(Zawgyi)
အသက္ ၅၀ ဝန္းက်င္ အ႐ြယ္မွာ လည္ပင္း အေရျပားေလ်ာ့တြဲက်လာျခင္းဟာ က်န္းမာေရးျပ ႆနာ တစ္ရပ္ေတာ့ မဟုတ္ေပမယ့္ အ႐ြယ္မတိုင္ခင္
လည္ပင္းအေရျပား ေလ်ာ့တြဲမလာေစဖို႔ ႀကိဳတင္ကာကြယ္လို႔ ရပါတယ္ ။
အသက္ ႏွစ္ဆယ္ ၊အစိတ္ အ႐ြယ္ေလာက္ကတည္းက ေအာက္ပါနည္းေတြကို လိုက္နာက်င့္သုံးျခင္းျဖင့္ အ႐ြယ္မတိုင္ခင္ လည္ပင္းအေရျပား ေလ်ာ့
တြဲမလာေစဖို႔ ႀကိဳတင္ကာကြယ္ပါ ။
-အလွျပင္ရင္ မ်က္ႏွာအျပင္ လည္ပင္းနဲ႔ လက္ကိုလည္း အလွဆီ လိမ္းေပးပါ ။
-မ်က္ႏွာကို လိမ္းသလို လည္ပင္းနဲ႔ လက္ကိုလည္း ေန႔ေရာ ညပါ လိမ္းေဆးခရမ္ေတြလိမ္းေပးပါ ။
-အသားလွဆီ Brand ေ႐ြးတဲ့အခါ လက္လိမ္းဖို႔ သီးသန႔္ ၊လည္ပင္းလိမ္းဖို႔ သီးသန႔္ ထုတ္လုပ္ထားတာ ေ႐ြးဝယ္ပါ ။Neck cream ၊Hand cream ရယ္ ဆိုၿပီး သီးသန႔္ ရွိပါတယ္ ။
-သီးသန႔္ ထုတ္လုပ္ထားတဲ့ ပစၥည္းမ်ိဳး ရွာမေတြ႕ရင္လည္း အစိုဓာတ္ပါတဲ့Moisturizer lotion ၊ဒါမွမဟုတ္ cream တစ္မ်ိဳးမ်ိဳးကို လိမ္းေပးႏိုင္ပါတယ္ ။
-လည္ပင္းကို လိမ္းတဲ့အခါ အထူးသတိထားပါ ။လည္ပင္း အေရျပားဟာ ပါးလႊာၿပီးႏူးညံ့လြန္းတာေၾကာင့္ လိမ္းေဆးလိမ္းတဲ့အခါ လည္ပင္းအေပၚဘက္ကို ပင့္ၿပီးညင္သာစြာ လိမ္းပါ ။
-အေရျပား ေလ်ာ့တြဲက်တာ ျပန္ၿပီး တင္းတင္းရင္းရင္းျဖစ္ေစဖို႔ ေခါင္းနဲ႔ လည္ပင္းကို အေပၚေအာက္ ၊ဘယ္ညာ လႊဲတဲ့ ဦးေခါင္းေလ့က်င့္ခန္းကို တစ္ေန႔လွ်င္ မနက္တစ္ႀကိမ္ ၊ညတစ္ႀကိမ္စီ တစ္ခါလုပ္လွ်င္ ၁၀မိနစ္ခန႔္ လုပ္ေပးပါ ။
ေဒါက္တာျဗဴတီကို
(Unicode)
အသက် ၅၀ ဝန်းကျင် အရွယ်မှာ လည်ပင်း အရေပြားလျော့တွဲကျလာခြင်းဟာ ကျန်းမာရေးပြ ဿနာ တစ်ရပ်တော့ မဟုတ်ပေမယ့် အရွယ်မတိုင်ခင်
လည်ပင်းအရေပြား လျော့တွဲမလာစေဖို့ ကြိုတင်ကာကွယ်လို့ ရပါတယ် ။
အသက် နှစ်ဆယ် ၊အစိတ် အရွယ်လောက်ကတည်းက အောက်ပါနည်းတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် အရွယ်မတိုင်ခင် လည်ပင်းအရေပြား လျော့
တွဲမလာစေဖို့ ကြိုတင်ကာကွယ်ပါ ။
-အလှပြင်ရင် မျက်နှာအပြင် လည်ပင်းနဲ့ လက်ကိုလည်း အလှဆီ လိမ်းပေးပါ ။
-မျက်နှာကို လိမ်းသလို လည်ပင်းနဲ့ လက်ကိုလည်း နေ့ရော ညပါ လိမ်းဆေးခရမ်တွေလိမ်းပေးပါ ။
-အသားလှဆီ Brand ရွေးတဲ့အခါ လက်လိမ်းဖို့ သီးသန့် ၊လည်ပင်းလိမ်းဖို့ သီးသန့် ထုတ်လုပ်ထားတာ ရွေးဝယ်ပါ ။Neck cream ၊Hand cream ရယ် ဆိုပြီး သီးသန့် ရှိပါတယ် ။
-သီးသန့် ထုတ်လုပ်ထားတဲ့ ပစ္စည်းမျိုး ရှာမတွေ့ရင်လည်း အစိုဓာတ်ပါတဲ့Moisturizer lotion ၊ဒါမှမဟုတ် cream တစ်မျိုးမျိုးကို လိမ်းပေးနိုင်ပါတယ် ။
-လည်ပင်းကို လိမ်းတဲ့အခါ အထူးသတိထားပါ ။လည်ပင်း အရေပြားဟာ ပါးလွှာပြီးနူးညံ့လွန်းတာကြောင့် လိမ်းဆေးလိမ်းတဲ့အခါ လည်ပင်းအပေါ်ဘက်ကို ပင့်ပြီးညင်သာစွာ လိမ်းပါ ။
-အရေပြား လျော့တွဲကျတာ ပြန်ပြီး တင်းတင်းရင်းရင်းဖြစ်စေဖို့ ခေါင်းနဲ့ လည်ပင်းကို အပေါ်အောက် ၊ဘယ်ညာ လွှဲတဲ့ ဦးခေါင်းလေ့ကျင့်ခန်းကို တစ်နေ့လျှင် မနက်တစ်ကြိမ် ၊ညတစ်ကြိမ်စီ တစ်ခါလုပ်လျှင် ၁၀မိနစ်ခန့် လုပ်ပေးပါ ။
ဒေါက်တာဗြူတီကို