fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

130
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/08/2023
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

အသက်လေးဆယ်ကျော်လာရင် အရိုးသိပ်သည်းဆလျော့လာတာ ဘာကြောင့်လဲ?

အသက်ကြီးလာလို့ ဇရာကစကားပြောလာတဲ့အခါ ခန္ဓာကိုယ်မှာ ရောဂါဝေဒနာတွေလည်း ဖြစ်လာရပါတယ်။ လေးဆယ်ကျော်မှ ဘဝကစတာ မသေချာပေမယ့် တချို့ရောဂါတွေက လေးဆယ်ကျော်မှ ဖြစ်နိုင်ခြေ ပိုများလာတတ်တာကတော့ အသေအချာပါပဲ။ အဲဒီထဲမှာ အရိုးသိပ်သည်းဆ လျော့နည်းလာပြီး အရိုးပါး၊ အရိုးပွရောဂါ ဖြစ်လာတတ်တာကလည်း တစ်ခုအပါအဝင်ပါ။ အထူးသဖြင့် လေးဆယ်ကျော် အမျိုးသမီးတွေဟာ အရိုးပါး၊ အရိုးပွရောဂါကို ပိုမိုခံစားရလေ့ရှိပါတယ်။

အသက် ၅၀ အထက် အမျိုးသမီး ၃ ယောက်မှာ တစ်ယောက်နဲ့ အမျိုးသား ၅ ယောက်မှာ တစ်ယောက်ခန့်ဟာ အရိုးပါး၊ အရိုးပွရောဂါကို ခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရှိရပါတယ်။

အသက်လေးဆယ်ကျော်လာရင် ဘာကြောင့် အရိုးသိပ်သည်းဆ လျော့လာတာလဲ?

အမျိုးသမီးတွေ သွေးဆုံးချိန်ကာလမှာ အရိုးသိပ်သည်းဆ ၂၀% ခန့် လျော့နည်းလာနိုင်ပါတယ်။ အရိုးသိပ်သည်းဆ လျော့နည်းလာပြီး အရိုးပါး အရိုးပွလာလို့ သွေးဆုံးပြီးတဲ့ အမျိုးသမီး ၂ယောက်မှာ တစ်ယောက်နှုန်းဟာ အရိုးကျိုးနိုင်ပါတယ်။

သွေးဆုံးချိန်မှာ မ ဟော်မုန်း estrogen ပမာဏဟာ တဖြည်းဖြည်း လျော့နည်းလာပါတယ်။ estrogen က အရိုးတွေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်တဲ့ ဟော်မုန်းဖြစ်လို့ estrogen လျော့နည်းလာတာနဲ့အမျှ အရိုးသိပ်သည်းဆလည်း တဖြည်းဖြည်း လျော့နည်းလာပါလိမ့်မယ်။

သားဥအိမ်ကနေ estrogen တွေ မထုတ်လုပ်နိုင်တော့တဲ့အခါ ဓမ္မတာလာတာလည်း ရပ်သွားပြီး စိတ်အပြောင်းအလဲမြန်တာ၊ ညဘက်ချွေးထွက်တာ၊ ခန္ဓာကိုယ်က ပူစပ်ပူလောင်ဖြစ်နေတာ၊ မိန်းမကိုယ် ခြောက်သွေ့တာ စတဲ့ သွေးဆုံးကိုင်လက္ခဏာတွေနဲ့အတူ အရိုးပါး၊ အရိုးပွ လက္ခဏာတွေလည်း ဖြစ်လာတတ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အမျိုးသားရော အမျိုးသမီးတွေမှာပါ အရိုးဆုံးရှုံးမှု ပိုများလာတတ်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ လုံလောက်စွာ မရရှိခဲ့တဲ့အပြင် အသက်ကြီးလို့ အစားအသောက် လျော့နည်းလာပြီး ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ပိုမိုချို့တဲ့လာတာကလည်း အရိုးသိပ်သည်းဆ လျောနည်းလာစေတဲ့ အကြောင်းတစ်ခုပါပဲ။

ရောဂါလက္ခဏာတွေ အနေနဲ့…

• မကြာခဏ ခါးကိုက်တာ
• ခါးရိုးစောင်းလာတာ၊ ခါးကုန်းလာတာ
• အရပ်နိမ့်သွားတာတွေ ဖြစ်နိုင်ပါတယ်။
• မိသားစုထဲမှာ အရိုးပါး၊ အရိုးပွရောဂါ ရာဇဝင် ရှိဖူးသူတွေ
• အစာမစားချင်တဲ့ရောဂါ ခံစားရဖူးသူတွေ
• ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ လုံလောက်စွာ မစားသုံးသူတွေ
• ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါနဲ့ connective tissue disorders ရှိသူတွေ
• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် မလုပ်သူတွေ
• ဆေးလိပ်စွဲသောက်သူတွေ
• စတီးရွိုက်ဆေး၊ ခီမိုကင်ဆာဆေးနဲ့ သွေးကျဲဆေး heparin ကို ကြာရှည်စွဲသောက်ရသူတွေမှာ အရိုးပါး၊ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အသက်ကြီးလာတာနဲ့ သွေးဆုံးတာကို ရှောင်လွဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် အရိုးသိပ်သည်းဆ နည်းလာပြီး အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင်တော့ ရှောင်လွှဲကာကွယ်လို့ ရနိုင်ပါတယ်။

• ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေ နေ့စဉ်ပါဝင်အောင် စားတာ၊ မစားနိုင်ရင် သင့်တော်တဲ့ ဖြည့်စွက်စာအနေနဲ့ သောက်သုံးတာ
• နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်တာ
• ဆေးလိပ်ဖြတ်တာ
• အရက်လျှော့သောက်တာတွေက အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေပါ။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။ အရိုးကျိုးမှ နာကျင်ခြင်းဝေဒနာ ခံစားရတဲ့အပြင် ကျောက်ပတ်တီးစီးရ၊ ခွဲစိတ်ကုသရနဲ့ ဒုက္ခတွေ ခံမယ့်အစား ငယ်ရွယ်စဉ်ကတည်းက ဂရုတစိုက်ကာကွယ်ထားရင် အသက်ကြီးတဲ့ထိ ကြံ့ခိုင်သန်မာတဲ့ အရိုးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

Author: Dr.Yee Mon

Previous Post

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

Next Post

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.4k
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
388
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
179
Age and bone health

1 year ago
101
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
263
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
297

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

အသည်းလေးရဲ့ ကျန်းမာရေး

Type II Collagen ဆိုတာဘာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.