fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

368
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/04/2023
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အမျိုးသမီးတဦးအနေနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ရောဂါများ၊ ပြဿနာများ များစွာရှိသည့်အနက် အသားအရေယားယံခြင်းသည် အလွန်ပင် နေရခက်သော ပြဿနာပင်ဖြစ်သည်။

ယားယံခြင်းကိုဖြစ်ပွားစေသည့်အကြောင်းများ
ကိုယ်ဝန်ဆောင်စဉ်တွင် သွေးကြောများအတွင်း သွေးပမာဏများလာသလို ခန္ဓာကိုယ်အရေပြားသို့ သွေးပို့လွှတ်ခြင်း ပိုမိုများလာသည့်အတွက် အင်ပြင်ထွက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်ပွားစေနိုင်သည်။ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ဝမ်းဗိုက်ရှိ အရေပြားပေါ်တွင်လည်း အရေးအကြောင်းများ ပေါ်လာတတ်ပြီး ၎င်းအရေးအကြောင်းများကြောင့်လည်း ယားယံခြင်းကို ဖြစ်ပွားစေနိုင်သည်။

ကိုယ်ဝန်ဆောင်စဉ်အသားအရေ ယားယံခြင်းသည် သာမန်အားဖြင့် အဖြစ်များသော လက္ခဏာတခုဖြစ်ပြီး စိုးရိမ်ရန် မလိုသော်လည်း မနေထိုင်မထိုင်နိုင်အောင်ယားယံခြင်းများသည် အောက်ဖော်ပြပါ ရောဂါများကြောင့် ယားယံရခြင်းဖြစ်နိုင်ကာ နားလည်တတ်ကျွမ်းသော ဆရာဝန်ဖြင့် စနစ်တကျ ကုသမှု ခံယူရမည်။

ယားယံခြင်းကို ဖြစ်စေနိုင်သောရောဂါများ

– သည်းခြေပြွန်ပိတ်ခြင်း
– သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း
– ဆီးချိုရောဂါ
– နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ
– အရေပြားရောဂါများ

ကိုယ်ဝန်ဆောင်ချိန် သည်းခြေပြွန်ပိတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် များလာသော ဟော်မုန်းများ၏ နောက်ဆက်တွဲအဖြစ် သည်းခြေရည်များ အစာခြေလမ်းကြောင်းသို့ မရောက်နိုင်တော့ပဲ သည်းခြေပြွန်ပိတ်ခြင်း ဖြစ်ပွားရခြင်းဖြစ်သည်။ သည်းခြေပြွန်ပိတ်ခြင်းကြောင့်ဖြစ်သော ယားယံခြင်းများသည် ကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်အများဆုံးနှင့် ကိုယ်ဝန် ၆ လခန့်တွင် စတင်၍ ခံစားရနိုင်ပြီး ကလေးမွေးဖွားပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်း သွားနိုင်သည်။ နောက်ဆက်တွဲ ပြဿနာများအနေနှင့် နှာခေါင်းသွေးယိုတတ်ခြင်းကဲ့သို့သော သွေးခဲခြင်းဆိုင်ရာရောဂါလက္ခဏာများကို ခံစားရနိုင်ရုံသာမက ကလေးတွင်လည်း ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ စော၍မွေးနိုင်ခြင်း၊ သားအိမ်အတွင်း ကလေးသေဆုံးခြင်း၊ ကလေးအသေမွေးခြင်း စသည့် ပြဿနာများ ခံစားရနိုင်သည်။

သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း
အများအားဖြင့် ကိုယ်ဝန်မဆောင်စဉ်ကပင် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သဖြင့် ယားယံခြင်းနှင့်အတူ ဟော်မုန်းချို့တဲ့သော လက္ခဏာများ ဖြစ်သည့် မောပန်းလွယ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ အာရုံစိုက် မရခြင်း၊ ခြေသည်း/လက်သည်းများ ပဲ့လွယ်ခြင်း၊ ကိုယ်အပူချိန်ကျခြင်း၊ စိတ်ဂနာမငြိမ် ဖြစ်ခြင်း စသည်တို့ကိုပါ ခံစားရနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့် မွေးဖွားလာသော ကလေးငယ်တွင်လည်း သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော လက္ခဏာများ ခံစားရခြင်း၊ ဉာဏ်ရည်မမီခြင်း၊ မွေးရာပါကိုယ်လက်အင်္ဂါချို့တဲ့ခြင်း စသည့်တို့ဖြစ်ပွားနိုင်သည်။

ဆီးချိုရောဂါ
သွေးတွင်းသကြားဓာတ်များသဖြင့် ဖြစ်သောယားယံခြင်းကို ခန္ဓာကိုယ်အောက်ပိုင်း အစိတ်အပိုင်းများတွင် အများဆုံး ခံစားရနိုင်ပြီး တခါတရံ ယားယံသောနေရာများတွင် အညိုကွက်များ အကွက်လိုက်ဖြစ်နေတတ်သည်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဖြစ်သော ဆီးချိုရောဂါနှင့် ကိုယ်ဝန်ရှိချိန်မှ ဖြစ်သော ဆီးချိုရောဂါဟူ၍ ထပ်မံခွဲခြား နိုင်သည်။ ရေမွှာများခြင်း၊ ကလေးထွားလွန်းနေခြင်းနှင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကိုပါတွဲလျက် ခံစားရနိုင်သဖြင့် ရောဂါရှိသည်ဟု သိသည့်အချိန်မှစ၍ ကလေးမွေးဖွားပြီးချိန်အထိ သမားတော်နှင့်တိုင်ပင်ပြသ ကုသမှုခံယူရမည် ဖြစ်သည်။

နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ
သွေးလည်ပတ်မှုမကောင်းသော နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကြောင့် ယားယံခြင်း ဖြစ်ပွားစေတတ်သည်။ အထူးသဖြင့် ခြေဖျား၊ လက်ဖျားများတွင် ယားယံမှု အများဆုံး ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားစေသော အကြောင်းအရာ (ရောဂါအခံ) ကိုလိုက်၍ ကုသမှု ခံယူရမည်။ အချင်းနှင့် သန္ဓေသားသို့ပို့လွှတ်သော သွေးလည်ပတ်မှုပါ မကောင်းနိုင်သော အခြေအနေများ ရှိနိုင်သဖြင့် ကလေးဖွံ့ဖြိုးမှုနှေးခြင်း၊ ကလေးသေးလွန်းခြင်း၊ သားအိမ် အတွင်းကလေးသေခြင်း၊ ကလေးအသေမွေးခြင်း စသည်နောက်ဆက်တွဲများကိုပါ ခံစားရနိုင်သည်။

အရေပြားရောဂါများ
ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူစသည့် အရေပြားရောဂါများနှင့် မှိုရောဂါများကြောင့် ယားယံခြင်းဖြစ်ပွားရသည်။ အချို့သော အရေပြားရောဂါအတွက် သောက်ဆေးများသည် သန္ဓေသားအပေါ်တွင် ထိခိုက်မှုများရှိနိုင်သည့်အတွက် မိမိသဘောဖြင့်မိမိ ဆေးဝယ်သောက်ခြင်းမျိုးမပြုလုပ်သင့်ပဲ ဆရာဝန်နှင့် တိုင်ပင်ပြသပြီး လက်ရှိကိုယ်ဝန်နှင့် သင့်တော်သော ဆေးမျိုးကိုသာ သောက်သုံးသင့်သည်။

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ယားယံခြင်းများမှ သက်သာစေရန် သာမန်ယားယံခြင်းများအတွက် အလွန်အမင်း နေရခတ်သည်အထိ မဟုတ်သော ယားယံခြင်းများအတွက် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။

– ရေများများ သောက်ပေးပါ။
– ရေချိုးလျှင် ရေအေးဖြင့်သာ ချိုးပါ(ရေနွေးဖြင့် ရေချိုးခြင်းကိုရှောင်ပါ) – ယားယံသောနေရာကို ရေခဲဝတ်/ ရေခဲဘူးဖြင့် ကပ်ပေးနိုင်သည်။
– လေဝင်လေထွက်ကောင်းသော အခန်းများအတွင်း နေထိုင်ပါ။
– ချည်သားဖြင့် ပြုလုပ်ထားသော ပွ၍ သက်တောင့်သက်သာရှိသော အဝတ်အစား များကို ဝတ်ဆင်ပါ။ – ယားယံသောနေရာအား သနပ်ခါး (သို့) အနံ့မပြင်းသော Lotion / Moisturizer လူးပေးပါ။ – ရှားစောင်းလတ်ပတ်အနှစ်ဖြစ် ယားယံသော နေရာများကို ပွတ်လူးပေးနိုင်သည်။
– Calamine, Caladryl စသည့် ယားယံခြင်းကို သက်သာစေသည့် ဆေးများ လူးပေးနိုင်သည်။
– ရာသီဥတု ပူပြင်းချိန်များတွင် အပြင်ထွက်ခြင်းရှောင်ကျဉ်ပါ။
– အေးမြသောအခန်းအတွင်း နေနိုင်သော်လည်း အဲကွန်းခန်းကို အချိန်ကြာမြင့်စွာ ဖွင့်ထားခြင်း ရှောင်ကျဉ်ပါ။
– ချွေး/ရေစိုနေသော အဝတ်အစားများဖြင့် အချိန်ကြာမြင့်စွာမနေရ။
– အဝတ်အစားများ၊ အတွင်းခံများကို သေချာလျော်ဖွတ်ကာ ခြောက်အောင် လှန်းပြီးမှ ဝတ်ဆင်ပါ။

အထက်ပါနည်းလမ်းများဖြင့် မသက်သာလျှင် (သို့) ပြင်းထန်စွာခံစားရလျှင်
အကယ်၍ အထက်ပါနည်းလမ်းများဖြင့် မသက်သာလျှင် နီးစပ်ရာဆရာဝန်နှင့် ပြသသသင့်ပြီး ယားယံခြင်းကို သက်သာစေနိုင်သော လူးဆေး၊ သောက်ဆေးများ သောက်သုံးနိုင်သည်။ ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သော်လည်း မသက်သာသူ၊ ယားယံခြင်းကို ပြင်းထန်စွာ ခံစားရသူများအနေနှင့် အထက်ဖော်ပြပါ ရောဂါများကြောင့် ယားယံရခြင်း ဖြစ်နိုင်ပြီး နောက်ဆက်တွဲပြဿနာများကိုပါ ပြင်းထန်စွာ ခံစားရနိုင်သဖြင့် အမြန်ဆုံး ဆရာဝန်နှင့် တိုင်ပင်ပြသပြီး ဖြစ်ပွားသောရောဂါအလိုက် ကုသမှုခံယူမှသာယားယံခြင်းသက်သာပျောက်ကင်းကာ နောက်ဆက်တွဲပြဿနာများကိုပါ ကာကွယ်နိုင်မည် ဖြစ်သည်။

Author: တင့်တယ်

Previous Post

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

Next Post

စိတ်ဖိစီးမှုနှင့်အိပ်မပျော်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

1 month ago
127

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

7 months ago
558
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

11 months ago
500
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

1 year ago
394
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

1 year ago
911
What does it take to be an ideal mother?

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

1 year ago
304

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဖိစီးမှုနှင့်အိပ်မပျော်ခြင်း

အပူလျှပ်ခြင်း ဘာ​ကြောင့်ဖြစ်ရသလဲ?

အသည်းအင်ဇိုင်းတက်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.