက်မိတာမျိုးလည်း မရှိ
ဘဲ ညီမ့ မျက်ခွံတွေ အစ်အစ်နေတယ် ။နာကျင်ပြုခြင်းတော့ မရှိပေမယ့် အလှတော့ပျက်တာမို့ ဘယ်လိုလုပ်ရမလဲ ၊ဒေါက်တာ ။” ဒီအမေးတွေကို ဒေါက်တာဗြူတီကိုအနေနဲ့ စာဖတ်သူတွေလည်း ဗဟုုသုတရအောင် ဒီဆောင်းပါးလေးနဲ့ ပြန်ဖြေပေးပါရစေ ။
မနက် မိုးလင်း အိပ်ရာထ မျက်ခွံ မို့ရခြင်းမှာ အများအားဖြင့် အိပ်နေစဉ် ဦးခေါင်းနဲ့ မျက်နှာ အနေအထားမမှန်လို့ပါ ။အိပ်တဲ့အခါ ဦးခေါင်းဟာနှလုံးရှိတဲ့နေရာထက် နိမ့်နေရင် သွေးလည်ပတ်မှုဟာ တောင်တက်ရသလို ဖြစ်တာမို့ မျက်ဝန်းတစ်ဝိုက်မှာ အရည်တွေ စုနေတတ်ပါတယ် ။တစ်ခါတစ်လေ ခေါင်းငုံ့ပြီးလုပ်ရတဲ့အလုပ်တွေ စာရင်းကိုင် ၊ခြံရှင်းခြင်း ၊အဝတ်လျှော်ခြင်းစတာတွေ အကြာကြီးလုပ်ပြီးရင်လည်း မျက်ခွံ အစ်တတ်ပါသေးတယ် ။ဒါကြောင့် ခေါင်းအကြာ ကြီးငုံ့ပြီး အလုပ်လုပ်ခြင်းမျိုးရှောင်ပါ ။အိပ်ရင် ခုတင်ခေါင်းရင်းဘက်ကို အနည်းငယ်မြင့်ထားပါ ။ဒါ့အပြင် အိပ်နေစဉ် မျက်နှာမှောက်ပြီး အိပ်ကလည်း မျက်ခွံမို့တတ်ပါသေးတယ် ။ဒါကြောင့် အိပ်ရင် ဘေးတစောင်း အိပ်ပါ ၊မှောက်လျက် မအိပ်ပါနဲ့ ။နောက်ပြီး အစားအသောက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ် ။
အစားအသောက်စားတဲ့အခါ အငန်ဓာတ် ၊ဆားဓာတ်များတာတွေ စားခဲ့က ရေဓာတ်ပြန်လည်ဖြည့်တင်းရသဖြင့် မျက်ခွံတဝိုက် ဖောရောင်တတ်ပါတယ် ။ဒါကြောင့်မျက်ခွံ မို့နေစဉ် အငန်လျှော့စားပါ ။ဆားဓာတ်လျော့စားပါ ။တချို့သူတွေကျတော့ အသက်ကလေးရလာလို့ဖြစ်စေ ၊အရွယ်မတိုင်ခင် မျက်ခွံတဝိုက် ကြွက်သား ကျုံ့နိုင် ဆန့်နိုင်အား လျော့နည်းလာလို့ဖြစ်စေမျက်ခွံမို့မောက်တတ်ပါသေးတယ် ။ဒီလိုအဖြစ်မျိုးဖြစ်ရင်တော့ အလှအပရေးရာဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ် ။
တချို့ကျတော့လည်း cosmetic ပစ္စည်းတွေသုံးပြီးမှ ဖြစ်တယ်လို့ပြောကြတယ် ။ဘာကြောင့်လဲဆိုရင် မိမိတို့ သုံးတဲ့ အလှကုန်တွေ ၊eye shadows တွေမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်လို့ဖြစ်စေ ၊အလှကုန်တွေ သက်တမ်းလွန်နေလို့ ဖြစ်စေ ဖြစ်တတ်ပါတယ် ။ဒါကြောင့် ပျိုမေတို့ အလှကုန် ဝယ်တဲ့အခါ
သက်တမ်းလွန် ၊မလွန် သေချာကြည့်ဝယ်ပါ ။မိမိနဲ့ တည့် ၊မတည့် သေချာ စမ်းပြီးမှသုံးစေချင်ပါတယ် ။ညအိပ်ရင်လည်း မိတ်ကပ်တွေ eye shadows တွေ သေချာဆေးကြောပြီးမှ အိပ်ပါ ။
အထက်ပါအတိုင်း လိုက်နာရဲ့သားနဲ့ မသက်သာလို့ဖြစ်စေ ၊နှလုံးရောဂါ ၊ဆီးနဲ့ ကျောက်ကပ်ရောဂါအခံ ရှိက မိမိတို့ မိသားစုဆရာဝန်နဲ့ ပြသ တိုင်ပင်သင့်ပါတယ် ။
Author; ဒေါက်တာ ဗြူတီကို