အိုမီဂါ Omega 3 Fatty Acids ဟာ သွေးထဲရှိ မကောင်းတဲ့ အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောဖြစ်ပေါ်ခြင်းကို ဟန့်တားပေးတဲ့ အဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရှိ ဦးနှောက်၊ နှလုံးနဲ့ စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဓါတ်တစ်ခုဖြစ်ပါတယ်။ Omega 3 fatty acids မှာ ALA, EPA နဲ့ DHA ဆိုပြီး သုံးမျိုးရှိပြီး ဦးနှောက်ဖွံ့ဖြိုးရေးအတွက် EPA နဲ့ DHA က အဓိက အရေးပါပါတယ်။ EPA နဲ့ DHA ဟာ ဦးနှောက်ဆဲလ်တွေအတွင်းမှာ များပြားစွာရှိတတ်ပြီး ကလေးကိုယ်ဝန်ဆောင်ထား ချိန်ကစလို့ ဘဝတစ်လျှောက်လုံးမှာ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေအတွက် အထောက်အကူပေးပါတယ်။
ကလေးတွေမှာomega 3 fatty acids ချို့တဲ့ရင်
– Attention Deficit Hyperactive Disorder (ADHD) လို့ခေါ်တဲ့ အာရုံမစူးစိုက်နိုင်ဘဲ ဂနာမငြိမ်ဖြစ်တဲ့ရောဂါ
– အော်တစ်ဇင် (autism) ရောဂါ
– Dyslexia လို့ခေါ်တဲ့ စာသင်စာဖတ်မရတဲ့ရောဂါနဲ့
– စိတ်ကျရောဂါတွေ ဖြစ်နိုင်ပါတယ်။
Collagen
ခန္ဓာကိုယ်က omega 3 fatty acids တွေ လုံလောက်အောင် ထုတ်လုပ်မပေးနိုင်တဲ့အတွက် နေ့စဉ်စားသောက်တဲ့ အစားအစာတွေကနေ omega 3 fatty acids ကို ရယူရပါတယ်။ အခွံမာသီး၊ ပဲပိစပ်ပဲ၊ ပဲပိစပ်ဆီ၊ ကန်နိုလာဆီ၊ နှမ်းကြတ်စေ့ flaxseeds၊ ချီယာစေ့ chiaseeds စတာတွေမှာ ALA ကြွယ်ဝပြီး ဆာဒင်းငါး၊ ငါးသလောက်နဲ့ ဆယ်လ်မွန်ငါးကဲ့သို့ ပင်လယ်ငါးတွေမှာမှာ EPA နဲ့ DHA ကြွယ်ဝပါတယ်။
အစားအစာတွေမှာ omega 3 fatty acids အမြဲပါဝင်အောင် ဂရုမစိုက်နိုင်ရင်လည်း စိတ်ပူစရာ မလိုပါဘူး။ ပြင်ပကနေဖြည့်စွက် သောက်သုံးလို့ရတဲ့ အားဖြည့်အာဟာရဆေးတွေ ရှိပါတယ်။ Omega 3 fatty acids ကြွယ်ဝစွာပါဝင်တဲ့ Mega 3 chewable ကို ပင်လယ်သမုဒ္ဒရာအတွင်းမှာ သဘာ၀အတိုင်း ရှင်သန်ပေါက်ဖွားတဲ့ ဆယ်လ်မွန်ငါးမှ ထုတ်လုပ်ထားပြီး ဓာတုဆေးဝါး အဆိပ်အတောက်တွေ ကင်းစင်ပါတယ်။
👉ဦးနှောက်ဖွံ့ဖြိုးစေတာ
👉မှတ်ဉာဏ်ကောင်းစေတာ
👉တီထွင်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း ရှိပြီး ဉာဏ်ရည်မြင့်မားတာ
👉အာရုံစူးစိုက်မှုကောင်းပြီး ဖြတ်ထိုးဉာဏ်ရှိတာ
👉ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး စိတ်ပျော်ရွှင်တာတွေက Mega 3 chewable ကြောင့် ကလေးတွေမှာ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါပဲ။
Collagen
အသက်အရွယ် ကြီးရင့်လာတာနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ ဦးနှောက်ကျုံ့ခြင်း မဖြစ်အောင် တားဆီးပေးလို့ အသက်ကြီးလာတဲ့အခါ Alzheimer’s ရောဂါနဲ့ သူငယ်ပြန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Mega 3 chewable ဟာ ကလေးတွေ စားချင်စရာ လိမ္မော်အရသာလေးနဲ့ ပြုလုပ်ထားတဲ့ ငါးပုံသဏ္ဍာန် capsule ဆေးတောင့်လေးတွေ ဖြစ်ပြီး တစ်နေ့ကို တစ်လုံး ၂ ကြိမ်ကနေ သုံးကြိမ်အထိ ကျွေးနိုင်ပါတယ်။ သွားပေါက်ပြီး ကောင်းကောင်းဝါးစားနိုင်တဲ့ အရွယ်လေးတွေဆို အလွယ်တကူတိုက်လို့ရနိုင်ပြီး ဆေးကြောက်တတ်တဲ့ ကလေးတွေ၊ ဝါးမစားတတ်တဲ့ အရွယ်လေးတွေဆို အလုံးလေးကိုဖောက်ပြီး အထဲကအရည်လေးကို အလွယ်တူတိုက်ကျွေးနိုင်မှာဖြစ်ပါတယ်။
ဝါးစားနိုင်တဲ့ ဆေးလုံးလေးအဖြစ်ထုတ်လုပ်ထားတဲ့ Mega 3 Chewable လို အားဖြည့်အာဟာရဆေး တိုက်ကျွေးခြင်းဖြင့် ဖေဖေ၊မေမေတို့ရဲ့ ကလေးတွေကို မှတ်ဉာဏ် super brain လေးတွေ ဖြစ်စေဖို့ omega 3 ပါဝင်တဲ့ အားဆေးတွေ ပုံမှန်တိုက်ကျွေးဖို့ အသိပေးမျှဝေအပ်ပါတယ်။
Author: Yee Mon