ယနေ့ခေတ်မှာ အလုပ်ကို ဇယ်ဆက်သလို ပျားပန်းခပ်မျှ လုပ်နေကြရတဲ့ဇီဝကတို့ လူသားတွေ တော်တော်များများ အိပ်မပျော်ခြင်း ဝေဒနာကို အနည်းနဲ့အများ
ခံစားကြရဖူးမှာပါ ။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းထဲမှာ ပူပန်စိုးရိမ်သောကရောက်မှုက ရှေ့ဆုံးက ပါဝင်ပါတယ် ။
ဒါ့အပြင် စိတ်ကျဝေဒနာရှင်များဟာလည်းတော်ရုံနဲ့ အိပ်မပျော်တတ်ဘဲ အိပ်ပျော်ပြီးရင်လည်း မနက်စောစော ပြန်နိုးတတ်ပါတယ်တချို့တွေက အလင်းရောင်ကြောင့် ၊ဆူညံသံကြောင့် ၊အိပ်ခါနီး အစားအသောက်မှားလို့ စတဲ့အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြပေ ။ ဒီဆောင်းပါးမှာတော့အိပ်ပျော်အောင် ဘာတွေ စားသောက်ဖို့လိုပြီး အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ ဘယ်လိုအစားအသောက်တွေကို ရှောင်ရှားဖို့ လိုမလဲ ဆိုတာ ပြောပြပါ့မယ် ။ ဦးစွာပထမ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေ အကြောင်း ပြောပါ့မယ် ။
ညနေပိုင်းမှာ အဆီများတဲ့ အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ် ။ ဘာကြောင့်လဲဆိုရင် ထိုအစားအသောက်တွေဟာ အိပ်မပျော်ခြင်းကို ဟန့်တားလို့ပါ ။ ဒါ့အပြင် ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ ၊လက်ဖက်ရည် ၊လက်ဖက် ၊ရေနွေးကြမ်း ၊ကိုလာ စတာတွေကို ညအိပ်ခါနီး မစားသောက်သင့်ပါ ။ ညနေခင်းမှာ အရက်အနည်းငယ် သောက်ခြင်းက အိပ်ပျော်စေဖို့ အားပေးတယ်လို့ တချို့ကဆိုကြပေမယ့် အများကြီးသောက်ရင်တော့ အိပ်မပျော်စေပါ ။ ဒါ့အပြင် ညဘက် ဆီးထသွားရတဲ့ အတွက်ကြောင့် အိပ်ရေးပျက်စေပါတယ် ။
ထို့ကြောင့် ညအိပ်ခါနီး အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ပါ ။ ညအိပ်ခါနီး ၂နာရီလောက်အလိုမှာ ဘာမှမစားသောက်သင့်ဘူးဆိုပေမယ့် ညနေပိုင်းက အစာနည်းနည်းပဲ စားထားလို့ အဆာခံနေသူတွေ အတွက်ကတော့ အစာကြေလွယ်မယ့် အစားအသောက် အနည်းငယ်ကိုစားသောက်ပေးလို့ ရပါတယ် ။ အစာကြေဖို့ခက်တဲ့အစားအသောက်များ (ဥပမာ-အစာမာ ၊ဒိန်ခဲ စတာ)ကို ရှောင်ရှားသင့်ပါတယ် ။
အိပ်ပျော်စေဖို့ အိပ်ကောင်းစေဖို့ စားသောက်ရမယ့် အစားအသောက် တွေအကြောင်း ဆက်ပြောပြပါ့မယ် ။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ် ဓာတ်တွေဟာအိပ်ကောင်းစေပါတယ် ။ မဂ္ဂနီဆီယမ်ဓာတ်ပါတဲ့ ဂျုံနဲ့လုပ်တဲ့မုန့်များ ၊ပင်လယ်စာ ၊အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ အခွံမာသီး၊ကယ်လ်စီယမ် ဓာတ်ပေါကြွယ်ဝတဲ့နို့နဲ့ နို့ထွက်ပစ္စည်းများ ၊ပဲပိစပ် ၊ပုစွန်၊ဆာဒင်းနဲ့ ပင်လယ်ငါး စတာတွေကို စားသုံးသင့်တယ် ။
အိပ်ပျော်ခြင်းကို အားပေးတဲ့Tryptophan ထရပ်တိုဖန်ပါတဲ့ ငှက်ပျောသီး ၊စွန်ပလွန်သီးနဲ့ ပေါင်မုန့် ၊သစ်ကြားသီတွေကို ညအိပ်ရာမဝင်ခင် သရေစာအနေနဲ့ အနည်းအကျဉ်း စားသုံးပေးနိုင်ပါတယ် ။ အိပ်မပျော်ခြင်း ဝေဒနာကို သက်သာစေဖို့ ၊အိပ်ပျော်စေဖို့ အစား
အသောက်တွေက ကူညီပေးနိုင်ပေမယ့် ရက်ဆက်အိပ်မပျော်ခြင်းကြောင့် နေ့စဉ်လူမှုဘဝတွင် အခက်အခဲကြုံရခြင်းများ ဖြစ်က မိမိ မိသားစုဆရာဝန်
နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ် ။
Author: ခေတ်သစ် ဇီဝက