fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေး နှာစေးနှာပိတ်ဖြစ်တာ တာရှည်နေလား

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/03/2022
in မိခင်နှင့်ကလေးကျန်းမာရေး, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကလေးများတွင် နှာရည်ယိုနှာစေးနှာပိတ်ဖြစ်ခြင်းသည် မကြာခဏ ကြုံတွေ့ရတတ်သော ပြဿနာတစ်ခုဖြစ်ပါသည်။ လေထဲရှိအမှုန်အမွှားများကို ရှူရှိုက်မိသောအခါ နှာခေါင်းထဲရှိ အမွေးနုလေးများမှ ၎င်းတို့ကိုသယ်ယူပေးကာ နှာရည်အဖြစ်ပြောင်းပြီး နှာခေါင်းတွင်းကို သန့်ရှင်ပေးပါသည်။ အများအားဖြင့် ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယား ရောဂါပိုးဝင်ရောက်ခြင်း၊ ဓာတ်မတည့်မှုကြောင့် ကာလရှည်ရောင်ရမ်းခြင်းတို့ကြောင့် ကလေးများတွင် နှာစေးနှာပိတ်ဖြစ်ရသည်။ ကလေးများတွင် နှာစေးနှာပိတ်တာရှည်နေလျှင် စိတ်မကြည်ဘဲဂျီကျခြင်း၊ အိပ်မပျော်ခြင်း၊ နို့တိုက်အစာကျွေးရခက်ခဲခြင်း၊ အသက်ရှူမဝခြင်းတို့အထိ ဖြစ်နိုင်ပါသည်။

ရာသီဥတုအပြောင်းအလဲ အအေးမိခြင်း၊ ကလေးနှာခေါင်းနောက်ဘက်ရှိ လေအိတ်အပေါက်များ ပိုးဝင်ရောင်ရမ်းခြင်း Sinusitis၊ နှာခေါင်းအတွင်းရှိ တစ်သျှူးများရောင်ရမ်းခြင်း၊ အာသီးရောင်ခြင်း၊ နှာခေါင်းတွင်းရှိ အသားပို Nasal Polyp တို့ကြောင့်လည်း နာတာရှည်နှာစေးနှာပိတ်ဖြစ်တတ်သည်။ ကလေးနေထိုင်သော အခန်း၏ပတ်ဝန်းကျင် လေထုတွင် စိုစွတ်မှုနည်းပြီး ခြောက်သွေ့ခြင်း၊ ဓာတ်မတည့်ခြင်းဖြစ်စေသည့် ပန်းဝတ်မှုန်၊ ဖုန်မှုန့်များ ရှိခြင်းတို့ကြောင့်လည်း နှာစေးနှာပိတ် တာရှည်တတ်သည်။

နှာစေးနှာပိတ်သောအခါ နှာချေပြီး ကျလာသောနှာရည်သည် အကြည်ရောင်ဖြစ်လျှင် အများအားဖြင့် အအေးမိဖျားနာနှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်နိုင်သည်။ ကျလာသောနှာရည်သည် ပျစ်ခဲပြီး အစိမ်းရောင်၊အဝါရောင်ရှိကာ ဖျားနာခြင်း၊ချောင်းဆိုးခြင်းတို့နှင့် အတူတွေ့ရလျှင် အသက်ရှူလမ်းကြောင်းတွင်း ပိုးဝင်ခြင်းဖြစ်နိုင်သည်။

ကလေးအခန်းတွင်းရှိ အိပ်ရာ၊ အခင်း၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ လေအေးပေးစက်၊ ကစားစရာများ၊ အမွှေးပွရုပ်များ စသည့် အသုံအဆောင်များတွင် ကပ်နေသည့် ဖုန်မှုန့်များ၊ မှိုများသည် အသက်ရှူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီး ဓာတ်မတည့်ခြင်းဖြစ်၍ နှာခေါင်းပိတ်တတ်ပါသည်။ ထို့ကြောင့် ကလေးအခန်းတွင်းကို ဖုန်နှင့်အမှုန်အမွှားများ ကင်းစင်အောင် သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးခြင်း၊ လေအေးပေးစက်ကို ပုံမှန်ဆေးပေးခြင်း၊ လေထုကို ခြောက်သွေ့ခြင်းမရှိဘဲ သန့်စင်စေရန် အစိုဓာတ်ထိန်းလေသန့်စင်စက် Humidifier အသုံးပြုပေးခြင်းတို့ ပြုလုပ်ပေးသင့်သည်။

အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်၊ ငှက် အမွေးအမျှင်များ၊ ၎င်းတို့နှင့် ကပ်ပါလာသော ဖုန်နှင့်သဲများ၊ ပိုးမွှားများသည်လည်း ဓာတ်မတည့်မှုကြောင့် တာရှည်နှာပိတ်ခြင်းကို ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များကို ကလေးနှင့်အိပ်ရာပေါ်တွင် အတူသိပ်ခြင်း၊ အတူဆော့ကစားစေခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ကလေး၏ အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့၊ မီးခိုးငွေ့များ၊ ခြင်ဆေးငွေ့များ မရှိအောင် အထူးဂရုစိုက်သင့်သည်။

ကလေးများ နှာစေးနှာပိတ်လျှင် ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပေးရန် လိုအပ်ပါသည်။ နို့ဝင်အောင်တိုက်ခြင်း၊ ဖြည့်စွက်စာစားသည့်အရွယ်ကလေးဖြစ်လျှင် စွပ်ပြုတ်၊ ကလေးဓာတ်ဆားများတိုက်ခြင်းတို့ ပြုလုပ်ပေးရမည်။ကလေးနှာခေါင်းပိတ် သက်သာစေရန် ဆားရည်သုံးသန့်စင်ပေးခြင်း Saline Nasal Wash၊ Nasal Bulb နှာခေါင်းဆေးကိရိယာဖြင့် နှာခေါင်းဆေးပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ရေနွေးငွေ့ရှူပေးခြင်း၊ ရေနွေးဖြင့်ရေချိုးပေးခြင်းဖြင့် နှာပိတ်ခြင်းကို သက်သာစေနိုင်သည်။

ကလေးများတွင် နှစ်ပတ်ထက်ပိုကြာပြီး နှာစေးနှာပိတ် တာရှည်ဖြစ်လျှင် အကြောင်းရင်းရောဂါအခံများကို သိရှိနိုင်ရန် ကလေးအထူးကု၊ နားနှာခေါင်းလည်ချောင်း အထူးကုတို့နှင့် တိုင်ပင်ဆွေးနွေးကုသမှု ခံယူသင့်ပါသည်။ ဓာတ်မတည့်ခြင်းကို ကုသရန် Antihistamine ဟစ်စတမင်းဆန့်ကျင်ပစ္စည်းပါဝင်သော Diphenhydramine ဆေးများ Loratadine Cetirizine၊ Fexofenadine သောက်ဆေးနှင့် နှာခေါင်းတွင်းဖြန်းဆေးများ၊ စတီးရွိုက်ပါဝင်သောနှာခေါင်းတွင်း ဖြန်းဆေးများ၊ ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားမှုဖြင့် အသုံးပြုကုသနိုင်ပါသည်။

Dr. Yee Mon

Previous Post

သွေးလှူမယ်ဆိုလျှင် ဘာတွေသိထားသင့်လဲ

Next Post

ရာသီအကူးအပြောင်းမှာ ကိုယ်ခံစွမ်းအားမကျရအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
397
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
263

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
320

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
837

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
688

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီအကူးအပြောင်းမှာ ကိုယ်ခံစွမ်းအားမကျရအောင်

မုန်တိုင်းအန္တရာယ်ကြုံရပြီဆိုလျှင် ...

အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဇင့်ဓာတ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.