အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မျက်နှာမှာ ဝက်ခြံတွေ၊ ကုတ်ဖဲ့လို့ရလာတဲ့ အမာရွတ်တွေနဲ့ အမဲစက်တွေ ဗရပွရှိနေခြင်းဟာ အရေပြားကျန်းမာရေးမကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလို ဝက်ခြံ၊ အမာရွတ်နဲ့ အမဲစက်တွေရှိတာဟာ အလှအပကိုဖျက်ဆီးပြီး ရုပ်ရည်သွင်ပြင်နဲ့ ပါတ်သက်ကာ စိတ်ပိုင်းဆိုင်ရာ မလုံမခြုံခံစားရစေနိုင်ပါတယ်။ တဆက်ထဲမှာပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။
ဒီလိုမျိုးတွေကြောင့် နေ့စဉ်လူမှုဘဝထိခိုက်ပြီး စိတ်ဓာတ်မကျရလေအောင် အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။ ဘယ်လိုနည်းလမ်းပဲ သုံးသုံး မှော်ကြိမ်တံနဲ့ တို့လိုက်သလို ညတွင်းချင်း ဟပ်ချလောင်း ဆိုပြီး ပျောက်ကင်းသွားတာမျိုးတော့ မရှိနိုင်ပါဘူး။ ထိုက်သင့်တဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကို စိတ်ရှည်စွာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
ဝက်ခြံကနေ အမာရွတ်တွေ၊ အမဲစက်တွေ မဖြစ်အောင် အရိုးရှင်းဆုံး နည်းလမ်းကတော့ အရေပြားအသားအရေ ထိန်းသိမ်းမှု skin care နေ့စဉ်ပုံမှန်လုပ်ပြီး မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကိုကိုင်တာ၊ ဝက်ခြံကို ကုတ်ဖဲ့တာတာ၊ ဆိတ်တာ စတာတွေ မပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။
ပုံမှန်ထိန်းသိမ်းမှု ပြုလုပ်ပေမယ့် ဝက်ခြံအမာရွတ်၊ အမဲစက်တွေဟာ ပျောက်ကင်းဖို့ ခက်ခဲတတ်ပြီး၊ အချိန်တိုအတွင်း ပျောက်ကင်းလေ့ မရှိတတ်ပါ။ ကျွမ်းကျင်တဲ့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ ကုသမှု ခံယူရကောင်း ခံယူရနိုင်ပါတယ်။
မျက်နှာမှာ ဘယ်လိုကုသမှုတွေ ခံယူရနိုင်လဲ?
- Steroid ထိုးသွင်းကုသခြင်း၊
- အမာရွတ်ကြောင့် ချိုင့်နေတဲ့နေရာတွေ အစားထိုးပေးမဲ့ Dermal Fillers အသုံးပြုကုသခြင်း၊
- အမာရွတ်၊အမဲစက်တွေ ယာယီဖုံးအုပ်ပေးမဲ့ make up လို အသုံးပြုနိုင်၊ ဖျက်နိုင်တဲ့ Scar Filler အသုံးပြုကုသခြင်း၊
- 30% နဲ့ အထက် တိုးတက်ကောင်းမွန်လာစေတဲ့ Laser Treatment သုံးပြီး ကုသပေးခြင်း
- အထဲထိနက်တဲ့ အမာရွတ်တွေကို အလွန်သေးငယ်တဲ့ အသားစယူတဲ့ ကိရိယာသုံးပြီး လှီးထုတ်ပေးခြင်းနဲ့ ကုသခြင်း၊
- အမာရွတ်အမျိုးမျိုး ရှိတဲ့အတွက် အပေါ်က နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြု ကုသပေးခြင်း တို့ပဲ ဖြစ်ပါတယ်။
အမဲစက်တွေ ပျောက်ကင်းအောင် ဘာတွေလုပ်လို့ရသေးလဲ?
ပထမဆုံးနဲ့ အရေးအကြီးဆုံး အနေနဲ့ မသုံးမဖြစ် သုံးရမှာက sunscreen ပါ။ နောက်ထပ်သုံးလို့ရတာတွေကတော့ Retinoid cream လိမ်းတာ၊ glycolic and salicylic acid ပါတဲ့ chemical peeling effect ရစေမယ့် Exfoliant သုံးတာ၊ salicylic acid ပါဝင်ပြီး deep cleansing effect ရတဲ့ မျက်နှာသန့်စင်ဆေးသုံးတာ၊ ချွေးပေါက်ကျဉ်းဆေးသုံးတာ၊ Vitamin C ပါဝင်တဲ့ Lightening serum သုံးတာ၊ တခြားသော body lotion, face mask, tranexamic acid ပါဝင်တဲ့ မျက်နှာပေါင်းတင် sheet mask၊ Detox scrub၊ အမဲစက်အတွက် သီးသန့်ထုတ်ထားတဲ့ patch သုံးတာတွေပဲ ဖြစ်ပါတယ်။
ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေအတွက် ကော်လာဂျင်ဓါတ်( Collagen ) ကလည်း အရေးပါ ပါသေးတယ်။ collagen မှာပါတဲ့ အမိုင်နိုအက်ဆစ်ဟာ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို မှိန်ဖျော့လာစေပြီးတော့ တစ်ရှူးအသစ်တွေကို ဖြစ်ပေါ်လာစေတဲ့အတွက် ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ်။
ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေအတွက် သောက်ဆေးမရှိဘူးလား သိချင်နေကြပြီလား?
ဒီလိုမျိုး အဓိကကျတဲ့ collagen ထုတ်လုပ်တာကို အားပေးတဲ့ Vitamin C၊ အရေပြားတွေ နုပျိုလင်းလက်နေအောင် အားဖြည့်ပေးတဲ့ Yeast Extract (Glutathione)၊ Grape seed extract နဲ့ Alpha Lipoic Acid စတဲ့ antioxidants တွေပါဝင်တဲ့ ဖြည့်စွက်ဆေးတွေကိုလည်း မှီဝဲအသုံးပြုနိုင်ကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။
Author: Dr.Yee Mon